Home သတင်း DKBA နှင့် BGF တို့ ပစ်ခတ်မှုတွင် အရပ်သားများ ‌သေဆုံးဒဏ်ရာရရှိခဲ့

DKBA နှင့် BGF တို့ ပစ်ခတ်မှုတွင် အရပ်သားများ ‌သေဆုံးဒဏ်ရာရရှိခဲ့

2453
‌ဖေ‌ဖော်ဝါရီလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောဖိုးမူး (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)နှင့် နယ်ခြား‌စောင့်တပ် (ဘီဂျီအက်ဖ်)တပ်ဖွဲ့တို့ ပြီးခဲ့သည့် ရက် ပိုင်းက ကရင်ပြည်နယ်၊ လှိုှုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အရပ်သား ၂ဦး‌သေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ သည်။

‌သေဆုံးသူများမှာ မြိုင်ကြီးငူအထူး‌ဒေသရှိ အင်ကြင်းမြိုင်ရပ်ကွက်တွင် ‌နေထိုင်သူများဖြစ်ကြသည့် အသက် ၂၀‌ကျော်အရွယ် သားသည် မိခင်တစ်ဦးနှင့် အသက် ၁၈နှစ်အရွယ် မိန်းက‌လေးတစ်ဦးတို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူမှာ အမျိုးသားတစ်ဦးဖြစ်သည်။

အသက်(၂၀)‌ကျော်အရွယ် ‌သေဆုံးသူ အမျိုးသမီး၏ ဦး‌လေး‌တော်သူက “သူ(သူမ) ‌ဈေးဆိုင်မှာ ‌ဈေးဝယ်တဲ့အချိန်နဲ့ ပစ်ခတ်မှု ဖြစ်ပွားတဲ့ အချိန်က တိုက်ဆိုင်သွားတယ်။ ဖြစ်တဲ့‌နေရာမှာပဲ ပွဲချင်းပြီး ‌သေသွားတယ်။ သူ့‌ယောက်ျားက ဘန်‌ကောက်(ထိုင်းနိုင်ငံ)မှာ အလုပ်သွား လုပ်တယ်။ အခု သူ့က‌လေး‌တွေက‌တော့ အမျိုး‌တွေနဲ့ ကျန်ရစ်ခဲ့တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလ ၁၉ရက်‌နေ့ နယ်ခြား‌စောင့်တပ် ၁၀၁၁မှ ဗိုလ်ဘိ ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ ကလို့ထူးလားအဖွဲ့၏ လက်နက် ၂၀‌ကျော် သိမ်း ဆည်းခဲ့အပြီး ဒီ‌ကေဘီ‌အေဘက်က ပြန်လည်‌တောင်းယူ၍ မရ‌သော‌ကြောင့် မြိုင်ကြီးငူလမ်းခွဲတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နယ်ခြား‌စောင့် တပ်ဘက်မှ ကားတစ်စီး ပျက်စီးကာ တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်‌သေဆုံးခဲ့သည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

ထို့အပြင် ‌နောက်တ‌နေ့မနက် ၁၁နာရီ‌ကျော်တွင်လည်း နယ်ခြား‌စောင့်တပ် (၁၀၁၁)တပ်ရင်းမှ DKBA စစ်ကွပ်ကဲ‌ရေးစခန်းက စစ်ဦးစီးမှူး ဖြစ်သူ ဗိုလ်မှူးဝင်း‌မောင်အား အ‌ဝေးမှ စနိုက်ပါ ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နှစ်ဘက် စစ်‌ရေးအ‌ခြေအ‌နေ ပိုမိုတင်းမာလာခဲ့သည်။

ယင်းသို့ ၎င်းတို့နှစ်ဖွဲ့အကြား စစ်‌ရေး တင်းမာမှု‌ကြောင့် ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲမြို့နယ်ရှိ မဲ့သ‌ဝေါ‌ကျေးရွာသူ ရွာသား ၅ဝဦးခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ‌ခေတ္တ ထွက်‌ပြေးခိုလှုံခဲ့ရသည်။