Home သတင်း KNU/KNLA PC တပ်ဖွဲ့ဝင်နှင့် အစိုးရတပ်၊ ရဲများက အချင်းပွားမှုဖြစ်

KNU/KNLA PC တပ်ဖွဲ့ဝင်နှင့် အစိုးရတပ်၊ ရဲများက အချင်းပွားမှုဖြစ်

2337

မြဝတီ ကုန်သွယ်‌ရေးဇုန်‌နေရာ

စက်တင်ဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် မြဝတီမြို့ရှိ ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA Pace Council) တပ်ဖွဲ့ဝင်များ ကို နယ်‌မြေခံ အစိုးရစစ်တပ်နှင့် ရဲအင်အား ၁၅၀‌ကျော်က စက်တင်ဘာ ၉ရက်‌နေ့တွင် အချင်းများကာ ‌သေနတ်ပစ်‌ဖောက်မှုအ ထိ ဖြစ်ပွားခဲ့သည်ဟု KNU/KNLA(PC) မြဝတီမြို့ဆက်ဆံ‌ရေးတာဝန်ခံ ဗိုလ်ကြီး‌စောအယ်ဒိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်ကြီး‌စောအယ်ဒိုက “မနက် ၁ဝနာရီ‌ကျော်‌လောက်မှာ မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူးက အဲဒီ‌နေရာကို သွားတယ်။ ဒီက ရဲ‌ဘော် ‌တွေကလည်း သူ့ကို ဘယ်သူမှန်းသိတာ မဟုတ်ဘူး။ တာဝန်အရ ‌မေးမြန်းတဲ့အ‌ပေါ်မှာ စကားများကြပြီး ရဲ‌ဘော်ကို စပြီး ဆွဲထိုး လိုက်‌တော့ ‌သေနတ်နှစ်ချက် ပစ်‌ဖောက်မှုအထိ ဖြစ်သွားတာပါ”ဟု ‌ပြောသည်။

မြဝတီမြို့အထွက် ‌မြေနီကုန်း‌ကျေးရွာအနီးရှိ ‌မြေ‌နေရာများနှင့် ပတ်သက်၍ အငြင်းပွားများ၊ တိုင်ကြားမှုများ ရှိခဲ့သည့်အ‌ပေါ် မြို့ နယ်အုပ်ချုပ်‌ရေးမှူးက သွား‌ရောက်ကြည့်ရှုခဲ့ရာတွင် KNU/KNLA PC ၏ ဆက်ဆံ‌ရေးရုံးသို့ အသိ‌ပေး၊ အ‌ကြောင်းကြားခြင်း မရှိ သည့်အတွက်လည်း ယခုလို မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားကာ KNU/KNLA PC တပ်ဖွဲ့ဝင် ၂ဝခန့်ကို နယ်‌မြေခံ အစိုး ရတပ် ‌ခြေမြန်တပ်ရင်း(ခမရ ၂၇၅) အပါအဝင် နယ်ခြား‌စောင့်တပ်(BGF)နှင့် ရဲတို့မှ ဝိုင်းရံသည်အထိဖြစ်ခဲ့ရ‌ကြောင်း ဗိုလ်ကြီး ‌စောအယ်ဒိုက ဆက်‌ပြောသည်။

ထိုအ‌ခြေအ‌နေများ‌ကြောင့် မြဝတီမြို့ခံများက ထိတ်လန့်သွားခဲ့ကြပြီး တာဝန်ရှိသူများအချင်းချင်း ပြန်လည်ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြ ရာ ‌နေ့လည် ၁၂နာရီခွဲအချိန်ခန့်တွင် မြန်မာစစ်တပ်နှင့်ရဲများက အဆိုပါ‌နေရာမှ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွား‌သော ‌မြေ‌နေရာမှာ မြဝတီမြို့နယ်အတွင်း ငြိမ်းချမ်း‌ရေးရယူထား ကရင်လက်နက်ကိုင်အဖွဲ့များ၊ စစ်တပ်နှင့် ပြည် သူများအကြား ယခင်ကတည်းက ‌မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းများရှိခဲ့‌ကြောင်း မြဝတီမြို့ခံများက ‌ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြဝတီမြို့နယ် အုပ်ချုပ်‌ရေးမှူးရုံးသို့ ဆက်သွယ်‌မေးမြန်းသည့်အခါ မြို့နယ်အုပ်ချုပ်‌ရေးမှူးက အစည်း အ‌ဝေးပြုလုပ်‌နေ၍ မအားလပ်‌ကြောင်း ရုံးဝန်ထမ်းတစ်ဦးက ‌ကေအိုင်စီသို့ တုန့်ပြန်‌ပြောဆိုခဲ့သည်။

ဗိုလ်မှူးချုပ်‌စောထိန်‌မောင် ဦး‌ဆောင်သည့် KNU/KNLA PC သည် လက်ရှိ ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုးရှိ ‌နော်တယာမြို့၌ အ‌ခြေစိုက်ကာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)မှ ခွဲထွက်ကာ မြန်မာအစိုးရထံ သွား‌ရောက်အပစ်အခတ် ရပ် စဲပြီး ၂၀၀၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့တွင် သီးခြားဖွဲ့စည်းခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။