အိမ်ကြက်ချင်း အိုးမဲသုတ်မဲ့ ရွေးကောက်ပွဲ
Thursday, 9 Sep, 2010 – 9:00 | No Comment | Related articles

အယ်ဒီတာ့အာဘော်
မကြာတော့သည့် နိုဝင်ဘာလ ၇ရက်တွင် ကျင်းပပြုလုပ်မည့် နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် လူထုကို လူထုချင်း၊ ပါတီကို ပါတီချင်း၊ တိုင်းရင်းသားအချင်းချင်းကို အိမ်ကြက်ချင်း အိုးမဲသုတ်ကာ ခွပ်ခိုင်းသောပွဲပင် ဖြစ်သည်။ အနှီ ရွေးကောက် ပွဲကို ဦးဆောင်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်များမှာလည်း နအဖ စစ်အစိုးရက ခေါင်းခေါက်ရွေးချယ်ထားသူ များသာဖြစ်ပြီး ဘဏ္ဍာရေး၊ လူဦးရေနှင့် ဥပဒေအားလုံးကို စစ်အုပ်စုကပင် ချုပ်ကိုင်ထားသည်။

ပြောင်းစိုက် တောင်သူတွေရဲ့ ဘ၀ သံသရာ
Thursday, 9 Sep, 2010 – 8:57 | No Comment
ပြောင်းစိုက် တောင်သူတွေရဲ့ ဘ၀ သံသရာ

စက်တင်ဘာလ ၉ရက်။ မနိုက်အွာ (ကေအိုင်စီ)
ဒီနှစ် ရာသီဥတု ဖောက်ပြန်မှုနဲ့ နယ်စပ်ဒေသ တည်ငြိမ်မှုမရှိသေးတဲ့ကြားမှာ အရင်နှစ်ထက် ပြောင်းဈေးကောင်းလာတဲ့အ တွက် ပြောင်းစိုက်တောင်သူတွေ အသက်ရှူချောင်မယ့် နှစ်တနှစ်ဖြစ်လိမ့်မယ်လို့ တောင်သူအများစုက ယုံကြည်နေကြ တယ်။

ဂျပန်အစိုးရက ကရင်ဒုက္ခသည်များအတွက် ကြိုတင်ပြင်ဆင်နေပြီ
Wednesday, 8 Sep, 2010 – 5:29 | No Comment | Related articles

စက်တင်ဘာလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
တတိယနိုင်ငံ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ ယခုလအတွင်း ထွက်ခွာတော့မည့် ကရင်ဒုက္ခသည်များအတွက် ဂျပန်အစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR)က ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ကေအိုင်စီ က စုံစမ်းသိရှိရသည်။

“သံလွင်အားမာန်” တော်လှန်ရေးဇာတ်လမ်းခွေ မကြာခင် ဖြန့်ဝေတော့မည်
Wednesday, 8 Sep, 2010 – 5:06 | No Comment | Related articles

စက်တင်ဘာလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်လူထုပေါ် မြန်မာစစ်အာဏာရှင် အဆက်ဆက်၏ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်မှန်ကို အခြေခံထားသည့် “သံလွင် အားမာန် ရေစီးသံ” တော်လှန်ရေး ဇာတ်လမ်းခွေ လာမည့် အောက်တိုဘာလတွင် ထုတ်ဝေဖြန့်ချိသွားတော့မည် ဖြစ်သည်။

ဗိုလ်မှူးကြီးချစ်သူ ကုမ္ပဏီပိုင်ရှင်အနေဖြင့်သာ ဆက်လက်ရပ်တည်သွားဖွယ်ရှိ
Tuesday, 7 Sep, 2010 – 7:54 | No Comment | Related articles

စက်တင်ဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)က နယ်ခြားစောင့်တပ်အဖြစ်သို့ သြဂုတ်လအတွင်း အသွင်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ယခင် (၉၉၉)တပ်မဟာမှ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူသည် စီးပွားရေးလုပ်ငန်း ကုမ္ပဏီပိုင်ရှင်တဦးအနေဖြင့်သာ ဆက်လက် ရပ်တည်တော့မည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ထွက်မည်
Saturday, 4 Sep, 2010 – 5:51 | No Comment | Related articles
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ထွက်မည်

စက်တင်ဘာလ ၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
တရုတ်သမတ မစ္စတာ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဖြစ်သူ ဒေါ်ကြိုင် ကြိုင်တို့သည် မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်မည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားသည်။

နိုင်ငံရေးကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ တပ်အသွင်ကူးပြောင်းရေး မွန်ပြည်သစ်ပါတီ လုပ်ဆောင်မည်
Friday, 3 Sep, 2010 – 6:32 | No Comment | Related articles
နိုင်ငံရေးကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှ တပ်အသွင်ကူးပြောင်းရေး မွန်ပြည်သစ်ပါတီ လုပ်ဆောင်မည်

စက်တင်ဘာ ၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးခြင်းခံရသည့် မွန်ပြည်သစ်ပါတီ(NMSP)သည် အစိုးရနှင့် နိုင်ငံရေး ကိစ္စရပ်ကို ဆွေးနွေးညှိနှိုင်းပြီးမှသာ တပ်အသွင်ကူးပြောင်းရေးကို လုပ်ဆောင်မည်ဟု မွန်ပြည်သစ်ပါတီမှ ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။

ပစ်မှတ်ထား စစ်ဆင်ခံနေရသည့် လူထုအား ၀ိုင်းဝန်းကူညီရန် ကရင်လူ့အခွင့်အရေးအဖွဲ့ နိုးဆော်
Thursday, 2 Sep, 2010 – 7:16 | No Comment | Related articles

စက်တင်ဘာလ ၂ရက်။ နန်းထူးစံ (ကေအိုင်စီ)
နအဖ စစ်အစိုးရ၏ စစ်ဆင်ရေးအောက်တွင် ဒုက္ခအမျိုးမျိုး ရင်ဆိုင်နေရသည့် ကရင်ပြည်နယ် မြောက်ပိုင်း ကေအဲန်ယူ တပ် မဟာ(၅)၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ကရင်လူထု ၂၇,၀၀၀ကျော်ကို စာနာနားလည်ပြီး ၀ိုင်းဝန်းကူညီပေးကြရန် ကရင် လူ့အခွင့်အရေးအဖွဲ့(KHRG)က ယနေ့ရက်စွဲဖြင့် အစီရင်ခံစာစောင် ထုတ်ပြန်ကာ နိုးဆော်လိုက်သည်။