Home သတင်း JICA ဖွံ့ဖြိုး‌ရေးအစီအစဉ်အ‌ပေါ် MPC နှင့် KPSN အလွတ်သ‌ဘော‌တွေ့ဆုံ

JICA ဖွံ့ဖြိုး‌ရေးအစီအစဉ်အ‌ပေါ် MPC နှင့် KPSN အလွတ်သ‌ဘော‌တွေ့ဆုံ

1333

စက်တင်ဘာ ၁၂ရက်၊ ၂၀၁၄ ခုနှစ်၊ နန်း‌ချောင်‌ဖော့

မြန်မာနိုင်ငံ၏ အ‌ရှေ့‌တောင်ပိုင်း‌ဒေသအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး ‌အေ ဂျင်စီ(JICA)၏ ဖွံ့ဖြိုး‌ရေးအစီအစဉ်အ‌ပေါ် အမြင်ဖလှယ်ကြရန် ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန် ရက်(KPSN)နှင့် မြန်မာငြိမ်းချမ်းစင်တာ(MPC)တို့သည် စက်တင်ဘာ ၁၁ရက်‌နေ့က အလွတ်သ‌ဘော ‌တွေ့ဆုံခဲ့ကြသည်။

ရန်ကုန်မြို့ MPC ၌ ၎င်း‌တွေ့ဆုံပွဲတွင် KPSN ပြည်တွင်းတာဝန်ခံ ‌စောမက်သယူး‌အေးနှင့် နယ်စပ်တာဝန်ခံ ‌စော‌ပေါလ်စိန်ထွားတို့ ဦး‌ဆောင်သည့် ‌နော်ဇူဇန်းနာလှလှစိုး၊ ‌စောသာမူး၊ ‌စောသာဘိုးတို့အဖွဲ့နှင့် MPC အမှု ‌ဆောင်အရာရှိ ဦး‌ကျော်စိုးလှိုင် ဦး‌ဆောင်သည့် ဦးတင်‌အောင်မိုး၊ ‌ဒေါက်တာ ဦး‌ကျော်ဆန်းဦး၊ ဦး‌ကျော်သူရ အဖွဲ့တို့က လက်ရှိ JICA ဖွံ့ဖြိုး‌ရေးအစီအစဉ်နှင့် ပတ်သက်ပြီး နှစ်ဖက် ကွင်းဆင်း‌လေ့လာထားသည့် အချက် အလက်များကို ဖလှယ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

KPSN တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌နော်စူစဲန်နာလှလှစိုးက “အဓိက‌တော့ ကရင်ပြည်နယ်မှာ ဖြစ်‌နေတဲ့ အ‌ကြောင်းအရာ‌တွေကို နှစ်ဖက်ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်မလဲ။ ကျမတို့ ကွန်ရက်ထဲက KESAN တို့လို အဖွဲ့က‌နေပြီး‌တော့ ကွင်းဆင်းထားတယ်။ သူတို့(MPC)ဘက်ကလည်း ကွင်းဆင်းတဲ့ အဖွဲ့လည်း ရှိတယ်။ အဲဒါ သတင်းအချက်အလက်‌တွေ မျှ‌ဝေကြတယ်။ အဲဒါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအလွတ်သ‌ဘော ‌တွေ့ဆုံပွဲတွင် JICA ၏ ဖွံ့ဖြိုး‌ရေး အစီအစဉ်အ‌ပေါ် စက်တင်ဘာ ၁ဝ ရက်‌နေ့က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး၌ KPSN ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ရှင်းလင်းခဲ့ သည့် အချက်အလက်များနှင့် MPC ဘက်မှလည်း ၎င်းတို့ ‌ကောက်ယူရရှိထားသည့် အချက်အလက်များကို အပြန်အလှန် ရှင်းပြခဲ့ကြသည်ဟုလည်း ‌နော်စူစဲန်နာလှလှစိုးက ဆက်‌ပြောသည်။

မြန်မာငြိမ်းချမ်း‌ရေးစင်တာမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးတင်‌အောင်မိုးက “ကျ‌နော်တို့ KPSN နဲ့ ‌တွေ့ဆုံတာက မြန်မာငြိမ်းချမ်း‌ရေးစင်တာကလည်း တိုင်းရင်းသား‌တွေကို ‌ဒေသဖွံ့ဖြိုး‌ရေး‌တွေ လုပ်‌ပေးဖို့ ရှိတဲ့အခါကျ‌တော့ ‌အောက်‌ခြေမှာ တာဝန်ယူ‌နေတဲ့ အဖွဲ့‌တွေနဲ့ ဟန်ချက်ညီလုပ်‌ဆောင်နိုင်‌အောင်လို့ ‌တွေ့ဆုံတဲ့သ‌ဘောပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အ‌ရှေ့‌တောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းတို့ရှိ ‌ဒေသခံ ပြည်သူများအတွက် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်အတူ MPC မှ စီစဉ်‌ဆောင်ရွက်မည့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ၏ အ‌ခြေအ‌နေများကို အပြန်အလှန် ထိ‌တွေ့မှုသ‌ဘောဖြင့် KPSN ကို ‌တွေ့ဆုံခြင်းဖြစ်‌ကြောင်းလည်း ဦးတင်‌အောင်မိုး ဆက်‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံမှုတွင် MPC က ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ဒုက္ခသည်များ ပြန်လည်‌နေရာချ ထား‌ရေး အစီအစဉ်သည် JICA မှ ဝင်‌ရောက်‌ဆောင်ရွက်ရန် ပြုလုပ်ခြင်းသာဖြစ်ပြီး မြန်မာအစိုးရအ‌နေဖြင့် ခွင့်ပြုထားခြင်း မရှိ‌ကြောင်း ‌ပြောဆိုခဲ့သည်ဟု ‌နော်စူစဲန်နာလှလှစိုးက ဖြည့်စွက်‌ပြောဆိုသည်။

ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက်(KPSN)သည် ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ သည့် မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း ၃ဝခန့် ပါဝင်‌သော ကွန်ရက်တစ်ခုဖြစ်ပြီး ယခု MPC နှင့် ‌တွေ့ဆုံသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။