Home » Archive by Month

Articles Archive for August 2009

အဖက်ဖက်မှ အခွန်ဆောင်ရသောကြောင့် မြ၀တီမြို့ရှိ ပြည့်တန်ဆာများ ငြီးတွားနေ
Wednesday, 26 Aug, 2009 – 7:07 | Comments Off | Related articles

သြဂုတ်လ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
စားဝတ်နေရေးအခက်အခဲကြောင့် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့ မှာ ပြည့်တန်ဆာအလုပ်နှင့် အသက်မွေးနေကြသည့် အမျိုးသမီးများကို သက် ဆိုင်ရာ အာဏာပိုင်များက အဆမတန် ငွေညှစ်နေသော ကြောင့် အဆင်မ ပြေဖြစ်နေ ကြရသည်ဟု ၎င်းတို့ အသိုင်းဝိုင်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

စစ်ပြေးဒုက္ခသည်များကို မယ်လစခန်းသို့ ပို့ဆောင်ရန် စီစဉ်
Tuesday, 25 Aug, 2009 – 5:18 | Comments Off | Related articles
စစ်ပြေးဒုက္ခသည်များကို မယ်လစခန်းသို့ ပို့ဆောင်ရန် စီစဉ်

သြဂုတ်လ ၂၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
နအဖဒီ ကေဘီအေ ပူးပေါင်းတပ်တို့၏ ထိုးစစ်ကြောင့် ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်း ထွက်ပြေး ရောက်ရှိလာသည့် စစ်ပြေးကရင်ဒုက္ခသည်များကို မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ရန် သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များက စီစဉ်နေသည်ဟု လယ်ပေါ်ဟဲ ဒုက္ခသည်စခန်းဥက္ကဌ စောတာစူးညါးက ယနေ့ပြောသည်။

ဆရာတော် ဦးသုဇနထံ တင်ပြသည့် စစ်သားသစ်စုဆောင်းမှု ကန့်ကွက်နှိုးဆော်စာအား တစုံတရာ တုန့်ပြန်ဖြေကြားခြင်းမရှိ
Saturday, 22 Aug, 2009 – 5:03 | No Comment | Related articles

သြတ်ဂုတ်လ ၂၂ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
မြိုင်ကြီးငူ ဆရာတော် ဦးသုဇနထံမှ တင်ပြသည့် စစ်သားသစ်စုဆောင်းမှုကို လက်မခံသည့် ကန့်ကွက်နှိုးဆော်စာအား တစုံတရာမှ တုန့်ပြန်ဖြေကြားခြင်းမရှိသေးကြောင်း ဖားပြကျေး ရွာရှိ သိပ္ပံကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

တောင်ငူတွင် ရေကြီးမှုကြောင့် လယ်သမားများ ဒုက္ခရောက်
Friday, 21 Aug, 2009 – 5:53 | No Comment | Related articles
တောင်ငူတွင် ရေကြီးမှုကြောင့် လယ်သမားများ ဒုက္ခရောက်

သြဂုတ်လ ၂၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
တောင်ငူဒေသတွင် ယခုနှစ်မိုးရာသီအတွင်း မိုးပြင်းထန်စွာရွာသွန်းသောကြောင့် ရေကြီးမှုဖြစ်ပွားကာ ဒေသတွင်းရှိ လယ်ယာ ဧကပေါင်း (၁,၀၀၀)ကျော်ခန့် ရေလွမ်းမိုးမှုခံရပြီး စိုက်ပျိုးထားသည့်စပါးပင်များ သေကြေပျက်ဆီးသွားသည့်အတွက် လယ်သမားများ အခက်တွေ့ ရသည်ဟု သိရသည်။

အိမ် ပြန်ချင်ပြီ
Thursday, 20 Aug, 2009 – 5:22 | No Comment | Related articles

သြဂုတ်လ ၂၀ရက်။ နန်းထူးစံ(ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိကာ အိမ်ဖော်အလုပ်ဖြင့် အလုပ်လုပ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုချိန်အထိ အိမ်ကို မပြန်နိုင်သေးဘဲ ဖြစ်နေပြီး အိမ်တွင် မိသားစုများနှင့် အေးအေးဆေးဆေး ပြန်နေချင်ပြီဟု ဆိုသည့် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတိုက်နယ်သူ နန်းလင်းလင်း(နာမည်ရင်းမဟုတ်)က ဆိုသည်။

မယ်လအူးစခန်းအတွင်း ကျူရှင်အတန်းများပြားလာ
Thursday, 20 Aug, 2009 – 4:25 | Comments Off | Related articles
မယ်လအူးစခန်းအတွင်း ကျူရှင်အတန်းများပြားလာ

သြဂုတ်လ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မယ်လအူး ကရင်ဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံထွက်မည့်သူများအတွက် အင်္ဂလိပ် ကျူရှင် အတန်း (Tuition Class) ဖွင့်လှစ်မှုများ ၂၀၀၉ခုနှစ် အစပိုင်းမှ ယခု သြဂုတ်လအထိ များပြားလာသည်ဟု သိရသည်။

မြန်မာအသံလွင့်အစီအစဉ်တခု သြစတြေးလျားရေဒီယိုမှ ထုတ်လွင့်မည်
Monday, 17 Aug, 2009 – 6:39 | Comments Off | Related articles
မြန်မာအသံလွင့်အစီအစဉ်တခု သြစတြေးလျားရေဒီယိုမှ ထုတ်လွင့်မည်

သြဂုတ်လ ၁၇။ စောအယ်ကော်(ကေအိုင်စီ)
သြစတြေးလျားရေဒီယိုတခုဖြစ်သည့် (ABC) အာရှနှင့် ပစိဖိတ်အစီအစဉ်မှ မြန်မာပြည် အတွက် အသံလွင့်အစီ အစဉ်တခု အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြန်မာဘာသာအထူးအစီအစဉ်တရပ်လည်း ပါဝင် မည်ဟု သိရသည်။

ဒုက္ခသည်များ နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်နှင့်ဒီကေဘီအေ ပူးပေါင်းစီစဉ်
Monday, 17 Aug, 2009 – 5:30 | Comments Off | Related articles
ဒုက္ခသည်များ နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်နှင့်ဒီကေဘီအေ ပူးပေါင်းစီစဉ်

သြဂုတ်လ ၁၇။ နန်းထူးစံ (ကေအိုင်စီ)
မကြာသေးခင်က တိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးရောက်ရှိလာသည့် မြန်မာ ပြည်တွင်းဒုက္ခသည်များ ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (ဒီကေဘီအေ)အဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းစီစဉ်နေကြသည်ဟု သိရသည်။