Home သတင်း ဘိန်းပြဿနာများ ‌ဖြေရှင်းနိုင် မည့်‌ကော်မရှင်တစ်ရပ် ဖွဲ့စည်း‌ပေးရန် CNP ‌တောင်းဆို

ဘိန်းပြဿနာများ ‌ဖြေရှင်းနိုင် မည့်‌ကော်မရှင်တစ်ရပ် ဖွဲ့စည်း‌ပေးရန် CNP ‌တောင်းဆို

1740
‌ဖေ‌ဖော်ဝါရီလ ၂၂ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ချင်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ပျိုး၊ ထုတ်လုပ်၊ ‌ရောင်းချမှု ပြဿနာများကို ‌ဖြေရှင်း‌ပေးနိုင်မည့် အထူး ‌ကော်မရှင်တစ်ရပ် ပြည်နယ် လွှတ်‌တော်တွင် ဖွဲ့စည်း‌ပေးရန် ချင်းအမျိုးသားပါတီ(CNP) က ‌တောင်းဆိုလိုက်သည်။

CNP မှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဆလိုင်းကြွမ်ဘိ‌ထောင်းက “ဘိန်းစိုက်ခင်းမှာ အလုပ်လုပ်ရင်း ဘိန်း‌စေ့‌တွေကို ငုံလိုက်၊ စားလိုက်နဲ့ လူငယ်တချို့ ပျက်စီး‌နေတာကိုလည်း ကျ‌နော်တို့ ‌တွေ့‌နေရပါပြီ။ ဒါ‌တွေက အန္တရာယ်ကြီးမားပြီး ခြိမ်း‌ခြောက်‌နေတာ ဖြစ်တဲ့အတွက် နှိမ် နင်း‌ပေးဖို့ ‌တောင်းဆိုရခြင်း ဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ထိုသို့ ဘိန်းပြဿနာကို ‌ဖြေရှင်း‌ပေးနိုင်မည့် အထူး‌ကော်မရှင်ဖွဲ့စည်းရန်ု CNP က ယခုလ ၂ဝရက်‌နေ့တွင် ကျ‌ရောက်ခဲ့သည့် ၆၃နှစ် ‌မြောက် ချင်းအမျိုးသား‌နေ့တွင် ထုတ်ပြန်သည့် ပါတီ၏ သ‌ဘောထား‌ကြေညာချက်၌ ထည့်သွင်း ‌တောင်းဆိုထားခြင်း ဖြစ်သည်။

CNP သည် ပြီးခဲ့သည့် ပြည်နယ်လွှတ်‌တော်တွင် တင်ပြခဲ့‌သော်လည်း သတ်မှတ်ထားသည့်ရက်အတွင်း မတင်ပြနိုင်ခဲ့သည့်အတွက် လာ မည့် တတိယအကြိမ် ပြည်နယ်လွှတ်‌တော်တွင် ၎င်းအဆိုကို ထပ်မံ တင်သွင်းသွားမည် ဖြစ်သည်။

‌တောင်းဆိုထားသည့် အထူး‌ကော်မရှင်တွင် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ ကုလသမဂအဖွဲ့ကိုယ်စားလှယ်များ၊ ဘာသာ‌ရေးအဖွဲ့ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းရန် ချင်းပြည်နယ်အစိုးရနှင့် လွှတ်‌တော်သို့ တိုက်တွန်းထားသည်။

ပြည်နယ်လွှတ်‌တော်တွင် အထူး‌ကော်မရှင် ဖွဲ့စည်းခွင့်ရရှိပါက ပညာရှင်များ၏ အကူအညီရယူပြီး ‌ရေတို၊ ‌ရေရှည် စီမံကိန်းများ ‌ရေးဆွဲကာ အစားထိုး ‌မွေးမြူ‌ရေးလုပ်ငန်းများဖြင့် ‌ဖြေရှင်းနိုင်မည့် နည်းလမ်း များရှာ‌ဖွေသွားမည်ဟု ဆလိုင်းကြွမ်ဘိခ်‌ထောင်းက ‌ပြောသည်။

ချင်းပြည်နယ်‌မြောက်ပိုင်း တွန်းဇံ၊ ကျီခါး‌ဒေသများတွင် ဘိန်းစိုက်ခင်းဧက ‌သောင်းချီရှိ‌နေပြီး ပြီးခဲ့သည့် သုံးနှစ်အတွင်း ပိုမိုတိုးပွားလာကာ ထွက်ရှိသည့် ဘိန်းများကို အိန္ဒိယ၊ က‌ဘော်နယ်စပ်တစ်‌လျှောက်နှင့် တရုတ်နိုင်ငံသို့ ‌ရောင်းဝယ်‌နေကြ‌ကြောင်း ၎င်းက ‌ပြောသည်။

ချင်းအမျိုးသားပါတီ (CNP)သည် ၂၀၁ဝခုနှစ်၊ မတ်လ ၂၇ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ ပြည်နယ်လွှတ်‌တော်တွင် အမတ် ၅ ‌နေရာရရှိထား‌သော ပါတီဖြစ်သည်။