Home သတင်း ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ (၁၀)ပြည့်‌မွေး‌နေ့ကို ဂုဏ်ပြု

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ (၁၀)ပြည့်‌မွေး‌နေ့ကို ဂုဏ်ပြု

1971
‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကယန်မျိုးဆက်သစ်လူငယ်- KNGY က ၎င်းတို့ အဖွဲ့၏ ဖွဲ့စည်းခြင်း ၁ဝနှစ်ပြည့် ‌မွေး‌နေ့ကို ဂုဏ်ပြုသည့် အ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ် တ‌နေရာတွင် အခမ်းအနားတစ်ခု ပြုလုပ်သကဲ့သို့ သျှမ်းပြည်နယ် ‌တောင်ပိုင်း မိုးဗြဲမြို့နယ်ရှိ ကယန်း‌ဒေသ တ‌နေရာ၌လည်း ကျင်းပခဲ့သည်။

၎င်းတို့အ‌နေဖြင့် ၁ဝနှစ်တာကာလ ခရီးတ‌လျှောက် လုပ်‌ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များတွင် အခက်အခဲ အမျိုး မျိုးနှင့် အားနည်းချက်အချို့ရှိသကဲ့သို့ ‌အောင်မြင်မှုအများအပြားရှိခဲ့ပြီး ၁ဝစုနှစ်တစ်ခုကိုလည်း ‌အောင်မြင်စွာ ‌ကျော်ဖြတ်နိုင်ခဲ့သည်ဟု KNGY က ‌ပြောသည်။

KNGY မှ ပြင်ပ‌ရေးရာ တာဝန်ခံ ခူးဂျယ်ရီခမ်းက “ကျ‌နော်တို့ ကယန်းမျိုးဆက်သစ်လူငယ်ဟာ အချုပ်အ‌နှောင် ကင်းမဲ့တဲ့ အဖွဲ့တစ်ခုဖြစ်သလို အခက်အခဲများစွာ ကြားထဲက‌နေ ကြိုးစားရင်း ယ‌နေ့ထိတိုင် ရပ်တည်လာနိုင်ခဲ့ တာဟာ တကယ့်အမျိုးသား‌ရေးအတွက် ကျတဲ့တာဝန် လုပ်‌ဆောင်နိုင်ဖို့ လူငယ်များကို ပညာ‌ပေးမြှင့်တင်‌ပေး ‌ရေး သင်တန်း‌တွေ လုပ်‌ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ KNGY ‌ပေါ်လာသည့်‌နောက် သျှမ်းပြည်နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်ရှိ ကယန်း‌နေထိုင်ရာ ‌ဒေသ၌ မြန်မာအစိုးရ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုအပါအဝင် အခြားအဖြစ်အပျက်များကို မှတ်တမ်းတင် လုပ် ‌ဆောင်လာနိုင်ခဲ့သည်ဟု သူက ဆက်‌ပြောသည်။

ကယန်းအမျိုးသား‌ရေး ပိုမိုအလုပ်လုပ်‌ဆောင်နိုင်ရန် ရည်ရွယ်၍ မျိုးဆက်သစ်လူငယ်များအတွက် ပညာ‌ရေးမြှင့် တင်‌ရေးသင်တန်းများဖြစ်သည့် ဒီမိုက‌ရေစီ ပညာ‌ပေး‌ရေး၊ လူ့အခွင့်အ‌ရေးပညာ‌ပေး‌ရေး၊ သဘာဝပတ်ဝန်းကျင် ပညာ‌ပေး‌ရေး စသည့် သင်တန်းများကို KNGY က လုပ်‌ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သည့် ၁ဝနှစ်ပြည့် KNGY ‌မွေး‌နေ့အခမ်းအနားတွင် ကယန်းလူငယ်များ၊ လူမှု ‌ရေးအဖွဲ့နှင့် မြန်မာ့ဒီမိုက‌ရေစီအင်အားစု အဖွဲ့အချို့အပါအဝင် စုစု‌ပေါင်း ပရိဿတ် ၅ဝ ခန့် တက်‌ရောက်ခဲ့ပြီး မိုးပြဲမြို့နယ် ကယန်း‌ဒေသတွင် ပြုလုပ်သည့်အခမ်းအနားတွင် လုပ်‌ဖော်ကိုင်ဖက်မျာနှင့် လူထုပရိဿတ် ၃ဝ ‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

တဆက်တည်း၌ပင် KNGY က ၎င်းတို့၏ (၁၀)နှစ်ပြည့်သည့်‌နေ့တွင် ‌ကြေညာချက်တစ်‌စောင်ထုတ်ပြန်ကာ ‌ကြေညာချက်အရ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးသည် ဒီမိုက‌ရေစီဖြစ်ထွန်းမှု လမ်းစ‌ပေါ်သို့ ‌ရောက်ရှိ‌နေပြီဟု ယူဆနိုင်‌သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်း‌ရေး မ‌ဖော်‌ဆောင်နိုင်‌သေးခြင်း၊ နိုင်ငံ‌ရေးအကျဉ်း သားများအားလုံး ခြွင်းချက်မရှိ မလွှတ်‌ပေး‌သေးခြင်းနှင့် တိုင်းရင်းသားများ၏ အ‌ရေးကို နိုင်ငံ‌ရေးအရ မ‌ဆွေး‌နွေး ‌သေးခြင်းတို့ကို ကြည့်ပါက စစ်မှန်‌သော အသွင်ကူး‌ပြောင်း‌ရေး မဆိုနိုင်‌သေး‌ကြောင်း ‌ထောက်ပြထားသည်။

ထို့အပြင် ကယန်း‌ဒေသတွင် အထူးသဖြင့် အကျင့်ပျက်လာဘ်စားမှုများနှင့် မူးယစ်‌ဆေးဝါး ထုတ်လုပ်သုံးစွဲမှု များပြားလာခြင်း‌ကြောင့် လူထုများသည် လူ‌နေမှုဘဝများ နိမ့်ကျရှိသည်ဟုလည်း ‌ဖော်ပြထားသည်။

လက်တ‌လော ပြည်တွင်းတွင် လှုပ်ရှား‌နေသည့် ယခင်လ ဇန်နဝါရီတွင် အကျဉ်း‌ထောင်မှ ပြန်လည်လွတ် ‌မြောက်လာသူ KNGY ၏ တွဲဖက်အတွင်း‌ရေးမှူး ခူးဘီထူးက “ကယန်း‌ဒေသမှာ ဘိန်းစိုက်ပျိုးတဲ့ ပမာဏ‌တွေ ပိုများလာတယ်။ စိုက်ပျိုးပြီးတဲ့‌နောက်မှာ ရာဘစိတ် ကြွ‌ဆေးပြား‌တွေ ထုတ်လုပ်တာတို့၊ ‌နောက် အမျိုးမျိုး‌ရော ပြီးမှ ပြန်သုံးတာ‌တွေ အရမ်းဆိုးရွားလာတယ်။ ဒါ‌ကြောင့် လူ‌နေမှုအဆင့်ကလည်း နိမ့်ကျလာတာ။”ဟု ‌ပြော သည်။

ကယန်းလူမျိုးများ ‌နေထိုင်သည့် သျှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးပြဲမြို့နယ်နှင့် ကရင်နီ(ကယား) ပြည်နယ် ဒီ‌မောဆိုမြို့နယ်အတွင်းရှိ ကယန်းလူမျိုး ၃ပုံ ၁ပုံသည် မူးယစ်‌ဆေးဝါး သုံးစွဲ‌နေကြခြင်းဖြစ်ပြီး အထူး သဖြင့် လူငယ်အများဆုံးဖြစ်သည်ဟု သူက ရှင်းပြသည်။

လက်ရှိ ကယန်း‌ဒေသ၌ အမျိုးသား‌ရေး၊ နိုင်ငံ‌ရေးနှင့် လူမှု‌ရေးများ‌ဆောင် ရွှက်‌နေကြ‌သော ကယန်းပြည်သစ် ပါတီ-KNLP၊ ကယန်းအမျိုးသားပါတီ-KNP၊ ကယန်းအမျိုးသမီးအစည်းအရုံး-KYWO တို့နှင့် အတူတကွ ပူး‌ပေါင်း ၍ လုပ်ငန်းများ လက်တွဲလုပ်‌ဆောင်သွားမည်ဟု KNGY က ‌ပြောသည်။

၎င်းအပြင် KNGY အ‌နေဖြင့် ကယန်း‌ဒေသ၌ လှုပ်ရှားပြီး လူငယ်ဖွံ့ဖြိုး‌ရေးအတွက် ပညာ‌ရေး၊ ကျန်းမာ‌ရေး သင်တန်းများ‌ပေးခြင်း၊ နိုင်ငံ‌ရေး၊ လူ့အခွင့်‌ရေး၊ ဒီမိုက‌ရေစီ ပညာ‌ပေးသင်တန်းများ‌ပေးခြင်းနှင့် မြန်မာပြည်တွင်း ရှိ အစိုးရအဖွဲ့များ၊ NGOs အဖွဲ့များ၊ ‌ဒေသခံများနှင့်ပူး‌ပေါင်း၍ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းများ လုပ်‌ဆောင်သွားရန်နှင့် လူမှု‌ရေးလုပ်ငန်းများ လုပ်‌ဆောင်သွားရန်ရှိသည်ဟု ခူးဘီထူးက ‌ပြောဆိုသည်။

ကယန်းလူထုများအကြား စည်းလုံးညီညွှတ်‌ရေးတည်‌ဆောက်ခြင်းနှင့် နိမ့်ကျ‌နေ‌သော ကယန်းတို့၏ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေး စသည့်တို့ကို မြှင့်တင်ရန် ရည်ရွယ်၍ ကယန်းလူငယ်အချို့နှင့် ကယန်း‌ခေါင်း‌ဆောင် အချို့ တိုင်ပင်ပြီး KNGY ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။