Home သတင်း ပဒိုမန်းငြိမ်‌မောင်အမှု အင်းစိန်‌ထောင်ပိုင်နှစ်ဦးကို တရားရုံးမှ ဆင့်‌ခေါ်‌ပေးမည်

ပဒိုမန်းငြိမ်‌မောင်အမှု အင်းစိန်‌ထောင်ပိုင်နှစ်ဦးကို တရားရုံးမှ ဆင့်‌ခေါ်‌ပေးမည်

2270
‌ဖေ‌ဖော်ဝါရီလ ၂၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ပဒိုမန်းငြိမ်း‌မောင်အမှုအတွက် တရားခံပြ သက်‌သေအဖြစ် အင်းစိန်‌ထောင်ပိုင်နှစ်ဦးကို ဆင့်‌ခေါ်‌ပေး မည်ဖြစ်‌ကြောင်း ယ‌နေ့ တရားရုံးတွင် အမိန့်ချမှတ်လိုက်သည်။

ယ‌နေ့ ‌နေ့လည် ၁၂ နာရီမှ ၁နာရီခွဲအထိ ပဒိုမန်းငြိမ်း‌မောင်အမှုကို ရုံးထုတ်စစ်‌ဆေးခဲ့ပြီး ယခင် အင်းစိန်‌ထောင်ပိုင် ဦး‌ဇော်မိုးနှင့် လက်ရှိ အင်းစိန်‌ထောင်ပိုင် ဦးသက်ရှည်တို့ကို တရားခံပြသက်‌သေ အဖြစ် ‌ခေါ်‌ဆောင်‌ပေးမည် ဖြစ်သည်။

ပဒိုမန်းငြိမ်း‌မောင်ဘက်က တရားခံပြသက်‌သေများ၏အမည်အတိအကျ မတင်ပြနိုင်ခြင်းနှင့် အမှုကြန့် ကြာနိုင်ခြင်းတို့‌ကြောင့် ၈ဦးအနက် ၂ ဦးကိုသာ ‌ခေါ်‌ဆောင်‌ပေးသွားမည်ဟု တရားရုံးမှ ဆုံးဖြတ်ချက်ချ ခဲ့သည်ဟု ‌ရှေ့‌နေဦးကြီးမြင့်က ‌ပြောသည်။

“ကျ‌နော်တို့က ‌နေပြည်‌တော်က အရာရှိဆိုတာပဲ‌ပြော‌တော့ နာမည်အတိအကျ မ‌ဖော်ပြထားလို့ဆိုပြီး အ‌ကြောင်းပြတယ်။ ကျ‌နော်တို့ကလဲ မ‌ပြောနိုင်ဘူးဆိုတာက သူတို့ကလည်း မ‌ပြောဘူး။ ပဒိုကလည်း ‌မေးပိုင်ခွင့်မရှိဘူးဆို‌တော့ သူတို့‌ပြောတဲ့ဟာကိုပဲ အတည်ပြုပြီး သက်‌သေစာရင်းတင်ရတာပါ။”ဟု ‌ပြောသည်။

တရားခံပြသက်‌သေပြ ‌ထောင်ပိုင်နှစ်ဦးသည် ငြိမ်းချမ်း‌ရေးကိစ္စနှင့် ပက်သက်၍ ‌နေပြည်‌တော်မှ အရာရှိ ကြီးများ ပဒိုမန်းငြိမ်း‌မောင်အား လာ‌ရောက်အကြံဉာဏ် ‌တောင်းဆိုခဲ့သည်များကို ၎င်းတို့၏ မှတ်တမ်း များဖြင့် သက်‌သေ‌ပေးနိုင်လိမ့်မည်ဟု ‌ရှေ့‌နေဦးကြီးမြင့်က ဆက်‌ပြောသည်။

၎င်းက “‌နေပြည်‌တော်က အရာရှိကြီး‌တွေ လာခဲ့တယ်ဆိုတာမှန်ရင် ကျ‌နော်တို့ဘက်က သက်‌သေပြ ထားတဲ့ ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်းက ပိုအား‌ကောင်းတာ‌ပေါ့ဗျာ။”ဟု ‌ပြောသည်။

ယခင်အပတ် ရုံးထုတ်စစ်‌ဆေးမှုတွင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ဦး‌အောင်မင်း အပါ အဝင် ‌နေပြည်‌တော် အရာရှိ ၈ ဦးကို တရားခံပြသက်‌သေအဖြစ် ဆင့်‌ခေါ်‌ပေးရန် ပဒိုမန်းငြိမ်း‌မောင် ဘက်မှ ‌လျှောက်ထားခဲ့သည်။

ပဒိုမန်းငြိမ်း‌မောင် အမှုကို ‌နောက်တစ်ပတ် ကြာသပ‌တေး‌နေ့တွင် ရန်ကုန်တိုင်း ‌မြောက်ပိုင်းခရိုင် အင်းစိန်‌ထောင်တွင်း အထူးတရားရုံးတွင် ထပ်မံ စစ်‌ဆေးသွားမည်ဖြစ်သည်။

လက်ရှိ KNU ဘက်မှ ပြုစုထားသည့် စာရင်းများအရ ကရင်နိုင်ငံ‌ရေးအကျဉ်းသား (၅၀)ဝန်းကျင် ရှိ ‌သေး‌ကြောင်းနှင့် ကျန်ရှိအကျဉ်းသားများကို ပြန်လွှတ်‌ပေးရန် ကရင့်အမျိုးသားအစည်းအရုံးက ‌ဖေ‌ဖော် ဝါရီလ ၂၂ ရက်‌နေ့တွင် ‌ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၄ရက်‌နေ့က ပဒိုမန်းငြိမ်း‌မောင်သည် တရုတ်‌လေ‌ကြောင်းလိုင်းဖြင့် ကူမင်မှ ရန်ကုန်သို့ ‌ရောက်ရှိစဉ် ၎င်း၏ နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားဟု ဆိုပြီး မြန်မာအစိုးရ အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၂ ရက်‌နေ့တွင် ပြစ်မှုဆိုင်ရာ ဥပ‌ဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်‌ရေး အက်ဥပ‌ဒေ ပုဒ်မ ၁၃/၁ တို့ဖြင့် ‌ထောင်ဒဏ် ၆လစီ ကျခံ‌စေရန် ရန်ကုန်တိုင်း မဂင်္လာဒုံ တရားရုံးမှ ချမှတ်ခဲ့သည်။

ထို့အပြင် မတရားသင်းဟု ‌ကြေညာထားသည့် KNU ဗဟို‌ကော်မတီဝင် ဖြစ်သည်ဟုဆိုကာ နိုင်ငံ‌တော် ပုန်ကုန်မှု ဥပ‌ဒေ ပုဒ်မ ၁၂၂(၁) ‌သေဒဏ်(သို့) တစ်သက်တစ်ကျွန်းနှင့် မတရားအသင်း ပုဒ်မ ၁၇ ‌ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်တို့ဖြင့် ထပ်မံစွဲချက်တင် ခံခဲ့ရသည်။