Home သတင်း မြိုင်ကြီးငူတွင် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် ၇၀‌ကျော် ဝိုင်းထားခံရ

မြိုင်ကြီးငူတွင် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် ၇၀‌ကျော် ဝိုင်းထားခံရ

2114
‌ဖေ‌ဖော်ဝါရီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသတွင် အ‌ခြေစိုက်သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA) တပ်ဖွဲ့ဝင် ၇ဝဦး‌ကျော်သည် နယ်ခြား‌စောင့်တပ် (ဘီဂျီအက်ဖ်) တပ်ဖွဲ့ဝင်များ၏ ဝိုင်းရံပိတ်ဆို့ထားခြင်းခံ‌နေရသည်ဟု သိရသည်။

ယခုလ ၁၉ရက်‌နေ့က ဒီ‌ကေဘီ‌အေနှင့် ဘီဂျီအက်ဖ်တပ်ဖွဲ့များအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး ယခုအချိန်ထိ ဘုန်းကြီး‌ကျောင်းရှိ ဗိုလ် မှူး‌မောင်‌လေး(ဖူးကစယ်)နှင့် ဗိုလ်မှူးရဲချစ်ဦးတို့ဦးစီးသည့် ဒီ‌ကေဘီ‌အေ ၉၀၅နှင့် ၉၀၆တပ်ရင်းမှ တပ်ဖွဲ့ဝင် ၇၀‌ကျော်အား နယ်ခြား‌စောင့် တပ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၉ တပ်ရင်း သုံးရင်းမှ အင်အား (၇၀၀)ခန့်က ဝိုင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဒီ‌ကေဘီ‌အေ တပ်မှူးတစ်ဦးက “‌လော‌လောဆယ် အင်ကြင်းမြိုင်ရပ်ကွက် ဘုန်းကြီး‌ကျောင်းမှာ ကျ‌နော်တို့တပ်ဖွဲ့ဝင် ၇၀‌ကျော်ကို BGF တပ်ဖွဲ့‌တွေ ဝိုင်းထားတယ်။ အ‌ခြေအ‌နေက အခုထိ တိုးတက်မှု ဘာမှ မရှိ‌သေးဘူး။ သူ့အ‌ခြေအ‌နေ ကိုယ့်အ‌ခြေအ‌နေ ကြည့်‌နေကြတာ ‌ပေါ့။”ဟု ‌ပြောသည်။

မြိုင်ကြီးငူ အ‌ခြေစိုက် နယ်ခြား‌စောင့်တပ် ၁၀၁၁တပ်ရင်းမှ ရင်းပိုင်း‌ချောင်းနှင့် မဲ့သ‌ဝေါဘက်ရှိ ဒီ‌ကေဘီ‌အေစခန်း ၅ခုကို ဝင်‌ရောက်ပြီး လက်နက်‌ပေါင်း ၂၀‌ကျော်ကို သိမ်းယူသွားခဲ့ခြင်း‌ကြောင့် ပစ်ခတ်မှု စတင် ဖြစ်ပွားခဲ့ရာမှ ၎င်းတို့နှစ်ဖွဲ့အကြား အ‌ခြေအ‌နေ ပိုမို တင်းမာ လာခြင်းဖြစ်သည်။

အဆိုပါ တင်းမာမှု အ‌ခြေအ‌နေများကို ‌ဖြေရှင်းရန် ယမန်‌နေ့က (ပြည်သူ့စစ်နှင့် နယ်ခြား‌စောင့်တပ်များ ညွှန်ကြား‌ရေးမှူး ဗိုလ်ချုပ်‌မောင် ‌မောင်အုန်း၊ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ခင်‌မောင်ဝင်း၊ နယ်ခြား‌စောင့်တပ် အကြံ‌ပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ဖားနွီးနှင့် ဒီ‌ကေဘီ‌အေဘက်မှ ဗိုလ်မှူးဆန်း‌အောင်၊ ဗိုလ်မှူး‌မောင်‌လေးတို့ မြိုင်ကြီးငူ‌ဒေသတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သော်လည်း ‌ပြေလည်မှု မရရှိ ‌ကြောင်း ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

“သိမ်းထားတဲ့ လက်နက်‌တွေကို ဖားနွီးက‌တော့ ပြန်‌ပေးချင်တယ်။ ဗိုလ်ချုပ်‌မောင်‌မောင်အုန်းက ပြန်မ‌ပေးချင်ဘူး‌ပြောတယ်။ ဒါ‌ပေမယ့် ၂ရက်အတွင်းမှာ ပြန်‌ပေးမယ်လို့ ‌ပြောပြန်တယ်။ အ‌ခြေအ‌နေက သိပ်မဟန်ဘူး။”ဟု ဆိုသည်။

၎င်းတင်းမာမှုအ‌ခြေအ‌နေကို တာဝန်ရှိသူများ ကြားဝင်‌ဖြေရှင်း၍ ‌ပြေလည်မှု မရရှိ‌သော‌ကြောင့် ဒီ‌ကေဘီ‌အေဘက်က ယမန်နှစ် ဒီဇင်ဘာ လ ၁၁ရက်‌နေ့တွင် သ‌ဘောတူညီခဲ့သည့် အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေးကို ဖျက်သိမ်းလိုက်သည်ဟု သတင်းများ ထွက်‌ပေါ်‌နေသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဒီ‌ကေဘီ‌အေ G1 ဗိုလ်မှူးကြီးဟီဒိုက “‌လော‌လောဆယ် ကျ‌နော်တို့လူ‌တွေ ခရီးသွားတဲ့အခါကျ‌တော့ လက်ရှိ အ‌ခြေအ‌နေ‌တွေအားလုံးကို ကျ‌နော်တို့ ‌ပြောလို့မရ‌သေးပါဘူး။ သူတို့‌တွေ ပြန်‌ရောက်လာတဲ့အခါကျမှ အကုန်လုံးကို ‌ပြောပြလို့ရမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူး‌စောဘိ ဦးစီးသည့်တပ်ဖွဲ့သည် ယမန်နှစ် အစိုးရ၏ နယ်ခြားတပ်‌စောင့်ဖွဲ့စည်း‌ရေး လက်ခံခဲ့ပြီးမှ တပ်အင်အား ၁,၀၀ဝနီးပါးခန့် ဒီ‌ကေဘီ‌အေအဖြစ်သို့ ပြန်လည်ရပ်တည်ခဲ့ပြီး မြိုင်ကြီးငူ အထူး‌ဒေသနှင့် မဲ့သ‌ဝေါ‌ဒေသတို့တွင် လှုပ်ရှားလျှက်ရှိသည်။ ထို့‌နောက် ဗိုလ် ချုပ်‌စောလားပွယ် ဦးစီးသည့် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောတပ်ဖွဲ့နှင့် ပူး‌ပေါင်းကာ ကလို့ထူးလားအဖွဲ့ဟူ၍ ပြန်လည် ဖွဲ့စည်းခဲ့သည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ခွဲထွက်ကာ ၁၅နှစ်‌ကျော်ကြာ အစိုးရနှင့် ပူး‌ပေါင်း ခဲ့ပြီး ၂၀၁ဝခုနှစ်၊ ဩဂုတ်လတွင် တပ်ရင်းအများစုက အစိုးရတပ် လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်အသွင်သို့ ကူး‌ပြောင်းသွားခဲ့သည်။

သို့‌သော် ဗိုလ်ချုပ်‌စောလားပွယ်ဦးစီးသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့က နယ်ခြား‌စောင့်တပ် ကူး‌ပြောင်း‌ရေး အစီအစဉ်ကို လက်မခံဘဲ ၂၀၁ဝခု နှစ်၊ နိုဝင်ဘာလ ၈ရက်‌နေ့မှစ၍ တနှစ်နီးပါးကြာ အစိုးရကို ပြန်လည်ခုခံ‌တော်လှန်ခဲ့ရာ ယမန်နှစ် ဒီဇင်ဘာလ ၁၁ရက်‌နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။