Home သတင်း DKBA ပစ်ခတ်မှု‌ကြောင့် BGF တပ်ဖွဲ့ဝင်၅ဦး ထိခိုက်‌သေဆုံး မှုများရှိ

DKBA ပစ်ခတ်မှု‌ကြောင့် BGF တပ်ဖွဲ့ဝင်၅ဦး ထိခိုက်‌သေဆုံး မှုများရှိ

2104
‌ဖေ‌ဖော်ဝါရီလ ၂ဝရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသတွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (DKBA)မှ နယ်ခြား ‌စောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားတစ်စီးအား ယမန်‌နေ့က ပစ်ခတ်ခဲ့ရာ ၅ဦး ထိခိုက်‌သေဆုံး ခဲ့သည်ဟု ဒီ‌ကေဘီ‌အေ ဘက်က ‌ပြောသည်။

ယမန်‌နေ့ မွန်းလွဲ ၂နာရီခွဲအချိန်၌ မြိုင်ကြီးငူလမ်းခွဲတွင် နယ်ခြား‌စောင့်တပ် (၁၀၁၁)တပ်ရင်း စီးနင်းလာသည့် ကားကို ဗိုလ်ဘိ ဦး‌ဆောင် သည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု‌ကြောင့် ကားထဲရှိ နယ်ခြား‌စောင့်တပ် ဗိုလ်ကြီး‌အေးဝင်းမင်းနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး တပ်သား ၃ဦးမှာ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။

အမည်မ‌ဖော်လိုသည့် ဒီ‌ကေဘီ‌အေ တပ်မှူးတစ်ဦးက “မြိုင်ကြီးငူလမ်းခွဲ မြို့လယ်မှာပဲ ဖြစ်တယ်။ ကျ‌နော်တို့လူ‌တွေပစ်တာ။ ကားစီးလာ တဲ့ ဗိုလ်‌အေးဝင်းမင်းနဲ့အတူ ပါလာတဲ့ သူ့လူ ၁‌ယောက်။ ကားထဲမှာရှိတဲ့ လူ‌တွေလည်း အကုန်လုံး ဒဏ်ရာရရှိခဲ့တယ်။”ဟု ကရင်သတင်း ဌာနသို့ ‌ပြောသည်။

အဆိုပါ နယ်ခြား‌စောင့်တပ်ဖွဲ့သည် ရင်းပိုင်း‌ချောင်းမှ မြိုင်ကြီးငူတစ်‌လျှောက် အနီးအနားရှိ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ၏ စခန်းများတွင် လက်နက် ၂၃လက်ကို ဝင်‌ရောက်သိမ်းဆည်းမှု‌ကြောင့် ဒီ‌ကေဘီ‌အေဘက်မှ ယခုလို ပစ်ခတ်ရခြင်းဖြစ်သည်ဟု ၎င်းတပ်မှူးက ‌ပြော သည်။

ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် နယ်ခြား‌စောင့်တပ်ရင်း(၁၀၁၁)သည် မြိုင်ကြီးငူ‌ဒေသ ရင်းပိုင်း‌နေရာရှိ ဗိုလ်ကြီးရဲချစ် ဦးစီး‌သော DKBA တပ်ဖွဲ့ကို မိနစ် ၂ဝကြာ ဝင်‌ရောက်ပစ်ခတ်ခဲ့ပြီး လက်နက်များကို သိမ်းယူသွားခြင်းဖြစ်‌ကြောင်းလည်း KNLA တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌ဂျော်နီက အတည်ပြု‌ပြောဆိုခဲ့သည်။
မြိုင်ကြီးငူအနီးတဝိုက်တွင် လှုပ်ရှား‌နေသည့် KNLA တပ်ဖွဲ့ဝင်တစ်ဦးက “ဒီကိစ္စဟာ အပြန်အလှန် လက်နက်သိမ်းတဲ့ ပြဿနာက‌နေ စပြီး ဖြစ်တာပါ။ သူတို့‌တွေ အချင်းချင်း မ‌ပြေလည်မှု‌တွေ စတင်ဖြစ်ပွားတဲ့ ပြဿနာရဲ့ ‌နောက်ဆက်တွဲ‌တွေပါပဲ။”ဟု ‌ပြောသည်။

ယခုလို နှစ်ဖက် စစ်‌ရေးအ‌ခြေအ‌နေ တင်းမာမှု‌ကြောင့် ဒီ‌ကေဘီ‌အေ အ‌ခြေစိုက်ရာ မြိုင်ကြီးငူ‌ဒေသနှင့် မဲ့သ‌ဝေါ‌ဒေသဘက်တွင် စစ်‌ရေး ပြင်ဆင်မှုများ လုပ်‌ဆောင်ထားသကဲ့သို့ နယ်ခြာ‌စောင့်တပ်ဘက်တွင်လည်း စစ်‌ရေးပြင်ဆင်မှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် BGF နှင့် DKBA တို့ နှစ်ဖက်အ‌ခြေအ‌နေ တင်းမာ‌နေချိန်တွင် အင်အားရာနှင့်ချီသည့် မြန်မာအစိုးရ ၏ တပ်များလည်း ထို‌ဒေသသို့ ‌ရောက်ရှိလာ‌နေသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ယခင်လ ၁၈ရက်‌နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့သ‌ဝေါ‌ကျေးရွာ အ‌ခြေစိုက် နယ်ခြား‌စောင့်တပ် BGF တပ်ရင်း(၁၀၁၁) တပ်ဖွဲ့ ဝင်များ၏ လက်နက်များကို ဗိုလ်မှူး‌စောဘိ ဦး‌ဆောင်သည့် DKBA တပ်ဖွဲ့မှသိမ်းဆည်းမှု ဖြစ်ပွားခဲ့‌သော်လည်း ထိုသိမ်းဆည်းရမိသည့် လက်နက်များကို ပြန်လည်အပ်နှံခဲ့သည်။