Home ဆောင်းပါး KNU သမိုင်းကို ဖျက်ဆီးကြ‌တော့မှာလား

KNU သမိုင်းကို ဖျက်ဆီးကြ‌တော့မှာလား

3046

မန်းအိုင်ဖလုံး (မြစ်ဝကျွန်း‌ပေါ်)

၂၀၁၄ခုနှစ်၊ ဩဂုတ် ၃၁ရက်‌နေ့ UNFC က‌နေ KNU နှုတ်ထွက်‌ကြောင်းစာကို KNU ဥက္ကဌ ‌စောမူတူး‌စေးဖိုး လက်မှတ်ထိုး ပို့လိုက်တယ်လို့ ကြားသိလိုက်ရရင်ပဲ ပြည်တွင်း၊ ပြည်ပ ကရင်‌တွေအားလုံး စိတ်ထိခိုက်ကြရတယ်။

KNU ဆိုတာ ၁၉၄၇၊ ‌ဖေ‌ဖော်ဝါရီ ၅ရက်‌နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ တစ်ခုတည်း‌သော ကရင်‌ရှေ့‌ဆောင်အဖွဲ့အစည်း၊ သက်တမ်း ၆၇နှစ်။ ကရင်ပြည်သူ‌တွေကို ဦး‌ဆောင်မှု‌ပေးခဲ့တာ ရာစုနှစ်ထက်ဝက်‌ကျော်ပြီး စိန်‌ခေါ်မှုမျိုးစုံ ကြုံ‌တွေ့ခဲ့တဲ့သခင်္န်းစာလည်း အများကြီးရှိခဲ့တယ်။ ဖဆပလဆို ၁၃နှစ်၊ မဆလဆို ၂၆နှစ်ပဲ ခံခဲ့တယ်။

၁၉၄၇၊ ဧပြီလ တိုင်းပြုပြည်ပြုလွှတ်‌တော် ‌ရွေး‌ကောက်ပွဲကို ကရင်အတွက် အာမခံချက်မရှိလို့ သပိတ်‌မှောက်ခဲ့တယ်။ မှန်ကန်တဲ့ ဦး‌ဆောင်မှုကို ကရင်ပြည်သူ‌တွေ လက်ခံခဲ့လို့ မဲဆန္ဒရှင်အချို့သာ မဲသွား‌ပေးကြတယ်။

၁၉၄၈၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့မှာ KNU ‌ခေါင်း‌ဆောင်မှုနဲ့ တစ်ပြည်လုံး ကရင်လူထု ၄၅၄,၁၀ဝ ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ်ခဲ့ကြ တယ်။ ‌ကြွေး‌ကြော်သံ‌တွေဟာလည်း တန်းတူ‌ရေး၊ ချစ်ကြည်‌ရေး၊ ပြည်တွင်းစစ်ဆန့်ကျင်‌ရေး အနှစ်သာရ‌တွေပဲ ဖြစ်ပါတယ်။ ဒါ‌ပေမဲ့ မဟာလူမျိုးကြီးဝါဒ ဖဆပလဟာ KNU ကို စစ်‌ရေးနဲ့သာ တုံ့ပြန်ခဲ့တယ်။

ဒီမိုက‌ရေစီ အခွင့်အလမ်းမရ‌တော့တဲ့ အ‌ခြေအ‌နေမှာ KNU ဟာ ကရင်ပြည်သူ‌တွေအတွက် ခုခံ‌ရေးစစ်ကို ‌ရွေးချယ်ခဲ့တယ်။ ဒီအ ခါမှာ ဖဆပလဟာ KNU ရဲ့ ခုခံ‌ရေးစစ်ကို နယ်ချဲ့‌မြှောက်‌ပေးလို့ဆိုပြီး ဝါဒဖြန့်ခဲ့ပြန်တယ်။ အဲ့ဒီတုန်းက ဖဆပလကို အဂင်္လိပ် ဝန် ကြီးချုပ်ချာချီက အင်း‌တော်၊ အင်း‌လေး၊ အင်းမ၊ အင်းယား ဆိုတဲ့ တိုက်‌ရေယာဉ် ၄စီး ကူညီခဲ့တယ်။ အ‌မေရိကန်သမ္မတ ထရူး မင်းကလည်း ဖဆပလကို တိုက်‌ရေယာဉ် ၁ဝစီး၊ အ‌မေရိကန်‌ဒေါ်လာ ၁ဝသန်း အီးစီ‌အေ၊ တီဘီ‌အေ စီမံကိန်းနဲ့ ‌ဒေါ်လာသန်း ‌ပေါင်းများစွာ ကူညီခဲ့တယ်။ သူခိုးက လူကိုပြန်ဟစ်တယ်ဆိုတာ ဒါမျိုး‌ပေါ့။

၁၉၄၉၊ ဇန်နဝါရီ ၃၁ရက်က‌နေ ‌မေလ ၂၁ရက်အထိ (၁၀၁)ရက်ကြာ အင်းစိန်တိုက်ပွဲမှာ ဖဆပလဟာ KNU ကို ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲ‌ခေါ်ခဲ့တယ်။ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲမှာ အဂင်္လိပ်သံအမတ် မစ္စတာဘိုကာ၊ အိနိ္ဒယသံအမတ်‌ဒေါက်တာရပ်(စ်)၊ ပါကစ္စ တန်သံအမတ် မစ္စတာအာလီ၊ အဂင်္လီကန်ဂိုဏ်းချုပ် ဘိ‌ရှော့ဝက်(စ်) မစ္စဘ‌မောင်ချိန်(‌ဒေါက်တာစံစီဖိုးသမီး) တို့ကို KNU ကို လက်နက်ချဘို့ လှည့်ပတ်‌ပြောကြတယ်။ KNU က လက်မခံဘဲ အင်းစိန်ကို ပြန်သွားကြတယ်။

အဲ့ဒီအချိန်မှာ ရန်ကုန်ဆိပ်ကမ်းမှာ အိန္ဒိယက သ‌ဘေင်္ာ ၂စီး စစ်လက်နက်အပြည့်အစုံနဲ့ ‌ရောက်‌နေတယ်။ တိုင်းပြည်ကို သတင်း ‌မှောင်ချထားခဲ့တယ်။ ပါလာတဲ့ ရှင်သာရိပုတ္ထရာနဲ့ ရှင်‌မောဂ္ဂလန်ရဲ့ ဓါတ်‌တော်‌တွေကိုသာ ဘမ်းပြပြီး သမ္မတစဝ်‌ရွှေသိုက်က ဓါတ် ‌တော်‌တွေကိုပင့်‌ဆောင်ပြီး ‌ရွှေတိဂုံဓါတ်‌တော်တိုက်မှာ အပူ‌ဇော်ခံ ကိန်းဝပ်‌စေခဲ့တယ်။ သ‌ဘေင်္ာပါလာတဲ့ လက်နက်‌တွေနဲ့ ဗိုလ် ‌ကျော်‌ဇော(ရဲ‌ဘော်သုံးကျိပ်ဝင်) ဦး‌ဆောင်ပြီး ရန်ကုန်၊ ခဝဲခြံကစပြီး ကရင်ရပ်ကွက်‌တွေကို တိုက်ခိုက်‌တော့တာပါပဲ။

၁၉၅၆၊ ‌အောက်တိုဘာ ၂ဝရက် KNU ‌ပေါ်လစ်ဗျူရို ‌စော‌မောင်တိုး၊ ဗဟို‌ကော်မတီဝင် ‌စောဘာဟု၊ ဦးစီးပဲ့ကိုင် ‌ကော်မတီ ‌စော ‌ကျော်စိန်တို့ဟာ ကရင့်အ‌ရေးကို ဒီမိုက‌ရေစီအတွင်းက ‌ဆောင်ရွက်မယ်ဆိုပြီး ဖဆပလဆီ လက်နက်ချခဲ့ကြပြန်တယ်။ ကရင် ‌တွေအတွက် တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရခဲ့သလား၊ ‌စောတာဟု‌တော့ သာ‌ပေါင်းမှာ ဖဆပလပါတီ၊ ပါတီယူနစ်ဥက္ကဌ ရာထူးရသွားတယ်။

၁၉၆၂မှာ ပြည်နယ်‌ပေါင်းစုံ တိုင်းရင်းသား‌တွေ ဖက်ဒရယ်ပြည်‌ထောင်စုကို ‌တောင်းဆိုလာကြတယ်။ မဟာလူမျိုးကြီးဝါဒ၊ ပမည တ သခင်ချစ်‌မောင်၊ ဖဆပလ ဦးဗ‌ဆွေတို့က တိုင်းရင်းသား‌တွေကို တန်းတူအခွင့်အ‌ရေး မ‌ပေးဘဲ မဟာလူမျိုးကြီးဝါဒ‌အောက် မှာပဲ ဆက်ထားသင့်‌ကြောင်း၊ အရှက်မရှိ ကန့်ကွက်ကြတယ်။ တိုင်းရင်းသား‌တွေဖက်ကလည်း ဆယ်နှစ်ဆယ်မိုး‌ကျော် ပြည် ‌ထောင်စုအတွင်း အတူ‌နေလာခဲ့ရတာ ဒီမိုက‌ရေစီ အခွင့်အ‌ရေး‌တွေ ဆုံးရှုံးခဲ့‌ကြောင်း၊ ဖက်ဒရယ်ပြည်‌ထောင်စုသာ ပြည်‌ထောင်စု စစ်စစ်ဖြစ်‌ကြောင်း တင်ပြခဲ့ကြတယ်။

၁၉၆၂၊ မတ် ၂ရက်‌နေ့ ညသန်း‌ခေါင်မှာ မဟာလူမျိုးကြီးဝါဒ ဗိုလ်‌နေဝင်းဟာ ဖက်ဒရယ်ဆိုတာ တိုင်းပြည် ပြိုကွဲ‌စေတယ်ဆိုပြီး အာဏာသိမ်းစစ်အစိုးရကို ထူ‌ထောင်လိုက်တယ်။ ဖက်ဒရယ်သည်သာ ပြည်‌ထောင်စုစစ်စစ်ဖြစ်ပြီး ဖက်ဒရယ်ဆန့်ကျင်သူဟာ ပြည်‌ထောင်စု ဖြိုခွဲသူဖြစ်တယ်ဆိုတာ ဗိုလ်‌နေဝင်းက ကိုယ့်တိုင်းပြည်အပြင် ကမ္ဘာကိုပါ အရှက်မရှိ လိမ်ညာခဲ့ရုံမက တိုင်းပြည် ကိုလည်း ဝါးမျို အုပ်ချုပ်ခဲ့‌တော့တယ်။

၁၉၆၃ခုနှစ်၊ က‌ဆောဝါးညီလာခံမှာ ‌စောဟံတာသာ‌မွှေး ‌ခေါင်း‌ဆောင်ပြီး သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ သမိုင်းဝင် ဝိန့်‌ထောင်ကွန်ဖရင့် (‌ရွှေမြို့‌တော်ကွန်ဖရင့်)က ချမှတ်ခဲ့တဲ့ KNU ရဲ့ ဒုတိယလမ်းစဉ်ကို ‌သွေဖီပြီး ၁၉၆၄၊ မတ် ၁၂ရက်မှာ ဗိုလ်‌နေဝင်းနဲ့ ‌စောဟံတာ သာ‌မွှေးတို့ ငြိမ်းချမ်း‌ရေး လက်မှတ်ထိုးပြီး မဆလဆီ ‌စောဟံသာ‌မွှေးတို့ KRC (Karen Revolution Council) အညံ့ခံလိုက် တယ်။ ဗိုလ်‌နေဝင်းဟာ ၁၉၆၃ ငြိမ်းချမ်း‌ရေးကမ်းလှမ်းစဉ်က ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ မ‌အောင်မြင်ရင် လာတဲ့‌နေရာထိ ပြန်ပို့‌ပေး မယ်။ ၇ရက်အတွင်း အတိုက်အခိုက် ရပ်စဲမယ် ဆိုတဲ့ကတိကို ဖျက်ပြီး ငြိမ်းချမ်း‌ရေးလက်မှတ်မထိုးတဲ့ တပ်မဟာ(၅) တပ်မင်း ဗိုလ်လင်းထင်ကို သထုံမှာတင် သတ်လိုက်ပြီး မုတ္တမပင်လယ်ထဲမှ အ‌လောင်းကို အစ‌ဖျောက်လိုက်တယ်။ ‌စောဟံတာသာ‌မွှေး တို့အုပ်စုက ‌နေဝင်းတပ်‌တွေနဲ့‌ပေါင်းပြီး ‌ခေးမူနဲ့ ခူမူဒဲ KNU ဗဟိုစခန်းကို ပြန်တိုက်ခဲ့လို့ KNU တပ်မှူး၊ တပ်သား ၁၃‌ယောက် ကျဆုံးခဲ့ရတယ်။ ဗဟို‌ကော်မတီဝင် ဆရာအုန်း‌ဖေညွန့်ကို အရှင်ဖမ်းမိပြီး သတ်ဖြတ်လိုက်ကြတယ်။ ဒီလိုသစ္စာ‌ဖောက်လို့ KRC က ‌စောဟံတာသာ‌မွှေးကို ‌နေဝင်းက ပညာ‌ရေး သု‌တေသနဗျူရိုမှာ အထူးအရာရှိ၊ ၁၉၇၄ အ‌ခြေခံဥပ‌ဒေရှင်းလင်း‌ရေး အဖွဲ့ဝင်၊ ပဒို‌ဝေ‌သော်၊ ပဒိုဝရီ‌ကျော်၊ ပဒိုဖိုး‌ညောတို့ကို နိုင်ငံဂုဏ်ရည် ပထမအဆင့်၊ တပ်မဟာ ၅ ဒုတပ်မဟာမှူး ဗိုလ်‌စော‌မောင်ဝင်းကို သထုံပါတီယူနစ်ဥက္ကဌ၊ တပ်ရင်းမှူး‌တွေဖြစ်ကြတဲ့ ကြီး‌ရွှေနဲ့ မိုးဇက်တို့ကို ဘီးလင်းနဲ့ ကျိုက်ထိုမှာ ‌ကောင်စီဥက္ကဌ‌တွေ၊ ‌စောထရူး မင်းကို ဦးထွန်းမင်း နာမည်နဲ့ ‌တောင်ငူမှာ ပါတီယူနစ်ဥက္ကဌ စတဲ့ ဆုလာဘ်‌တွေနဲ ့ချီး‌မြှောက်ခဲ့ပါတယ်။
IMG_1878
မိမိတို့လုပ်ရပ်‌တွေက ကရင်ပြည်သူ‌တွေအတွက် ဘာတစ်ခုမှ အကျိုးမရှိ‌ကြောင်း သိလာတဲ့တ‌နေ့ ‌စောဟံတာသာ‌မွှေးက အင်း စိန်၊ နံ့သာကုန်းဘုရား‌ကျောင်းမှာ ‌စောဘဦးကြီးရဲ့ ဝိညာဉ်သာ ဘုရား‌ကျောင်းထဲမှာရှိရင် ကျုပ်ကို ဟားတိုက်ရယ်‌မော‌နေမှာပဲလို့ သူ့အမှားကို ဝန်ခံသွားခဲ့တယ်။ KRC ရဲ့ ငယ်သား‌တွေ‌တော့ KNU ရင်ခွင်ထဲကို ပြန်သွားကြတယ်။ အသက်အရွယ်ကြီးလာတဲ့ ‌စော ဟံတာသာ‌မွှေးလည်း ‌နောက် တရားနဲ့အတူ မထင်မရှား ခရစ်‌တော်‌ခြေ‌တော်ရင်းမှာ အိပ်‌ပျော်သွားတယ်။ ပဒို‌ဝေ‌သော် ကျ ‌တော့ မ‌သေခင် သားသမီး‌တွေကို ဒို့‌တော့ ဗမာအစိုးရ လိမ်တာခံလိုက်ရပြီးလို့သာ မှာကြားနိုင်‌တော့တယ်။

ဓါးဓါးချင်း၊ လှံလှံချင်း ယှဉ်ရဲတယ်ဆိုပြီး ‌ကျောင်းသား‌တွေကို စိန်‌ခေါ်ခဲ့တဲ့ ‘ဗိုလ်‌နေဝင်း’။ စစ်သားဆိုတာ မိုး‌ပေါ် ‌ထောင်မပစ်ဘူး လို့ ‌ပြောခဲ့တဲ့ ‘ဗိုလ်‌နေဝင်း’။ မြန်မာ့နည်းနဲ့ ဆိုရှယ်လစ်‌လောကကို မ‌ရောက်ဘဲ တိုင်းပြည်ကိုသာ အဆင်းရဲဆုံး‌ရောက်‌အောင် ပို့ နိုင်ခဲ့တဲ့ ပြည်သူ‌တွေ‌ပေးတဲ့ဘွဲ့ကို ရခဲ့တယ်။ နန်းကျအာဏာရှင်ဘဝမှာ အထီးကျန်ဖြစ်သွားတဲ့ ဗိုလ်‌နေဝင်းဟာ လယ်တီဆရာ ‌တော်ဘုရားကြီးရဲ့ ကမ္ပဋ္ဌာန်းတရား‌တော်ကို ရှုမှတ်ရင်း ၁၉၉၅ခုနှစ်၊ ဇူလိုင် ၂၆ရက်မှာ သူ့ကို ဂါဝရပြုဖို့လာတဲ့ အညမည သ‌ဘော တရားဆရာကြီး ဦးချစ်လှိုင်(ကိုကို‌မောင်ကြီး)နဲ့ တရားသူကြီးချုပ်‌ဟောင်း ဦးတင်‌အောင်ဟိန်းတို့ကို ဒီတရား‌တွေသာ အရင်ထဲက ကိုယ်သိခဲ့ရင် ၁၉၆၂က အလုပ်‌တွေကို ကိုယ်မလုပ်ခဲ့ဘူးလို့ ဝန်ခံခဲ့တယ်။ (၁၉၆၂ကို အဂင်္လိပ်လို‌ပြောသည်) ဗိုလ်‌နေဝင်းရဲ့ ‌နောင်တကို တိုင်းပြည်က‌တော့ LDC(အဆင်းရဲဆုံးနိုင်ငံ) လက်မှတ်နဲ ့‌ပေးဆပ်ခဲ့ရတယ်။

၁၉၉၄ ကျပြန်‌တော့ ဗိုလ်သန်း‌ရွှေနဲ ့ဗိုလ်ခင်ညွှန့်တို့ ဘာသာ‌ရေးသပ်လျှိုပြီး KNU ကို ထိုးခွဲလိုက်ပြန်တယ်၊ ရန်သူကို မိတ်‌ဆွေ ထင်လိုက်တဲ့ DKBA ကလည်း စစ်တပ်နဲ့‌ပေါင်းပြီး မာနယ်ပ‌လောကို ပြန်တိုက်လို့ မာနယ်ပ‌လော ကျဆုံးခဲ့ရတယ်။ ဗိုလ်ခင် ညွန့်တပည့် ဗိုလ်စန်းပွင့်က DKBA ပါလို့သာ မာနယ်ပ‌လောကိုရခဲ့‌ကြောင်း အဲ့ဒီတုန်းက အ‌လောင်း‌တွေကို ဆက်လိုက်ရင် ‌မော် လမြိုင်က‌နေ ရန်ကုန်ထိ ‌ရောက်နိုင်တယ်လို့ ဝန်ခံခဲ့တယ်။ အိမ်ကြက်ချင်း အိုးမဲသုတ်ခံလိုက်ရလို့ ကရင်အချင်းချင်း ‌သွေး‌မြေကျ ခဲ့တဲ့သမိုင်းမှာ ဘာ‌တွေရခဲ့ပါသလဲ။ DKBA ဗိုလ်ချုပ်‌တွေ စူပါမားကက်‌တွေ၊ ‌ဟော်တယ်‌တွေနဲ့ ချမ်းသာ‌နေကြပြီး ငယ်သား‌တွေ က လမ်းဆုံလမ်းခွမှာ ဝါးလုံးတားပြီး ပိုက်ဆံ‌တောင်း‌နေရတဲ့ ဝါးတားဂိတ်မှာ စစ်တပ်နဲ့ ဉာဉ်ဆိုးသင်တန်းတက်‌နေရတယ် မဟုတ် လား။ အခု‌တော့ DKBA လည်း အများစုဟာ နယ်ခြား‌စောင့်တပ်ဆိုပြီး တပ်မ‌တော်‌အောက်ထားပြီး ဆွဲ‌စေ့ခံ‌နေရတယ် မဟုတ် လား။

ဒါ‌တောင် ဗိုလ်ချစ်သူက ‌ပြောလိုက်‌သေးတယ်။ ‌စောဘဦးကြီးရဲ့ မူအတိုင်း ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိတုန်းဆိုပဲ။ ‌မေး လိုက်ပါရ‌စေ ညီ‌လေး ‌စောချစ်သူ။ ကရင်‌တွေ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ‌သေနတ်‌ပြောင်း ဘယ်ကိုလှည့်မှာလဲ လို့။

စစ်ဆိုတာ နိုင်ငံ‌ရေးမ‌ပြေလည်လို့ ဖြစ်ရတာ။ နိုင်ငံ‌ရေးကို နိုင်ငံ‌ရေးနည်းနဲ့ ‌ဖြေရှင်းလို့ရတာ အ‌ကောင်းဆုံးပါပဲ။ ဒါ‌ပေမဲ့ ‌ဖြေရှင်း နည်းမှန်ဘို့လိုတယ်။ တန်းတူရည်တူရှိဖို့ တဦးကိုတစ်ဦး နားလည်တတ်ဖို့ လိုတယ်။ တိုင်းရင်းသား‌တွေ‌ပြောတဲ့ တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ခွဲထွက်ဘို့ မဟုတ်ဘူးဆိုတာ ‌ကြေညာပြီးသားပဲ။ ဖက်ဒရယ်ဆိုတာ တန်းတူရည်တူ ပူး‌ပေါင်းခြင်းပဲ။ တိုင်းရင်းသား‌တွေ မဖွံ့ဖြိုး‌သေးလို့ လူမျိုးကြီး‌တွေ ‌ခေါင်း‌ဆောင်‌ပေးရမယ်ဆိုတာ မဟာလူမျိုးကြီးဝါဒပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်မရတဲ့ တိုင်းပြည်ကို မဖွံ့ဖြိုး‌သေးလို့ ဗြိတိသျှ အ‌စောင့်‌ရှောက်ခံအဖြစ် ‌နေရအုံးမယ်ဆိုတုန်းက ဘယ်လိုခံစားကြရသလဲ? လွတ်လပ်‌ရေးရပြီးရင် ဗမာပြည်‌သွေး‌ချောင်းစီးမှာပဲလို့ အဂင်္လိပ်‌တွေ ကြိုတင်‌ပြောခဲ့တာ။ သူတို့ကိုယ်တိုင် မဟာလူမျိုးကြီးဝါဒ လက်ထဲကို အာဏာ‌ပေးခဲ့လို့သာဖြစ်တယ်။ တိုင်းရင်းသား‌တွေနဲ ့မဆိုင်ဘူး။

ကရင်တိုင်းရင်းသားအ‌ရေးဆိုတာ အခြားတိုင်းရင်းသားအ‌ရေးနဲ့ ဆက်စပ်‌နေတယ်။ တိုင်းရင်းသား‌တွေရဲ့ နိုင်ငံ‌ရေးလည်း ဖြစ် တယ်။ (Human is Political Animal) ဘာ‌ကြောင့်လဲ။ တိုင်းရင်းသားအားလုံး ပြည်‌ထောင်စုအတုဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒ ‌အောက်မှာ ‌နေရလို့ပဲ။ ဖိနှိပ်ခံရသူအချင်းချင်း တပ်‌ပေါင်းစု မဖွဲ့နိုင်ရင် တစ်ကွက်ချင်း၊ တဖွဲ့ချင်း ‌ချေမှုန်းခံရမယ်ဆိုတာ သမိုင်းရှိခဲ့ ပြီးသားပဲ။ (၁၇)နှစ်သားထဲက စစ်တိုက်လာတယ်ဆိုတဲ့ ‌ကေအဲန်ယူ ဥက္ကဌက ငယ်ငယ်တုံးက (Sunday School) မှာ ထင်းတစ် စီးလုံးကို ချိုးရင်မရဘူး။ တစ်‌ချောင်းစီချိုးမှ ရတယ်ဆိုတဲ့ သင်ခန်းစာမ‌မေ့‌သေးဘူးဆိုရင် KNU ဥက္ကဌကြီး မန်းဘဇန်ရဲ့ တပ်‌ပေါင်း စုရှိမှ ‌တော်လှန်‌ရေး ‌အောင်မြင်မယ်ဆိုတဲ့ ဒဿနကို ‌လေးစားလိုက်နာသင့်ပါတယ်။ UNFC ထဲ ဝင်တယ်ဆိုတုန်းကလည်း အဖိ နှိပ်ခံ တိုင်းရင်းသားအချင်းချင်း ညီညွတ်‌ရေးအတွက် KNU ကွန်ဂရက်က ဆုံးဖြတ်ခဲ့တာပဲ။ ကွန်ဂရက်သ‌ဘောထားကို ဆန့်ကျင် ခြင်းဟာ KNU ထဲမှာ အာဏာရှင်ထူ‌ထောင်တာပဲ။ ဒီမိုက‌ရေစီကို နားလည်ရင် လာမဲ့ KNU (၁၆)ကြိမ်‌မြောက် ကွန်ဂရက်ကျရင် ကိုယ့်သ‌ဘောထား‌တွေပြန်တင်သင့်တာ‌ပေါ့။ တစ်ပြည်လုံးက ကရင့်သ‌ဘောထားအမှန်ကို ယူကြည့်ပါ။ ‌စောဘဦးကြီးနဲ့ ရဲ‌ဘော် ‌တွေရဲ့ ‌သွေးနဲ့လမ်းပြခဲ့တဲ့ ကရင့်‌တော်လှန်‌ရေးလမ်းစဉ်က ‌သွေဖီရင် ကရင်ပြည်သူတရပ်လုံး လက်မခံကြပါဘူးဆိုတာ ‌ပြောပြ လိုက်ပါရ‌စေ။

# အမြင်သ‌ဘောထားပါ ‌ဆောင်းပါးများသည် ‌ကေအိုင်စီ(ကရင်သတင်းဌာန)၏ အာ‌ဘော်မဟုတ်ဘဲ စာ‌ရေးသူ၏ အာ‌ဘော်သာ ဖြစ်ပါ‌ကြောင်း အသိ‌ပေးအပ်ပါသည်။