Home သတင်း ဇီဝအဆိပ်နှင့် ဓါတုအဆိပ် အန္တရာယ်

ဇီဝအဆိပ်နှင့် ဓါတုအဆိပ် အန္တရာယ်

3201

‌နော်ဝါးဝါးဖိုး
မတ်လ ၁ ရက်၊ ၂၀၁၂ ခုနှစ်

KNU နဲ့ (ကြံ့ဖွံ့ ဦးသိန်းစိန်အစိုးရ) အပစ်ခတ်ရပ်စဲ‌ရေး ‌နောက်တကြိမ် ‌တွေ့ဖို့ မန်း‌ရောဘဇန် ၏သ‌ဘောထား ( ‌ဖေ‌ဖော်ဝါရီလ ၅ရက်၊ ၂၀၁၂) စာထဲမှာပါတဲ့ အဆိပ်အသုံးပြုမူ ကိုဖတ်ပြီး စစ်အတွင်း လက်နက်အသွင် အသုံးပြုတဲ့ အဆိပ်အ‌ကြောင်း ပိုပြီးစိတ်ဝင်စားလာမိပါတယ်။ ဒါ‌ကြောင့် ကျမသိသ‌လောက် နဲ့ ‌နောက်ထပ် ရှာ‌ဖွေမူ‌တွေ ထပ်လုပ်ပြီး စာ‌ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီး‌တော့ တချို့မသိ‌သေးတဲ့ ကရင်ပြည်သူလူထု အပါဝင် အဖွဲ့အသီးသီးက ကရင်‌ခေါင်း‌ဆောင်‌တွေနဲ့ လက်နက်ကိုင်ရဲ‌ဘော်‌တွေကို ကျမသိသ‌လောက် ဖြန့်‌ဝေ‌ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ‌ရေးရချင်းဖြစ်ပါတယ်။

ဇီဝအဆိပ်‌ရော ဓါတုအဆိပ်ပါ လက်နက်ထုတ်လုပ်တဲ့ စက်ရုံမှာ အသုံးပြု‌နေကြပါတယ်။ ကမာ္ဘ့နိုင်ငံ‌တွေကလည်း ဒီအဆိပ်‌တွေရဲ့ အစွမ်းအာနိသင်နဲ့ တိုက်ခိုက်ခံရမယ့် ‌ဘေးအန္တရာယ်ကို ‌ကြောက်‌နေကြတာပါပဲ။ အထူးသဖြင့် ပြည်တွင်းစစ်ဖြစ် ‌နေတဲ့ကျမတို့ နိုင်ငံမှာ‌တော့ ကာကွယ်ဖို့၊ ပညာ‌ပေးမူနဲ့ ကုသဖို့ ‌ဆေးဝါး‌တွေ အလုံအ‌လောက် မရှိ‌တော့ ဒီအဆိပ်‌တွေရဲ့ ‌ဘေးအန္တရာယ် ကပိုပြီး ဆိုးရွားမှု ရှိပါတယ်။

ဓါတုအဆိပ်ကို လက်နက်အ‌နေဖြင့် အသုံးပြု‌နေတယ် ဆိုတာက‌တော့ လူ‌တော်‌တော်များများ သိကြမှာပါ။ ဇီဝအဆိပ်ကို‌တော့ ကျမတို့ဘက်မှာ‌တော့ အသိနည်းကြပါတယ်။ ဓါတုအဆိပ် ( လက်နက်) နဲ့ဓါတ်‌ငွေ့ ကို‌တော့ ကမာ္ဘစစ်ကြီး အတွင်းမှာ ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။ ဟစ်တလာ ‌ခေါင်း‌ဆောင်တဲ့ နာဇီအုပ်စုကြီးဟာလည်း ဓါတုဓါတ်‌ငွေ့ကို အသုံးပြုပြီး ဂျူးလူမျိုး‌တွေကို သတ်ဖြတ်ခဲ့တာ အားလုံးအသိပါပဲ။ လက်နက်သဖွယ်အသုံးပြုတဲ့ ဓါတုအဆိပ် အမျိုးမျိုးရှိပါတယ်။ အဆိုးရွားဆုံးက အာရုံ‌ကြောရဲ့အဓိကအစိတ်အပိုင်းကို ဖျက်ဆီးတာ‌ကြောင့် အာရုံ‌ကြောကို ‌သေ‌စေနိုင်ပါတယ်။ အဆိပ်ပြင်းထန်လွန်းရင်‌တော့ ‌ဆေးမမှီပဲဖြစ်တတ်ပါတယ်။

အခု‌ခေတ်သစ် အပင်အဆိပ်ဖြန်း‌ဆေးဟာလည်းပဲ ဂျာမနီ‌တွေရဲ့ အာရုံ‌ကြောဓါတ်‌ငွေ့ က‌နေအ‌ခြေခံထားပါတယ်လို့ ‌ဖော်ပြချက်တစ်ခုမှာ ‌တွေဖူးပါတယ်။ အခြားဓါတု အဆိပ်‌တွေက‌တော့ အ‌ရေပြား၊ ‌သွေး၊ အဆုပ်တို့ကိုဖျက်ဆီးပါတယ်။ ပထမကမာ္ဘစစ်အတွင်းမှာ‌တော့ ရန်သူ နှစ်ဘက်စလုံးကအသုံးပြု ခဲ့သလို အီရန်နဲ့အီရပ်စစ်ပွဲမှာ လည်း အသုံးပြုခဲ့ပါတယ်။

အ‌နောက်နိုင်ငံမှာ‌တော့ ဒီဓါတုအဆိပ်ကို အသုံးပြုပြီး အကြမ်းဖက်မူကို အရမ်း‌ကြောက်ကြပါတယ်။ ဓါတ်‌ငွေ့ပျံ့နှံ့မှုက ‌နေရာ‌ဒေသ၊ အပူချိန်၊ အ‌ပေါ်မူတည်ပြီး အချိန်တိုအတွင်းပျံ့နှံ့ ‌စေနိုင်တာ‌ကြောင့် လူ‌ပေါင်း‌မြောက်များစွာကို ဒုက္ခ‌ပေး‌စေပါတယ်။ ဓါတ်‌ငွေ့ကို အသုံးပြုမှု အဆိပ်က ပြင်းထန်တယ်၊ မြန်ဆန်တယ်၊ ခနတာအတွင်း အသက်‌ပေါင်းများစွာကို ‌သေ‌စေနိုင်တယ်။ အထူးသဖြင့် လူအများစု‌ဝေးတဲ့ ‌နေရာ‌တွေမှာ အကြမ်းဖက်မူဖြစ်ဖို့ ရာခိုင်နှူန်းပိုများပါတယ်။ ကျမတို့ နိုင်ငံမှာလို လူအများ စု‌ဝေးတဲ့‌နေရာမှာ ဗုံး‌ပေါက်ခွဲပြီး အကြမ်းဖက်မူ ဖြစ်ခဲ့တာလည်း သာဓကတစ်ခုပါပဲ။ ယူအဲန်စစ်သား‌တွေ ‌နေတိုးစစ်သား‌တွေ အဆိပ်ကိုကာကွယ်နိုင်ဖို့ ‌ခေတ်မှီမျက်နှာဖုံးကို စစ်‌မြေပြင်မှာအသုံးပြုကြတာ ‌တွေ့ရမှာပါ။

ဇီဝအဆိပ်က ဓါတုအဆိပ်လို အလွယ်တကူ သိရှိဖို့ မလွယ်ပါဘူး။ သူတို့‌တွေကအမှုံအမွား‌လေးလို ပျံ့နှံ့တယ်။ ဇီဝအဆိပ်ရဲ့ ထုထည်က ဓါတုအဆိပ်လို မများ‌ပေမဲ့ လူ့အသက်‌ပေါင်း ‌မြောက်များစွာကို ဒုက္ခ‌ပေးနိုင်ပါတယ်။ အ‌နောက်နိုင်ငံ‌တွေက ဒီအဆိပ်ကို ပိုပြီးစိုးရိမ်မှုရှိကြပါတယ်။ ဇီဝအဆိပ်ကို တနည်း‌ပြောရရင် ‌ရောဂါပါပဲ။ ဇီဝအဆိပ် အသုံးပြုတိုက်ခိုက်မူ‌တွေဟာ အသစ်ဆန်းအ‌နေနဲ့ အခု‌ခေတ်မှ‌ပေါ်လာတာ မဟုတ်ပါဘူး။ အရင်‌ခေတ်ကတည်းက တနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်တဲ့အခါ ရန်သူဘက်ကိုသွားပြီး ‌ရောဂါဖြစ်‌စေတဲ့ အ‌ကောင်‌တွေကို ရန်သူနယ်‌မြေမှာသွားပစ်ပြီး ရန်သူရဲ့အင်အားကိုဖြိုခွဲကြပါတယ်။ ဥ‌ရောပနိုင်ငံသား‌တွေ အ‌မေရိကန်ကို စတင်တိုက်ခိုက်တုန်းကလည်း အင်ဒီးယန်းလူမျိူး‌တွေအ‌ပေါ် ဇီဝလက်နက်သုံးပြီး ကူးဆက်‌ရောဂါ‌တွေ ဖြစ်‌အောင် ပြုလုပ်ခဲ့ကြပါတယ်။

၁၇၆၃ ခုနှစ် ကတည်းက General Amherst ဟာ အင်ဒီးယန်းလူမျိူး‌တွေနဲ့ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးတဲ့အခါမှာ smallpox ‌ရောဂါ ကူးစက်မူ‌တွေကို ‌ကော်‌ဇော၊ ဖျာနဲ့ လက်ကိုင်ပုဝါ မှာထည့်ပြီး လက်‌ဆောင် အဖြစ်‌ပေးခဲ့ပါတယ်။ အင်ဒီးယန်းလူမျိုး‌မြောက်များစွာ ဒီ‌ရောဂါကူးစက်မူကို ခံလိုက်ရပါတယ်။

အ‌မေရိကန်ပြည်တွင်းစစ်မှာလည်း Unionens Army ‌တွေအသုံးပြုတဲ့ ‌သောက်‌ရေထဲမှာလည်း အဆိပ်‌တွေခတ်တာကိုလည်း ‌ဖော်ပြထားတာရှိပါတယ်။ ကျမအမြင်‌ပြောရရင် စစ်ဖြစ်တဲ့အခါ တစ်ဖက်ကို ဓါတုလက်နက်ကိုသုံးပြီး ‌နောက်တစ်ဘက်ကို ဇီဝအဆိပ်သုံးပြီး ရန်သူရဲ့စစ်သား‌တွေနဲ့ ပြည်သူ‌တွေကို ‌ရောဂါရ‌အောင်လုပ်တယ်။ ဇီဝအဆိပ်ကို တဖက်စစ်တပ်ရဲ့ သီးပင်စားပင်‌တွေကို ဖျက်ဆီးတဲ့‌နေရာမှာလည်းသုံးပါတယ်။ ဒုတိယကမာ္ဘစစ် အတွင်းမှာ‌တော့ USA နဲ့ ဗြိတိသျှ တို့ ဇီဝအဆိပ်ကိုပိုပြီး‌ခေတ်မှီ‌အောင် ထုတ်လုပ်ခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ USA က ဇီဝအဆိပ်ကိုအသုံးပြုပြီး အပင်‌တွေကို အဆိပ်ခပ်ခဲ့ပါတယ်။

အ‌မေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ စစ်‌အေး တိုက်ပွဲမှာ နှစ်ဖက်စလုံးက ဇီဝအဆိပ်လက်နက် ‌တွေပိုပြီး တိုးတက်လာ‌အောင် အပြိုင်အဆိုင် သု‌တေသန‌တွေပြုလုပ်ခဲ့ပါတယ်။ ဆိုဗီယက်ကလည်း ‌ထောင်နဲ့ချီပြီး သု‌တေသီ‌တွေကိုအသုံးပြုပြီး ဇီဝလက်နက်အမျိုးမျိုးကို ရှာ‌ဖွေခဲ့ပါတယ်။ ဆိုဗီယက်ကျဆုံးပြီး‌တော့ သု‌တေသီ‌တွေဟာလည်းပဲ အလုပ်ပြုတ်ကြပါတယ်။ ဒီလိုအလုပ်ပြုတ်မှုရဲ့ အကြီးဆုံး ဆိုးရွားမူက‌တော့ သု‌တေသီ‌တွေဟာ သူတို့ရဲ့ ‌လေ့လာမူ‌တွေကို ‌ရောင်းချမူ‌တွေရှိခဲ့တယ်လို့ ‌ဖော်ပြထားတာ ‌တွေ့ရပါတယ်။ ဒီအတွက် စစ်အစိုးရဟာ ပညာရှင်‌တွေဆီက‌နေ နည်းပညာ‌တွေ ဝယ်နိုင်ပါတယ်။ ရုရှား မှာ လူငယ်‌တွေကို ပို့‌ပေမဲ့ လည်း ရုရှား တို့တရုတ်တို့က‌တော့ ငါးသာ‌ပေးမယ် ငါးမျှားနည်းကို‌တော့ ‌ပေးမှာမဟုတ်‌လောက်ပါဘူး။ သူတို့လည်းတ‌နေ့ မြန်မာစစ်အစိုးရက သူတို့ကို ပြန်ပြီး စိန်‌ခေါ်မူ‌တွေလုပ်လာမယ် ကိုယ်‌မွေးထားတဲ့ ‌မျောက် ကိုယ်မနိုင်‌တော့မယ့် အလုပ်‌တော့ ရုရှားတိုွှတရုတ်တို့‌တော့ ဘယ်‌တော့မှ လုပ်မှာမဟုတ်ပါဘူး။ ပြီးရင် ဒီအဆိပ်‌တွေကို ဘယ်နိုင်ငံ ကထုတ်လုပ်တယ်ဆိုတာ ရှာ‌ဖွေနိုင်တဲ့ အတွက်‌ကြောင့် စစ်အစိုးရက သူတို့နိုင်ငံရဲ့‌ဖော်စပ်နည်းသုံးရင် သူတို့‌တွေအတွက်ဒုက္ခ‌ရောက်ရမှာပါ။

ဇီဝအဆိပ်ရဲ့အ‌ကြောင်းကို ကျမအနည်းငယ်‌ပြောပြချင်ပါတယ်။ ဇီဝအဆိပ်ကို တီထွင်တဲ့‌နေ ရာမှာ အသုံးပြုတဲ့ အရာက‌တော့ အားလုံးသိကြတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိူ နဲ့ အခြား အဆိပ်သင့်တဲ့ ပိုးပွါး‌တွေပါပဲ။ ဘက်တီးရီးယားကို‌တော့အသုံးအများဆုံးလို့ ‌ပြောလို့ရပါတယ်။ ဘက်တီးရီးယား‌ပြောလို့ ဘက်တီးရီးယားတိုင်းကိုမ‌ကြောက်ကြပါနဲ့။ ဘက်တီးရီးယားမှာ ‌ကောင်းမွန်တဲ့ဘက်တီးရီးယားနဲ့ ဆိုးရွားတဲ့ ဘက်တီးရီးယား၂ မျိုးရှိပါတယ်။ ‌ကောင်မွန်တဲ့ ဘက်တီးရီးယားက‌တော့ ကျမတို့အတွက် အသုံးဝင်ပြီး ခန္ဒာကိုယ် ကိုလည်း ကူညီ‌ထောက်ပံ့‌ပေးပါတယ်။ ကျမတို့ရဲ့ခန္ဒာအတွင်းမှာဝင်‌ရောက်လာတဲ့ ‌ရောဂါ‌တွေကိုလည်း သူတို့‌တွေက တိုက်ဖျက်‌ပေးပါတယ်။ ပြီး‌တော့ကျမတို့ စား‌နေတဲ့ ဒိန်ချဉ်၊ cheese၊ ဘီယာ၊ ဝိုင် ‌တွေထဲမှာ ‌ကောင်းမွန်တဲ့ ဘက်တီးရီးယားအုပ်စုပါဝင်ပါတယ်။

ဆိုးရွားတဲ့ဘက်တီးရီးယားက‌တော့ ကျမတို့ဆီကို ‌ရောဂါ‌တွေသယ်‌ဆောင်လာ‌ပေးကြပါတယ်။ ဘက်တီးရီးယားအမျိုးမျိုးရှိတဲ့အတွက် ‌ရောဂါ‌တွေကလည်းအမျိုးမျိုးပါပဲ။ တချို့က‌တော့ ပြင်းထန်တဲ့‌ရောဂါ‌တွေကို ‌ပေးပြီး အလျှင်မြန်မကုရင် လူ့အသက်ဆုံးရှုံးသလို တချို့‌တွေကလည်း တဖြည်းဖြည်းနဲ့ ပြင်းထန်လာ‌အောင်လုပ်တတ်ပါတယ်။ ဗိုင်းရပ်နဲ့မတူတဲ့ အားသာချက်က‌တော့ဘက်တီးရီးယားကို antibacterial လို့‌ခေါ်တဲ့ penicillin (ပင်နီစလင်) ‌ဆေးဝါးအုပ်စုနဲ့ကုသလို့ရပါတယ်။

ဇီဝလက်နက်ကို အစားအစာ‌တွေ၊ ပစ္စည်း‌တွေ၊ အဝတ်အထည်‌တွေထဲမှာထည့်ပြီး အဆိပ်အ‌နေနဲ့ ရန်သူဘက်ကို ပို့ကြပါတယ်။ ဒီအဆိပ်‌တွေကို ရန်သူ‌တွေ အသုံးပြုတဲ့‌သောက်‌ရေ၊ ‌ရေတွင်း ‌ရေကန်‌တွေထဲမှာ ထည့်ခပ်ကြပါတယ်။ ကမာ္ဘက‌ကြောက်ရွံ့‌နေတဲ့ ဇီဝအဆိပ် (လက်နက်) ‌ကြောင့်ဖြစ်လာတဲ့‌ရောဂါ အချို့ကို ကျမနည်းနည်း‌ပြောပြချင်ပါတယ်။

Anthrax ‌ရောဂါ
က‌တော့ဘက်တီးရီးယား ‌ကြောင့်ဖြစ်‌စေတဲ့ ‌ရောဂါပါ။ ဒီ‌ရောဂါက လူသား‌ရော တိရိစာ္ဆန်‌တွေ အားလုံးကိုပါ ဖြစ်‌စေနိုင်တဲ့‌ရောဂါပါ။ အန်သာရပ် က ကူးစက်လွယ်ပြီး ‌သေ‌စေနိုင်တဲ့‌ရောဂါတစ်ခုပါ။ လူသားတစ်ဦးနဲ့ တစ်ဦးဆီကို‌တော့ ကူးစက်ဖို့ မလွယ်လှပါဘူး။ ဒီ‌ရောဂါအတွက် ကာကွယ်‌ဆေး ‌တော့ရှိပါတယ်။ သို‌ပေမဲ့လည်း ‌ဆေးအာနိသင်က အရမ်းကို မထိ‌ရောက်သလို ‌ဆေးက‌နေရတဲ့ ‌ဘေးထွက်ဆိုးကြိုး‌တွေကလည်းများပါတယ်။ ‌ရောဂါလက္ခဏာ အစက‌တော့ နှာ‌စေးပါတယ်။ ပြီး‌တော့ အသက်ရှုဖို့ ခက်ခဲတဲ့အတွက် မြန်မြန်ဆန်ဆန် antibacterial နဲ့ ကုသရင်‌တော့ သက်‌ရောက်မှုရှိပါတယ်။ ပထမကမာ္ဘစစ်အတွင်းမှာ ဂျာမနီက ဒီ‌ရောဂါကူးဆက်မူ ကို အ‌မေရိကန်နဲ့ စပိန် မှာစတင်ပြီး ပျံ့နှံ့‌အောင်လုပ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၁ရက် ၂၀၀၁ ခုနှစ် ‌နောက်ပိုင်းမှာ ဒီဘက်တီးယား‌တွေပါဝင်တဲ့ စာအိတ်‌တွေ အ‌မေရိကန်ပြည်သူလူထု လက်ခံရရှိခဲ့ပါတယ်။ ၁၈ ‌ယောက် ကကူးစက်ခံရပြီး ၅‌ယောက်‌သေဆုံးမူရှိခဲ့ပါတယ်။ ဒါ‌ကြောင့် အ‌မေရိကန်အစိုးရအတွက် စာအိတ်ဖွင့်ဖတ်သူ‌တွေဟာ အကာအကွယ်သုံးပြီးမှ စာအိတ်ကိုဖွင့်ကြပါတယ်။

Botulism ‌ရောဂါ
အဓိကအ‌ကြောင်းရင်းက‌တော့ ဘူတူလီယမ် ဘက်တီးရီးယားဖြစ်ပြီး ထိုစင်း ဆိုတဲ့ အဆိပ်ကို ထုတ်လုပ်ပါတယ်။ ‌မြေကြီး‌တွေ ရွံ့‌တွေက‌နေ ထွက်တဲ့ အဆိပ်တစ်မျိုးဖြစ်ပါတယ်။ ဒီအဆိပ်က အသက်ကို‌သေ‌စေနိုင်ပြီး ၁မီလီဂရမ် ဘူတူလီယမ်လစ်အဆိပ်သန့်သန့်ဟာ ဝက်‌ကောင်‌ရေ ၃ သန်းကို ‌သေ‌စေနိုင်ပါတယ်။ ဒီအဆိပ်ကို အစားအစာ‌တွေထဲမှာ ထည့်အသုံးပြုကြပါတယ်။ Antitoxin နဲ့ အဲဒီအဆိပ်ကို ‌ဖြေလို့ရပါတယ်။ ဒီဘက်တီးရီးယားအဆိပ်က အရမ်းပြင်းပါတယ်။ ‌ရောဂါလက္ခဏာက‌တော့ ပါးစပ်‌ခြောက်ပြီး အစားအစာမျိုချဖို့ အခက်အခဲရှိပါတယ်။ အဆိပ်က အဓိကအာရုံ‌ကြော အစိတ်အပိုင်းကို ဖျက်ဆီးပါတယ်။ ဘက်တီးရီးယား က ကြွက်သားကို ဆွဲဆန့်တဲ့အတွက် ‌ရောဂါကူးစက်ရင်‌တော့ မျက်လုံးရဲ့ကြွက်သားကို ‌သေ‌စေတယ်၊ ဒီလိုကြွက်သားကို ဆွဲဆန့် နိုင်တဲ့အတွက် ယခု‌ခေတ်အလှကုန်အ‌နေနဲ့ အသုံးပြုလာကြပါတယ်။ အမျိုးသမီး‌တွေ အသက်အရွယ်ရလာလို့ ပါး‌ရေတွန့်လာရင် အ‌ရေမတွန့်ရ‌အောင် ‌ဆေးထိုးကြပါတယ်။ အဲ့ဒီ‌ဆေးမှာ ပါဝင်တာက‌တော့ ဘူတူလီယမ် ဘက်တီးရီးယားပါပဲ။ အမျိုးသမီးအလှကြိုက်သူ‌တွေ အ‌နေနဲ့လည်း သတိထားရမှာပါ။ ကိုယ့်မှာက‌လေးငယ်ရှိရင် ပိုးပြီးသတိထားရမှာပါ။ ကိုယ့်အတွက်‌တော့ အလှပြင်ပစ္စည်း‌ပေမဲ့ ကိုယ့်က‌လေးငယ်အတွက်‌တော့ အဆိပ်တမျိူးပါ။

Ebola ‌ရောဂါ
က‌တော့ အဖျား‌ရောဂါ သို့မဟုတ် ‌သွေးယိုစီးမူအဖျားဖြစ်ပြီး ဗိုင်းရပ်က‌နေဖြစ်တဲ့ အတွက်‌ကြောင့် ကုရန်‌ဆေး‌တော့ မရှိပါဘူး။ ‌ရောဂါလက္ခဏာက‌တော့ အဖျား၊ ‌ခေါင်းကိုက်၊ ခါးနာတယ်။ ပြီး‌တော့ ခန္ဒာကိုယ်မှာရှိတဲ့ အ‌ပေါက်အားလုံးက‌နေ ‌သွေးထွက်ပါတယ်။ ကာကွယ်‌ဆေး‌တော့ ‌ဖော်ထုတ်‌တွေ့ရှိ‌ပေမဲ့လည်း စမ်းသပ်ခံသ‌ဘောမျိုးပဲ ရှိပါ‌သေးတယ်။ တချို့ ‌ဆေးပညာရှင်‌တွေက ပလိပ်‌ရောဂါဟာ ဒီ‌ရောဂါရဲ့ပျံ့ပွားမူ တစ်ခုဖြစ်တယ်လို့ ယူဆကြပါတယ်။

ဇီဝအဆိပ်ကို အသုံးပြုတာရပ်တန့်ဖို့ကို ဂျနီဗာ သ‌ဘောတူညီချက် ၁၉၂၅ မှာ ဇီဝလက်နက် ထုတ်လုပ်မှု သို‌လှောင်သိမ်းဆည်းထားမူ သယ်‌ဆောင်မူ‌တွေကို တားမြစ်ခဲ့ပါတယ်။ သို့‌ပေမဲ့လည်း နိုင်ငံတချို့က‌တော့ ထုတ်လုပ်မှု‌တွေ ရှိ‌နေ‌သေးပါတယ်။ ဇီဝအဆိပ်‌ရော၊ ဓါတုအဆိပ်ပါ ဘယ်ကထုတ်လုပ်သလည်းဆိုတာ ‌ခြေရာခံလို့ရပါတယ်။ သူတို့သုံးတဲ့ နည်း‌တွေကို အ‌ခြေခံပြီးဘယ်နိုင်ငံက‌နေ ထုတ်လုပ်တယ်ဆိုတာ သိနိုင်တယ်လို့ UN စုံစမ်း‌ဖော်ထုတ်သူတစ်ဦးက ‌ပြောဖူးပါတယ်။

တချို့ဓါတုအဆိပ်‌ရော ဇီဝအဆိပ်ပါ ပမာဏအနည်းငယ်အတွင်း လူကို အချိန်တိုအတွင်း‌သေ‌စေနိုင်သလို တချို့က‌တော့ အချိန်ကြာမြင့်ပါတယ်။ ကြာမြင့်‌စေတာက အဆိပ်ရဲ့ ပမာဏအနည်းအများ၊ အာနိသင်၊ ဘယ်လိုပုံစံနဲ့ အဆိပ်ရသလည်း၊ အစားအစာကလား၊ အသက်ရူလမ်း‌ကြောင်းကလား၊ အ‌ရေပြားကလား၊ ပြီးရင် လူတ‌ယောက်ရဲ့ မျိုးရိုးဗီဇအရ ခန္ဒာကိုယ် ခုခံအား‌ကောင်းမူ၊ အမျိုးမျိုး‌ကြောင့် အချိန် ကြာမြင့်မှု ရှိပါတယ်။ ဥပမာ‌ပြောရရင် အာရှသားနဲ့ အာဖရိကသား‌တွေရဲ့ မျိုးရိုးမတူညီမူအ‌ပေါ်မှာလည်းပဲ ခုခံအားခံနိုင်ရည်အား‌တွေ ကွဲပြားနိုင်ပါတယ်။ အချို့အဆိပ်ဟာ အာရှသား‌တွေအတွက် အရမ်းပြင်းထန်‌ပေမဲ့ အာဖရိကသား‌တွေအတွက် ‌တော့ အာရှသား‌တွေ ခံစားရသ‌လောက်မခံစားရပါဘူး။ ကျမအမြင်‌ပြောရရင် စစ်အစိုးရဟာ အ‌ခြေအ‌နေကိုကြည့်ပြီး တိုင်းရင်းသား‌ဒေသမှာ အချိန်ကြာမြင့်တဲ့အဆိပ် ကိုပိုပြီး သုံးဖို့များပါတယ်။

ဇီဝအဆိပ်‌ရော ဓါတုအဆိပ်ကိုပါ ‌သွေးစစ်ရှာ‌ဖွေလို့ ရပါတယ်။ ပြီးရင်ဘယ်အဆိပ်မျိုးလည်း ကုသလို့ရနိုင်တဲ့ အဆိပ် ဆိုရင်ကုသနိုင်သလို ကုဘို့‌ဆေးမရှိရင်လည်း အဆိပ်ပိုပြီး မပျံ့ပွား‌အောင်ဘယ်လို လုပ်‌ဆောင်ရမလည်းဆိုတာ အ‌ကောင်းဆုံး စိတ်အချရဆုံး ဆရာဝန်‌တွေနဲ့ တိုင်ပင်‌ဆွေး‌နွေးကြပါ။ ကရင်‌တွေ ဘိုးဘွားစဉ်ဆက် အလိုက်‌ပြောတဲ့ တာပ‌လော်‌နေ‌ဂေ‌နေ့တာအူး ဆိုတာလည်း ရန်သူမဟာမိတ်နဲ့ ‌တွေ့ဆုံတဲ့အခါမှာ မ‌မေ့ကြပါနဲ့။

တချို့ကျမတို့ကရင်‌ခေါင်း‌ဆောင်‌တွေ ‌သေဆုံးရခြင်းရဲ့‌နောက်ခံသမိုင်း‌ကြောင်းက စစ်အစိုးရဆီက အဆိပ်မိခဲ့လို့ဆိုပြီး မသကင်္ာမှု‌တွေရှိခဲ့ပါတယ်။ ဒီအတွက် ကျမတို့ အတိအကျ မ ‌ဖော်ပြနိုင်‌သေးပါဘူး။ သံသယရှိတဲ့ ‌ခေါင်း‌ဆောင်‌တွေရဲ့ မ‌သေဆုံးခင် ‌နောက်ခံ ကျန်းမာ‌ရေးသမိုင်း ကို ကျမတို့ပြန်ယူရမှာပါ။ ကျမအထင်‌ပြောရရင် တ‌နေ့ ‌သေဆုံးသွားတဲ့ ‌ခေါင်း‌ဆောင်‌တွေရဲ့ ရုပ်အ‌လောင်းက‌နေ ပြန်ရှာ‌ဖွေလို့ ရနိုင်တယ်လို့ ကျမ‌မျော်လင့်ပါတယ်။ ဝမ်းနည်းဖွယ်‌ကောင်းတာက‌တော့ စစ်အစိုးရဟာ ကရင်‌တွေရဲ့‌နောက်ခံသမိုင်း ပြန်ယူ မှာကိုပဲ စိုးရိမ်လို့လားမသိပါဘူး KNU နယ်‌မြေ‌တွေ သိမ်းပိုက်လိုက်တိုင်း သခင်္ျိုင်း‌တွေကို ‌မြေလှန်ပစ်လိုက်ပါတယ်။ ကျူပင်ခုတ်ကျူငုတ်မကျန်တာ‌တောင် မက‌တော့ပါဘူး ကျူရဲ့ပြာပါမကျန်‌စေနဲ့ ဆိုပြီး ကျမတို့ရဲ့သမိုင်းအားလုံးကို ‌ဖျောက်ဖျက်‌နေပါ‌တော့တယ်။

ကျမတို့ ကရင်‌တွေ စစ်အစိုးရနဲ့ ဆက်ဆံတဲ့အခါ သတိရှိဖို့ ကရင်‌ခေါင်း‌ဆောင်ပိုင်းသာမကပါဘူး ရဲ‌ဘော်‌တွေ ဗုဒ္ဓဘာသာဘုန်းကြီး‌တွေကိုလည်း သတိရှိကြဖို့ တိုက်တွန်းချင်ပါတယ်။ ဥပမာ ကရင်‌ခေါင်း‌ဆောင်ပိုင်းတစ်ဦးက‌နေ အစားအ‌သောက်က‌နေရလာတဲ့အဆိပ်ဖြစ်‌စေ၊ လက်‌ဆောင်ပစ္စည်းက‌နေ ရလာတဲ့ အဆိပ်‌တွေကလည်း ကရင်အသိုင်းဝိုင်းအတွင်း မိသားစုအတွင်းမှာ အဆိပ်‌တွေပျံ့နှံ့မှုကို စိုးရိမ်ရသလို ဘုန်းကြီး‌တွေကလည်းဆွမ်းက‌နေဖြစ်‌စေ၊ ရလာတဲ့ ကန်‌တော့ပွဲ‌တွေမှာလည်းပဲ အဆိပ်‌တွေပါလာရင် ဘုန်းကြီးကအစ ဒကာ‌တွေအတွက်ပါစိုးရိမ် မိလို့ သတိ‌ပေးရခြင်းဖြစ်ပါတယ်။ ‌ရှေ့တန်းထွက်တဲ့ရဲ‌ဘော်‌တွေက လည်းပဲ မိမိတို့အသုံးပြုတဲ့ ‌ရေတွင်း‌ရေကန်ကို သတိရှိရှိအသုံးပြုကြပါ။

စစ်အစိုးရရဲ့ အဓိကပစ်မှတ်ဟာ ကရင်လူမျိုး‌တွေဖြစ်တယ်ဆိုတာ ကရင်‌တွေ မ‌မေ့ကြပါနဲ့လို့‌ပြောပါရ‌စေ။
ကျမ‌ရေးတဲ့စာ‌တွေနဲ့ ပတ်သက်ပြီး တိုက်ရိုက်‌ဝေဖန်အကြံပြုချင်တယ်ဆိုရင်‌တော့ nawwahwahpoe@gmail.com ကို ‌ပေးပို့ကြပါလို့ ဖိတ်‌ခေါ်ပါတယ်။
——– ။ ——— ။ ——–