Home သတင်း တရုတ်ရှိ မြန်မာအမျိုးသမီးအလုပ် သမားများဥပ‌ဒေအကာအကွယ်လိုအပ်‌နေ

တရုတ်ရှိ မြန်မာအမျိုးသမီးအလုပ် သမားများဥပ‌ဒေအကာအကွယ်လိုအပ်‌နေ

1775
‌ဖေ‌ဖော်ဝါရီလ ၂၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တရုတ်နိုင်ငံတွင်း အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအမျိုးသမီး အလုပ်သမားများ၏ အခွင့်အ‌ရေးများကို ဥပ‌ဒေဖြင့် အကာ အကွယ်‌ပေး‌စေလို‌ကြောင်း မြန်မာအမျိုးသမီးများ သမဂ္ဂ (BWU) က တရုတ်အစိုးရကို ယ‌နေ့ ‌တောင်းဆိုလိုက်သည်။

ယ‌နေ့ ထုတ်ပြန်လိုက်သည့် တရုတ်နယ်စပ်မြို့‌နောက်ကွယ်မှ အသံမဲ့ (သို့) ပုန်းကွယ်‌နေ‌သောအရိပ်များ အမည်ရှိ BWU ၏ အစီရင်ခံစာ တွင် ယင်းသို့ ‌တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

BWU အ‌နေဖြင့် လွန်ခဲ့‌သော ၁ဝနှစ်‌ကျော်ကပင် တရုတ်နိုင်ငံရှိ မြန်မာအမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ‌လေ့လာ ‌စောင့်ကြည့်ကာ အချက်အလက်များ စု‌ဆောင်းခဲ့ပြီး ၂၀၁ဝခုနှစ်၊ ဧပြီမှ နိုဝင်ဘာလအထိ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်‌နေသည့် မြန်မာအမျိုးသမီး ၃၂ဦးကို ‌တွေ့ဆုံ ‌မေးမြန်း စစ်တမ်းပြုလုပ်၍ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ‌ရွှေလီမြို့တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၁သိန်း‌ကျော်ရှိ‌နေပြီး အများစုမှာ အမျိုးသမီးအလုပ်သမား ဖြစ်သည်။ ၎င်းအမျိုးသမီးများသည် လိင်‌ဖျော်‌ဖြေ‌ရေးအလုပ်၊ အိမ်‌ဖော်၊ ‌ဈေး‌ရောင်းအလုပ်၊ ‌ဆောက်လုပ်‌ရေးလုပ်ငန်းများနှင့် စက်ရုံအလုပ် ရုံများတွင် လုပ်ကိုင်‌နေကြသည်ဟု BWU အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

BWU ‌ကော်မတီဝင် ‌ဒေါ်တင်တင်ညိုက “အမျိုးသမီး‌တွေ ‌ခေါင်းပုံဖြတ်ခံ‌နေရတာ‌တွေ၊ နာရီအကြာကြီး အလုပ်လုပ်ရပြီးမှ အချိန်ပို လုပ် အားခ မရတာ‌တွေ၊ လိင်လုပ်ငန်းက တရားဝင်မဟုတ်တဲ့အတွက် လမ်း‌ပေါ်မှာ ‌ဖောက်သည်လိုက်ရှာတဲ့ အ‌နေအထား‌တွေမှာ အချိန်မ‌ရွေး အန္တရာယ်‌တွေနဲ့ ကြုံ‌တွေ့‌နေရတယ်။”ဟု ‌ပြောသည်။

တရုတ်နိုင်ငံ ‌ရွှေလီ၊ ကြယ်‌ဂေါင်မြို့များတွင် ယခင်နှစ်များထက် မြန်မာအလုပ်သမားဦး‌ရေ ၁ဝဆပိုလာကာ ၎င်းတို့အနက် အများစုမှာ စစ် ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တ‌လေးတိုင်းများမှ ဖြစ်သည်ဟု BWU က ‌ပြောသည်။

မြန်မာပြည်တွင်း အလုပ်အကိုင် ရှာ‌ဖွေရခက်ခဲခြင်း၊ လစာရရှိမှု အလွန်နည်းပါးခြင်း၊ စီးပွား‌ရေး၊ နိုင်ငံ‌ရေး အခက်အခဲများ ရှိ‌နေခြင်း အလယ်ပိုင်း‌ဒေသများတွင် ပူပြင်း‌ခြောက်‌သွေ့သဖြင့် လယ်ယာလုပ်ငန်းများ မလုပ်ကိုင်နိုင်ကြ‌တော့သဖြင့် တရုတ်နိုင်ငံဘက်သို့ အလုပ် သွား‌ရောက် လုပ်ကိုင်ကြခြင်းဖြစ်သည်ဟုလည်း BWU ‌ကော်မတီဝင်တစ်ဦးဖြစ်သည့် ‌ဒေါ်နိုးနိုးထက်စံက ‌ပြောသည်။

“ဒီမှာ အလုပ်သမားတ‌ယောက်က တလစာဝင်‌ငွေ ၃၈‌ဒေါ်လာက‌နေ ၂၀၈‌ဒေါ်လာအထိ ရကြတယ်။ အမျိုးသား‌တွေထက် အမျိုးသမီးရ တာ နည်းတယ်။ ‌နောက်ပြီး ကိုယ်ဝန်‌ဆောင်သည်‌တွေဆိုရင် အလုပ်က ထုတ်ပစ်လိုက်တယ်။ အလုပ်ထဲမှာ ထိခိုက်မှုဖြစ်ရင်လည်း ‌လျော် ‌ကြေးမရဘူး။”ဟု သူက ဆက်‌ပြောသည်။

BWU က ၎င်းတို့၏ ထုတ်ပြန်ချက်ကို ယခုအပတ်အတွင်း တရုတ်သံရုံးသို့ ပို့‌ဆောင်သွားမည်ဟု ဆိုသည်။

၁၉၉၅ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီးသမဂ္ဂ (BWU) သည် ၂၀၀ဝပြည့်နှစ်နှင့် ၂၀၀၈ခုနှစ်တို့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ‌ရွှေ့‌ပြောင်းမြန်မာအမျိုးသမီးများအ‌ရေး အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။