Home သတင်း DKBA နှင့် BGF စစ်‌ရေးတင်းမာ မှု‌ကြောင့် ‌ဒေသခံ ၅၀‌ကျော် ထိုင်းဘက်ခြမ်းသို့ တိမ်း‌ရှောင်‌နေ

DKBA နှင့် BGF စစ်‌ရေးတင်းမာ မှု‌ကြောင့် ‌ဒေသခံ ၅၀‌ကျော် ထိုင်းဘက်ခြမ်းသို့ တိမ်း‌ရှောင်‌နေ

2223
‌ဖေ‌ဖော်ဝါရီလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)နှင့် နယ်ခြား‌စောင့်တပ် (BGF) တို့ ယမန်‌နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စစ်‌ရေးပြင်ဆင်မှု များ‌ကြောင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သ‌ဝေါရွာ သူရွာသား ၅ဝဦး‌ကျော်မှာ ယခု အချိန်တွင် ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေး တိမ်း‌ရှောင်‌နေရသည်။

မဲ့သ‌ဝေါရွာသားတစ်ဦးက “သူများ‌ပြောတာ အ‌ခြေအ‌နေမ‌ကောင်းဘူးဆိုပြီး ထိုင်းဘက်ခြမ်းကို ခဏ‌ရှောင်ထားလို့ ‌ပြောတဲ့အတွက် ကျ‌နော်တို့ ဟိုး-မ‌နေ့ညကတည်းက ထွက်‌ပြေးလာတာပါ။ ဒီမနက်လည်း အများကြီး ထပ်ကူး‌သေးတယ်။ စာသင်‌ကျောင်းလည်း အကုန် ပိတ်လိုက်ရပြီ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ‌နေ့လယ် ၁၁နာရီ‌ကျော်အချိန်တွင်လည်း မြိုင်ကြီးငူ‌ဒေသရှိ BGF မှ DKBA စခန်းကို စနိုက်ပါ‌သေနတ်ဖြင့် လာ‌ရောက် ‌ချောင်း ‌မြောင်း ပစ်ခတ်မှု‌ကြောင့် DKBAဘက်က ဗိုလ်တစ်ဦးမှာ လက်တွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ဟု DKBA ဘက်က ‌ပြောသည်။

မဲ့သ‌ဝေါ‌ကျေးရွာရှိ DKBA တပ်မှူးတစ်ဦးက “ကျ‌နော်တို့ သတ်မှတ်ထားတဲ့ နယ်‌မြေအတွင်းမှာ BGF တပ်ဖွဲ့‌တွေ ဝင်လာလို့ရှိရင် ပစ်ဖို့ အ မိန့်ရပြီးသားဖြစ်တယ်။ မဲ့သ‌ဝေါ‌အောက်က ‌ရေတံခွန်ဆိုတဲ့‌နေရာကို ‌ကျော်လာရင်‌တော့ ပစ်ရမှာပဲ။”ဟု ‌ပြောသည်။

ထို့အပြင် ‌ကေအဲန်ယူတပ်မဟာ(၁)နယ်‌မြေရှိ DKBAတပ်ဖွဲ့ဝင်အင်အား ၆၀ဝန်းကျင်ခန့်သည် ယ‌နေ့မွန်းလွဲပိုင်းတွင် မြိုင်ကြီးငူသို့ ပြန်လည်‌ခြေကုပ်‌နေရာသကဲ့သို့ မဲ့သ‌ဝေါ‌ဒေသရှိ DKBA တပ်ဖွဲ့များသည်လည်း စစ်‌ရေးအရံသင့်ပြင်ဆင်ထားသည်ဟု DKBA ဘက်က ‌ပြောသည်။

DKBA တပ်မှူးက“ ကျ‌နော်တို့‌တွေ စစ်‌ရေး အဆင်သင့်ပြင်ထားသလို BGFလည်း အဆင်သင့်ပြင်ထားတယ်ဆို‌တော့ အချိန်မ‌ရွေး ပစ်ခတ် ဖြစ်ပွားနိုင်တယ်။ သူတို့ သိမ်းထားတဲ့ လက်နက်‌တွေ ကျ‌နော်တို့ ပြန်‌တောင်းယူလို့ မရလို့က‌တော့ BGF ‌တွေ အလုပ်များပြီးသာ မှတ် ‌တော့။”ဟု ‌ပြောသည်။

အဆိုပါ ထိုင်းဘက်ခြမ်းသို့ တိမ်း‌ရှောင်လာသည့် ရွာသားများသည် နီးစပ်ရာ အသိမိတ်‌ဆွေအိမ်များတွင် ‌ခေတ္တခိုလှုံလျှက်ရှိပြီး လက်ရှိအ ချိန်ထိ မည်သည့်လူမှုအဖွဲ့အစည်းမှ လာ‌ရောက်ကူညီ‌ထောက်ပံ့‌ပေးခြင်း မရှိ‌သေး‌ပေ။

ယမန်‌နေ့ မွန်းလွဲပိုင်းက နယ်ခြား‌စောင့်တပ်- BGF (၁၀၁၁)သည် DKBA တပ်ဖွဲ့ဝင်များ၏ လက်နက် ၂၃လက်ကို သိမ်းဆည်းပြီး ပြန်လာ ရာ မြိုင် ကြီးငူလမ်းခွဲတွင် ၎င်းတို့စီးနင်းလာသည့်ကားကို DKBA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် BGF တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်‌သေဆုံးခဲ့သည်။

DKBA နှင့် BGF တို့၏ စစ်‌ရေးတင်းမာမှုနှင့် ပတ်သက်၍ KNU တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌ဂျော်နီက “ဒီကိစ္စဟာ ကျ‌နော်တို့နဲ့ မဆိုင်ပါ ဘူး။ ဘုန်းကြီး(မြိုင်ကြီးငူဆရာ‌တော်)ရဲ့လူ‌တွေ အချင်းချင်းဖြစ်တဲ့ ပြဿနာဆို‌တော့ ကျ‌နော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။”ဟု ‌ပြော သည်။

ဗိုလ်ဘိဦး‌ဆောင်သည့် DKBA အဖွဲ့သည် ယခင်နှစ် ၂၀၁ဝခုနှစ် ဩဂုတ်လက အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးကို လက်ခံခဲ့ပြီး ၈လအကြာတွင် အစိုးရတပ်နှင့် ပစ်ခတ်မှု ဖြစ်ပွားကာ DKBA အဖွဲ့အဖြစ် ပြန်လည်ရပ်တည်ခဲ့သည်။ ထို့‌နောက် ဗိုလ်ချုပ်‌စော လားပွယ်(နှုတ်ခမ်း‌မွှေး) ဦး‌ဆောင်သည့် ကလို့ထူး‌ဘောအဖွဲ့နှင့် ပြန်လည်ပူး‌ပေါင်းကာ ကလို့ထူးဝါး၊ ကလို့ထူးလားဗျူဟာဟူ၍ ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဗိုလ်ဘိတို့အဖွဲ့ကို ကလို့ထူးလားဗျူဟာအဖြစ် သတ်မှတ်ခဲ့သည်။

ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် DKBA ကလို့ထူး‌ဘောတပ်ဖွဲ့သည် ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလ ၈ရက်‌နေ့မှစ၍ နယ်ခြား‌စောင့်တပ်အ သွင်‌ပြောင်းရန် ငြင်းဆန်ကာ အစိုးရတပ်ကို တနှစ်နီးပါး တိုက်ခိုက်ခဲ့ပြီး ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၃ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၌ အစိုးရငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်များနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့သည်။