Home » Archive by Month

Articles Archive for July 2009

စစ်အစိုးရ၏ မှားယွင်းစီမံမှုကြောင့် လက်ဖက်တောင်သူများ ထိခိုက်
Wednesday, 29 Jul, 2009 – 6:39 | Comments Off | Related articles
စစ်အစိုးရ၏ မှားယွင်းစီမံမှုကြောင့် လက်ဖက်တောင်သူများ ထိခိုက်

ဇူလိုင်လ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
လက်ဖက်ဖျက်ပိုး အစီရင်ခံစာ
စစ်အစိုးရ၏ မှားယွင်းသည့် စီမံခန့်ခွဲမှု။ ခြစားလာဘ်စားမှုတို့ကြောင့် လက်ဖက်တွင် အ၀ါရောင်ဆိုးဆေးပါဝငှ်ု လက်ဖက်များကို ပိတ်ပင်တားမြစ်ခြင်းသည် လက်ဖက်တောင်သူများသာ ထိခိုက်ပြီး မှန်ကန်သည့် ဖြေရှင်းမှုမဟုတ်ဟု တအာင်း (ပလောင်)လုပ် ငန်းအဖွဲ့က ဆိုသည်။
ထိုင်းနယ်စပ်တွင် ယနေ့ပြုလုပ်သည့် တအာင်း (ပလောင်)လုပ်ငန်းအဖွဲ့၏ “လက်ဖက်ဖျက်ပိုး”အမည်ရှိ အစီရင်ခံစာ ရှင်းလင်း ပွဲတွင် ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး (PSLF) အလုပ်အမှုဆောင် ကော်မတီဝင် မိုင်းဘုန်းကျော်က ယခုလို ပြော သည်။
၎င်းက “ဒီ ၂၀၀၉ မတ်လမှာ နအဖရဲ့ကျန်းမာရေးဌာနက ကျနော်တို့လက်ဖက်တွေကို အိုရာမင်း-အို အသုံးပြုတယ်ဆိုပြီး တော့မှ ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်တယ်။ ကျနော်တို့ လက်ဖက်တွေကို သိမ်းဆည်းတယ်။ တခါတည်း ဖျက်ဆီးပစ်လိုက် တယ်။ နအဖက လက်ဖက်ကို [...]

ဘိန်းရောင်းဝယ်ဖြန့်ဖြူးသူ ဒုက္ခသည်နှစ်ဦး ဖမ်းဆီးခံရ
Wednesday, 29 Jul, 2009 – 6:24 | Comments Off | Related articles

ဇူလိုင် ၂၆ရက်။ administrator ကေအိုင်စီ
မယ်လဒုက္ခသည်စခန်းတွင် ဘိန်းမဲရောင်းဝယ်ဖြန့်ဖြူးသည့် ဒုက္ခသည်နှစ်ဦးကို ထိုင်းစစ်တပ်က ဇူလိုင်လ ၂၅ရက်နေ့တွင် လာ ရောက်ဖမ်းဆီးသွားခဲ့ကြောင်း စခန်းတွင်း နေထိုင်သူ ဒုက္ခသည်တဦး၏ ပြောပြချက်အရ သိရသည်။
သူက “ဒီနေ့မွန်းလွဲ(၃)နာရီကျော်လောက်မှာ ထိုင်းက စခန်းဆေးရုံရှေ့မှာ ဘိန်းရောင်းဝယ်တဲ့လူနှစ်ယောက်ကို လာရှာဖမ်း သွားတယ်”ဟု ကေအိုင်စီကို ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ စခန်းလုံခြုံရေးတာဝန်ခံ စောအားမူက “စခန်းအပြင်ဘက် ထိုင်းရွာတွေက ဘိန်းမဲတွေကို စခန်းထဲမှာ ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ ဇုံစီ ရပ်ကွက်(၁)ဘီက ကောင်လေးတယောက်ကို ၁ကီလိုလောက်ရှိတဲ့ ဘိန်းတထုပ်နဲ့ ထိုင်းစစ်တပ် က ဖမ်းမိသွားတယ်။ အဲဒါ သူ့အိမ်ကို လိုက်ပြခိုင်းတော့ အိမ်မှာကျန်နေတဲ့ သူ့အကိုကိုပါ ဖမ်းလိုက်တယ်။ သူတို့နာမည် အတိ အကျကိုတော့ ကျနော်တို့ ဒီညနေအထိ မသိရသေးဘူး”ဟု အတည်ပြု ပြောဆိုခဲ့သည်။
“နံမည်မမှတ်မိပေမဲ့ အခု အဖမ်းခံရတဲ့ကောင်လေးဟာ [...]

တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိ
Wednesday, 29 Jul, 2009 – 5:54 | Comments Off | Related articles
တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိ

ဇူလိုင်လ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိကြောင်း ဘုရားသုံးဆူမြို့မှ ကေပီအက်ဖ် ထိပ် ပိုင်းခေါင်းဆောင်တဦးက ယနေ့ ပြောဆိုလိုက်သည်။
သူက “လက်ရှိ အခြေအနေအရ ဆိုလို့ရှိရင် နအဖကော၊ ဒီကေဘီအေဘက်ကော တပ်မဟာ (၆)နယ်မြေကို ထိုးစစ်ဆင်ဖို့ အတွက် စစ်ပြင်ဆင်နေပြီ။ လာမယ့် သုံးလေးငါးရက် အတောအတွင်းမှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားနိုင်တယ်”ဟု ကေအိုင် စီကို ပြောသည်။
အလားတူပင် နအဖစစ်တပ်ဘက်က တပ်ရင်း (၃)ရင်းနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ)တပ်ဖွဲ့မှ တပ်ရင်း (၉၀၆)နှင့် (၉၀၁)တို့က တပ်မဟာ (၆)နယ်မြေကို ထိုးစစ်ဆင်ရန် အစီအစဉ်များရှိကြောင်းလည်း တပ်မ ဟာ (၆) တပ်ရင်း (၁၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်က [...]

ရွာသား(၅၀၀)ကျော် ထိုင်းဘက်ခြမ်းသို့ ထပ်မံရောက်ရှိလာ
Wednesday, 29 Jul, 2009 – 5:23 | Comments Off | Related articles

ဇူလိုင် ၂၄။ နန်းထူးစံ (ကေအိုင်စီ)
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်မှ ရွာသူရွာသား (၅၀၀)ကျော်သည် ယခုရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ် မဲ့အူစူရွာအနီးရှိ ပြည်တွင်းဒုက္ခသည်များ ယာယီခိုလုံရာနေရာသို့ ထပ်မံရောက်ရှိလာ သည်ဟု သိရသည်။

မယ်လစခန်းတွင် ယခင်နှစ်ထက် တုပ်ကွေးရောဂါ အဖြစ်များလာ
Wednesday, 29 Jul, 2009 – 3:56 | Comments Off | Related articles
မယ်လစခန်းတွင် ယခင်နှစ်ထက် တုပ်ကွေးရောဂါ အဖြစ်များလာ

ဇူလိုင်လ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် ၄၅ကီလို အကွာအဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခုနှစ် ဇူလိုင် လအတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်ထက် ပိုမိုများပြားလာသည်ဟု စခန်းဆေးရုံအုပ် စောနေစဲန်က ကေအိုင်စီကို ပြောသည်။

နယ်စပ်ရှိ ဒီကေဘီအေ တပ်သားများ စိတ်ဓာတ်ကျဆင်း
Saturday, 18 Jul, 2009 – 11:03 | No Comment | Related articles

ဇူလိုင်လ ၁၆ရက်။ နန်းထူးစံ (ကေအိုင်စီ)
နအဖ စစ်အစိုးရ၏ ညွန်ကြားမှုကြောင့် ကေအဲန်ယူနယ်မြေများကို ထိုးစစ်ဆင်နေရခြင်းသည် ကရင်အချင်းချင်း တိုက်ခိုက်နေ ခြင်းသာဖြစ်နေသည့်အပေါ် စိတ်ဓာတ်ကျရကြောင်း ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့က ထုတ်ဖော်ပြောဆိုလိုက်သည်။

စစ်ပြေးကလေးငယ်များ ပညာသင်ကြားရေး တည်ငြိမ်မှုမရှိသေး
Wednesday, 15 Jul, 2009 – 10:01 | Comments Off | Related articles
စစ်ပြေးကလေးငယ်များ ပညာသင်ကြားရေး တည်ငြိမ်မှုမရှိသေး

ဇူလိုင် ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
နအဖနှင့် ဒီကေဘီအေ ပူးတွဲထိုးစစ်ကြောင့် ထိုင်းနိုင်ငံ နိုဘိုးကျေးရွာ၌ ယာယီအခြေချ နေထိုင်သည့် စစ်ပြေးကျောင်းသူကျောင်းသားများသည် ကျောင်းဖွင့်ချိန် တလကျော် လွန်ပြီဖြစ်သော်လည်း

ကေပီအက်ဖ် တပ်ဖွဲ့ဝင်တချို့ ကေအဲန်ယူထံ ပူးပေါင်း
Saturday, 11 Jul, 2009 – 22:46 | Comments Off | Related articles

ဇူလိုင် ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ၀င်းရေးမြို့နယ်၊ ဘုရားသုံးဆူနှင့် သံဖြူဇရပ်ကြား အနန်းကွင်းစခန်းရှိ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ကေပီအက်ဖ်) တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်တချို့သည် လက်နက်ခဲယမ်းနှင့်အတူ ၀င်းရေးမြို့နယ်ရှိ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)တပ်ရင်း (၁၆)ထံသို့