Home သတင်း JICA ဖွံ့ဖြိုး‌ရေးအစီအစဉ် ပဋိပက္ခကို ပိုမိုတိုးပွားလာနိုင်ဟု ကရင်ငြိမ်း‌ထောက်ကူပြုကွန်ရက် သတိ‌ပေး

JICA ဖွံ့ဖြိုး‌ရေးအစီအစဉ် ပဋိပက္ခကို ပိုမိုတိုးပွားလာနိုင်ဟု ကရင်ငြိမ်း‌ထောက်ကူပြုကွန်ရက် သတိ‌ပေး

1700

စက်တင်ဘာ ၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

မြန်မာနိုင်ငံ၏ အ‌ရှေ့‌တောင်ပိုင်း‌ဒေသအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး‌အေဂျင်စီ (JICA) ၏ ဖွံ့ ဖြိုး‌ရေးအစီအစဉ်သည် ငြိမ်းချမ်း‌ရေးကို အ‌ထောက်အပြုမည့်အစား ပဋိပက္ခကို ပိုမိုဆိုးဝါးလာ‌စေနိုင်‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက်(KPSN)က ယ‌နေ့ ထုတ်ပြန်သတိ‌ပေးလိုက်သည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဌာ‌နေမဲ့ ပြည်တွင်းဒုက္ခသည်များ(IDPs)အတွက် ‌နေရာပြန်လည်ချထား‌ရေးကို အကူ အညီ‌ပေး‌ရေး စီမံကိန်းများကို ‌ဆောင်ရွက်‌ပေးမည်ဟုဆို‌သော်လည်း လတ်တ‌လော အ‌ခြေအ‌နေအရ လမ်းပမ်းဆက်သွယ်မှုများ တိုးချဲ့ခြင်း၊ စက်မှုဇုန်များ၊ မြို့ပြအ‌ခြေခံအ‌ဆောက်အဦးများနှင့် ရာဘာစိုက်ခင်းကဲ့သို့‌သော စက်မှုလယ်ယာလုပ်ငန်းများ ထူ‌ထောင်ခြင်းအ‌ပေါ်၌သာ အာရုံစိုက်‌နေသည်ကို ‌တွေ့ရ‌ကြောင်း KPSN ၏ ထုတ်ပြန်ချက်တွင် ‌ထောက်ပြထားသည်။

KPSN ၏ တာဝန်ခံတစ်ဦးဖြစ်သူ ‌စော‌ပေါလ်စိန်ထွားက “ဖွံ့ဖြိုး‌ရေးအစီအစဉ်နဲ့ပတ်သက်ပြီး ကရင်‌ဒေသမှာ ကြီးမားတဲ့ ထိခိုက်မှု ‌တွေ‌တော့ မရှိ‌သေးပါဘူး။ ဒါ‌ပေမယ့် JICA ဟာ အစိုးရနဲ့ ပိုပြီး နီးနီးကပ်ကပ် အလုပ်တွဲလုပ်တာကို ကြည့်ခြင်းအားဖြင့် ကျ‌နော် တို့ကွန်ရက်က စိုးရိမ်လို့ အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ JICA ဟာ အစိုးရနဲ့တွဲပြီး အရင်က ဝင်လို့မရတဲ့ ကရင်‌ဒေသ တချို့‌တွေမှာ အခုဝင်လာမယ်ဆိုရင် ကရင်လူမှုအဖွဲ့အစည်း‌တွေနဲ့ မလိုလားအပ်တဲ့ ပြဿနာ ကြီးထွားလာ‌စေနိုင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲ‌ရေးကာလသည် ယုံကြည်စိတ်ချရသည့် အ‌ခြေအ‌နေ မဟုတ်‌သေးသည့်အတွက် လတ် တ‌လော ဖွံ့ဖြိုး‌ရေးလုပ်ငန်းအရ ‌မြေယာများ အသိမ်းခံရမှုများ ရှိသည့်အပြင် ဖွံ့ဖြိုး‌ရေး‌ဒေသတစ်‌လျှောက် ‌မြေယာများမှာ ကုမ္ပဏီ နှင့် လုပ်ငန်းရှင်များ၏ လက်ထဲသို့သာ ‌ရောက်ရှိမည်ဖြစ်သည့်အတွက် ဖွံ့ဖြိုး‌ရေးလုပ်ငန်းအစီအစဉ်သည် ‌စောလွန်း‌နေ‌သေး ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် JICA သည် အဓိကကျသည့် ဖွံ့ဖြိုး‌ရေးစီမံကိန်းများ ကူညီ‌ထောက်ပံ့မည်ဟု ‌ပြောဆိုထား‌သော်လည်း ဒုက္ခသည်များ၊ ‌ဒေသခံပြည်သူများ၏ အသံများကို ဥ‌ပေက္ခာပြုကာ ဗဟိုအစိုးရနှင့် ဗဟိုအစိုးရမှ တာဝန်‌ပေးထားသည့် ပြည်နယ်အစိုးရများနှင့် အလုပ်တွဲလုပ်ခြင်းဖြင့် ဗဟိုချုပ်ကိုင်သည့် အစိုးရဖွဲ့စည်း တည်‌ဆောက်ပုံများကို တရားဝင် အားဖြည့်‌ပေး‌စေသည်ဟု KPSN ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

JICA သည် လူထုအတွက် အပြည်ပြည်ဆိုင်ရာအ‌ထောက်အပံ့နှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ကြိုဆို‌သော်လည်း ၎င်းတို့‌ရေးဆွဲထား‌သော အ‌သေးစိတ်ဖွံ့ဖြိုး‌ရေးလုပ်ငန်းသည် သက်‌သေပြု ကိုယ်စားပြုထားမှုမရှိခြင်းနှင့် ကရင်ပြည်သူလူထု ‌ကောင်းစား‌ရေးကို အ‌လေး‌ပေးထားမှု မရှိခြင်းများကို ‌တွေ့ရှိရပြီး JICA အ‌နေဖြင့် လူထုအတွက် ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ဖွံ့ဖြိုး ‌ရေးလုပ်‌ဆောင်‌ပေးပါက အတူလက်တွဲသွားရန် ဆန္ဒရှိသည်ဟု KPSN က ဆိုသည်။

KPSN သည် ကရင်နှင့် မွန်ပြည်နယ်အတွင်း ၅လကြာ ကွင်းဆင်းကာ JICA ၏ ဖွံ့ဖြိုး‌ရေးစီမံကိန်းအ‌ပေါ် အချက်အလက် ‌ကောက် ယူခဲ့ပြီး ကရင်၊ ဗမာနှင့် အဂင်္လိပ်ဘာသာများပါဝင်သည့် အစီရင်ခံစာတစ်အုပ်ကိုလည်း ယ‌နေ့ထုတ်‌ဝေကာ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ်ကွန်ရက်ရုံးတွင် မွန်းလွဲ ၁နာရီမှ ည‌နေ ၃နာရီအထိ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

စာမျက်နှာ ၂၆မျက်နှာရှိသည့် KPSN အစီရင်ခံစာတွင် နိဒါန်း၊ ကရင်ပြည်နယ် ဖွံ့ဖြိုး‌ရေး အ‌မြော်အမြင်နှင့် ဦးစား‌ပေးမှုများ၊ JICA အ‌သေးစိတ်ပုံစံ အကျဉ်းချုပ်‌ဖော်ပြချက်၊ ကရင်ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများ၊ အကြံပြုချက်များနှင့် နိဂုံးဟူ၍ အခန်း ၆ခန်း ပါရှိ သည်။

KPSN ကို ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် စတင် တည်‌ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ ကရင်လူထု အ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း ၃ဝခန့် ပါဝင်သည်။