Home သတင်း အုန်းဖျန်ဒုက္ခသည်စခန်း မီး‌လောင်မှု ကြီးကျယ်

အုန်းဖျန်ဒုက္ခသည်စခန်း မီး‌လောင်မှု ကြီးကျယ်

2164
‌ဖေ‌ဖော်ဝါရီ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယ‌နေ့ ‌နေ့လည် ၁၂နာရီ‌ကျော်အချိန်မှစ၍ ယခု အချိန်ထိ မီး‌လောင်မှု ဖြစ်ပွားလျှက်ရှိသည်။

အုန်းဖျန်စခန်း၏ ရပ်ကွက်(၆)၊ (၇)နှင့် (၈)တို့တွင် မီး‌လောင်ကျွမ်း‌နေခြင်းဖြစ်ပြီး ‌လောင်ကျွမ်းရသည့် အ‌ကြောင်းရင်းကို လက်ရှိအချိန် တွင် ‌ကေအိုင်စီမှ ဆက်လက်စုံစမ်း‌နေဆဲ ဖြစ်သည်။

“မီး‌လောင်တာ ၁ဝမိနစ်‌လောက်ပဲ ရှိ‌သေးတယ်။ မီးလုံးကြီး‌တွေက တအားတက်‌နေတယ်။ အခုထိလည်း ‌တော်‌တော်‌လောင်‌နေတုန်းပဲ။ ‌လေက ကျ‌နော်တို့ရပ်ကွက်ဘက်ကို‌တောင် တိုက်‌နေ‌တော့ နည်းနည်း စိတ်ပူပြီး အခု လှမ်းကြည့်‌နေရတာ။”ဟု ရပ်ကွက်(၁)‌နေ ဦး ‌အောင်‌ကျော်မြင့်က ‌ပြောသည်။

ယ‌နေ့သည် စခန်းဂို‌ဒေါင်များတွင် ဒုက္ခသည်များက ရိက္ခာအတွက် လူစစ်‌နေချိန်ဖြစ်‌သော်လည်း ယင်းမီး‌လောင်မှု‌ကြောင့် ကစဉ့်ကလျား ‌ပြေးလွှား‌နေကြသည်ဟု သူက ဆိုသည်။

လက်ရှိအ‌ခြေအ‌နေတွင် အိမ်အလုံး (၁၀၀)‌ကျော်မီးထဲ ပါသွားပြီဖြစ်‌ကြောင်း အုန်းဖျန်ဒုက္ခသည်စခန်းမှ ‌စောထူးပလီက ‌ကေအိုင်စီကို ‌ပြောသည်။