Home သတင်း ခရီးသည်ယဉ်တိမ်း‌မှောက်မှု‌ကြောင့် ကရင်အမျိုးသမီး တဦး‌သေဆုံး

ခရီးသည်ယဉ်တိမ်း‌မှောက်မှု‌ကြောင့် ကရင်အမျိုးသမီး တဦး‌သေဆုံး

1610
‌ဖေ‌ဖော်ဝါရီလ ၁၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ ‌မြောက်ပိုင်းကန်ဖယ်ဖဲချ်ခရိုင် ‌ခေါင်ခွန်ရွာအနီး တွင် ခရီးသည်တင် မှန်လုံကားတစီး ယမန် ‌နေ့က တိမ်း‌မှောက်ခဲ့ရာ ကရင်အမျိုးသမီးတဦး အပါအဝင် ၂ ဦး‌သေဆုံးပြီး မြန်မာအလုပ်သမား အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။

မဲ‌ဆောက်မြို့ ဟိုးဆန်ဂရွတ် ကားကုမ္ပဏီမှ ဘန်‌ကောက်မြို့သို့သွားသည့် ခရီးသည်တင် မှန်လုံကား သည် ထိုင်းလူမျိုး ယာဉ်‌မောင်းသူ ၁ဦးနှင့် မြန်မာလုပ်သားခရီးသည် ၁၇ ဦး(ကရင်၃ဦးအပါ)တို့ လိုက် ပါစဉ် ‌ခေါင်ခွန်ရွာအနီးတွင် တိမ်း‌မှောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒဏ်ရာရရှိခဲ့သူ့ ကိုထွန်းလှိုင်က ‌ပြော သည်။

၎င်းက “အားလုံး အိပ်‌ပျော်‌နေတဲ့အချိန်ဖြစ်သွား‌တော့ ရုတ်တရတ်မှာ ဘယ်လိုဖြစ်သွား မှန်းမသိဘူး။ သိလိုက်တဲ့ အချိန်မှာကားက လမ်း‌ဘေးကို ထိုးဆင်းသွားပြီး သစ်ပင်နဲ့ တိုက်ပြီး ‌မှောက်သွားတာပဲ။ မွန်အမျိုးသမီးကြီးက‌တော့ ‌နေရာမှာတင်ပဲ ပွဲချင်းပြီး‌သေသွားခဲ့တာ။ ကရင်မ‌လေးက‌တော့ ‌ဆေးရုံ ‌ရောက်မှ‌သေခဲ့တာ” ဟု‌ပြောသည်။

အခင်းဖြစ်ပွားချိန်မှာ မနက် ၁နာရီဝန်းကျင်ဖြစ်ပြီး နီးစပ်ရာ ဆိုင်ကယ်တက္ကစီသမား အကူအညီဖြင့် မနက် ၅နာရီတွင် ဒဏ်ရာရရှိသူများကို ‌ခေါင်ခွန်‌ဆေးရုံတွင် ‌ဆေးကုသခံခဲ့ကြသည်ဟု ဆက်‌ပြော သည်။

ခရီးသည်အချို့မှာ ‌ဆေးကုသစရိတ် အခက်အခဲများ‌ကြောင့် ကားကုမ္ပဏီသို့ ဖုန်းဆက်အ‌ကြောင်း ကြားခဲ့‌သော်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဟု‌ပြောဆို‌နေပြီး တာဝန်ယူမှုမရှိသည့်အတွက် ဒဏ်ရာမ ‌ပျောက်ကင်း‌သေး‌သော်လည်း လုပ်ငန်းပြန်ဝင်‌နေကြရသည်။

ဒဏ်ရာရရှိသူ ကရင်အမျိုးသမီးတစ်ဦးက “‌ဆေးရုံက‌ပေးမဆင်းဘူး။ အလုပ်ပြုတ်မှာ‌ကြောက်လို့ ‌ဆေး ရုံ က‌တောင်းဆင်းလာတာ။ တစ်ရက်‌ဆေးရုံတက်တာ (ထိုင်း)ဘတ် ၃,၀၀ဝ ကုန်တယ် အခုထိ ဘယ်သူမှ မ‌ပေးဘူး။”ဟု ‌ပြောသည်။

ကားတိမ်း‌မှောက်မှုတွင် ပါဝင်သည့် မြန်မာလုပ်သား ခရီးသည်များ (၁၇ ‌ယောက်)သည် ယာယီနိုင်ငံ ကူးပတ်စ်ပို့ ကိုင်‌ဆောင်ထားကြသူများ ဖြစ်သည်။ ၎င်းတို့မှာ ‌ဆေးကုသစရိတ်များကို မိမိကိုယ်တိုင် ‌ပေး‌ဆောင်‌နေရပြီး ကား‌မောင်းသမားနှင့် ခရီးသည်တဦးမှာလည်း ‌ပျောက်ဆုံး‌နေ‌ကြောင်း ခရီးသည် တဦးက ‌ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ ထိုင်းတာဝန်ရှိ ရဲတစ်ဦးက ဒဏ်ရာရသူများ၏ လိပ်စာနှင့် ဖုန်းနံပါတ် အတိ အကျ‌တောင်းယူခဲ့ပြီး ‌နေပြန်‌ကောင်းလာပါက ရဲဌာနရုံးသို့ အ‌ကြောင်းကြားရန်‌ပြော‌ကြောင်း ကိုထွန်း လှိုင်က ‌ပြောသည်။

ဒဏ်ရာရရှိခဲ့သူ မြန်မာလုပ်သား အချို့က ၎င်းတို့၏ နစ်နာ‌ကြေးအတွက် ကားကုမ္ပဏီတွင် ဆက်လက် ‌တောင်းဆိုသွားမည်ဟု သိရသည်။

မြန်မာအလုပ်သမားများ နစ်နာ‌ကြေးရရှိရန်အတွက် အလုပ်သမား၊ ထိုင်းအစိုးရနှင့် အလုပ်သမားအ ‌ရေးကူညီ‌ဆောင်ရွက်‌ပေး‌နေသူများ ပူး‌ပေါင်း‌ဆောင်ရွက်မှသာ လုပ်‌ဆောင်နိုင်မည်ဟု ပညာ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး ‌ဖောင်‌ဒေးရှင်း(FED)မှ ဒါရိုက်တာ ဦးထူးချစ် က‌ပြောသည်။

အမှုကိစ္စများအတွက်‌လျော်‌ကြေးရရန် အလုပ်သမားများအ‌နေနှင့် ထိုင်းအစိုးရထံတိုင်ကြားဖို့ လုပ်သား ကူညီ‌ပေးသည့်အဖွဲ့များနှင့်ဆက်သွယ်သင့်‌ကြောင်း သူက ဆက်‌ပြောသည်။