Home » Archive by Month

Articles Archive for November 2009

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး ရှေ့လုပ်ငန်းစဉ် ချမှတ်
Friday, 27 Nov, 2009 – 8:33 | No Comment | Related articles

နိုဝင်ဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(ပီအက်စ်အယ်လ်အက်ဖ်)က ဆုံးရှုံးနေသော ပလောင်အမျိုးသားတို့၏ အခွင့်အရေးများကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပေါ်လစီများ၊ ရှေ့လုပ်ငန်း စဉ်များကို ချမှတ်လိုက်ကြောင်း ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ဘယ်လို မဲပေးရမှန်း မသိသေးဘူး
Friday, 27 Nov, 2009 – 4:08 | No Comment

ခွန်းအယ်သောင့်
နိုဝင်ဘာ ၂၇ရက်။ (ကေအိုင်စီ)
“ခေတ်မကောင်းတော့ စီးပွားရေးလည်း သိပ်မပြေလည်ဘူးသားရဲ့။ အမိုးတို့လည်း ကိုယ့်အခြေအနေနဲ့ ကိုယ်တော့ အဆင်ပြေအောင်တော့ နေရတာပေါ့။ ဟိုး ၁၉၆၂ နှောင်းပိုင်းကနေစပြီးတော့ ဒီနေ့အချိန်ထိ ပဲသားရယ်”

ကားလမ်းပြုပြင်ရေးအတွက် ရွာသားများ အဓမ္မချောဆွဲခံနေရ
Friday, 27 Nov, 2009 – 4:06 | Comments Off | Related articles

နိုဝင်ဘာလ ၂၇ရက်၊ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်တောင်ပိုင်း၊ ဘိတ်ထားဝယ်ခရိုင်တွင် နအဖစစ်တပ်က ကားလမ်းပြုပြင်ရန်အတွက် လယ်ဒိုစိုးမြို့နယ်ရှိ ရွာသားများကို အဓမ္မချော ဆွဲနေသည်ဟု ဒေသဆိုင်ရာ သတင်းများအရ သိရသည်။

ရွာသားများကို ခေါ်ယူခိုင်းစေပြီး စစ်သားသစ်ပါ ကောက်ယူနေ
Thursday, 26 Nov, 2009 – 4:13 | Comments Off | Related articles

နိုဝင်ဘာလ ၂၅။ စောထွန်းနိုင် (ကေအိုင်စီ)
ယခုရက်ပိုင်းတွင် ဖာပွန်ဒေသအတွင်း ဝင်ရောက်လှုပ်ရှား စခန်းချလာသည့် ဒီကေဘီအေတပ်များသည် ဒေသခံရွာသူရွာသားများ ကို ခေါ်ယူခိုင်းစေသည့်အပြင် စစ်သားသစ်ကိုပါ ကောက်ယူနေကြောင်း ဒေသခံများက ပြောသည်။

အီးယူကော်မရှင်အဖွဲ့ နယ်စပ်ဒုက္ခသည် အခြေအနေ လာရောက်ကြည့်ရှု
Tuesday, 24 Nov, 2009 – 4:29 | Comments Off | Related articles
အီးယူကော်မရှင်အဖွဲ့ နယ်စပ်ဒုက္ခသည် အခြေအနေ လာရောက်ကြည့်ရှု

နိုဝင်ဘာ ၂၄ရက်။ နန်းထူးစံ (ကေအိုင်စီ)
အီးယူကော်မရှင်အဖွဲ့တဖွဲ့သည် နိုဝင်ဘာလ ၂၃ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်း တခုဖြစ်သည့် မယ်လစခန်းသို့ လာရောက်၍ ဒုက္ခသည်များ၏ အခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်ဟု စခန်းကော်မတီဝင်များ ၏ ပြောပြချက်အရ သိရသည်။

မထသ ဒဏ် ယာဉ်တန်းပြေးဆွဲသူများ မခံနိုင်
Sunday, 22 Nov, 2009 – 2:55 | Comments Off | Related articles

မြ၀တီခရိုင် မထသ ခေါ် မြို့နယ်မော်တော်ယာဉ် ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဟာ တောင်ပေါ်လမ်းကြောတလျှောက် အခွန်တွေကို နင်းကန် ကောက်ခံနေတဲ့အတွက် ကားလိုင်းပြေးဆွဲနေသူတွေ မခံမရပ်နိုင် ဖြစ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် နအဖ ဒုရင်းမှူးတဦး အပါအဝင် (၅)ဦး ဒဏ်ရာရ တပ်ခွဲမှူးတဦးကျဆုံး
Saturday, 21 Nov, 2009 – 3:16 | Comments Off | Related articles

နိုဝင်ဘာ (၂၁)ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ဝေါ်လေဂွင်အတွင်း ယခုရက်ပိုင်းတွင် အသစ်ဝင်ရောက် လှုပ်ရှားလာသော နအဖတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့တို့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဒုရင်းမှူးတဦးအပါအဝင် တပ်ဗိုလ်တပ်မှူး(၅)ဦး ဒဏ် ရာရရှိခဲ့ပြီး တပ်ခွဲမှူးတဦး ကျဆုံးခဲ့ကြောင်း ထိုဒေသမှ လာသည့်သတင်းရသိရသည်။

လက်နက်ကိုင်အကျဉ်းသား ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည့်အပေါ် ကေအဲန်ယူ ကြိုဆို
Thursday, 19 Nov, 2009 – 4:38 | Comments Off | Related articles

နိုဝင်ဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(ယူအဲန်အိပ်ခ်ျစီအာရ်)က အိန္ဒိယနိုင်ငံကလကတ္တား အကျဉ်းထောင်တွင် နှစ် ရှည် ထိန်းသိမ်းခံရသည့် မြန်မာလက်နက်ကိုင်အဖွဲ့ဝင် ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံရန် စဉ်းစားခဲ့သည့် အပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကြိုဆိုလိုက်သည်။