Home သတင်း ထာဝရငြိမ်းချမ်း‌ရေးပန်းတိုင် ‌လျှောက်လမ်း ရာတွင်ပရိယာယ်မရှိဟုသမ္မတဦးသိန်းစိန်‌ပြော

ထာဝရငြိမ်းချမ်း‌ရေးပန်းတိုင် ‌လျှောက်လမ်း ရာတွင်ပရိယာယ်မရှိဟုသမ္မတဦးသိန်းစိန်‌ပြော

1891
မတ်လ ၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

အစိုးရအ‌နေဖြင့် ထာဝရငြိမ်းချမ်း‌ရေးပန်းတိုင်ကို ‌လျှောက်လှမ်း‌နေသည့် ခရီးလမ်း၌ ပရိယာယ် မရှိ‌ကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က ပြည်‌ထောင်စုလွှတ်‌တော်တွင် ယ‌နေ့ မိန့်ခွန်း‌ပြောကြားခဲ့သည်။

“ထာဝရငြိမ်းချမ်း‌ရေးပန်းတိုင်ကို ‌လျှောက်လှမ်း‌နေတဲ့ခရီးလမ်းမှာ ကျွန်‌တော်တို့မှာ ပရိယာယ်‌တွေမရှိပါဘူး။ ပင်လုံစိတ်ဓါတ်ကိုအ‌ခြေခံပြီး ယုံကြည်မှုနဲ့ပဲ ‌ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းတို့ အရပ်သားအစိုးရသစ် အာဏာရ တနှစ်ပြည့်‌မြောက်သည့်‌နေ့ မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ တိုင်းရင်းသားအဖွဲ့များနှင့် ထာဝငြိမ်းချမ်း‌ရေး တည်‌ဆောက်ရာတွင် ပြည်နယ်အဆင့်၊ ပြည်‌ထောင်စု အဆင့်နှင့် တိုင်းရင်းသား‌ခေါင်း‌ဆောင်များအပါအဝင် နိုင်ငံ‌ရေးအင်အားစု အားလုံးပါဝင်သည့် လွှတ်‌တော်တွင် သ‌ဘောတူလက်မှတ်‌ရေးထိုး‌ရေးအဆင့် စသည့် အဆင့်၃ဆင့်ဖြင့် ‌ဆောင်ရွက်‌နေခြင်းဖြစ်သည်ဟု သမ္မတက ‌ပြောသည်။

ထို့အပြင် အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသား‌ခေါင်း‌ဆောင်များနှင့် ထိ‌တွေ့ဆက်ဆံမှုများ ရှိလာပြီး‌နောက် ယုံကြည်ချက်များ ပို၍ ခိုင်မာလာပြီဟုလည်း သမ္မတက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဒု-ဥက္ကဌ ပဒို‌စော‌ဒေးဗစ်သာ့က‌ဘောက “သမ္မတအ‌နေနဲ့ တိုင်းရင်းသား အဖွဲ့‌တွေနဲ့ ပရိယာယ်မရှိဘူးဆိုတာ ဖြစ်ရင်ဖြစ်မယ်။ ဒါ‌ပေမယ့် သူ့ရဲ့ ညွှန်ကြားမှု‌တွေက သိပ်ထိ‌ရောက်တာ ‌တော့ မဟုတ်ဘူး။ အခု တိုင်းရင်းသား‌ဒေသတချို့မှာ တိုက်ပွဲဖြစ်‌နေတုန်းပဲ။”ဟု ‌ထောက်ပြ‌ပြောဆိုသည်။

ဆက်လက်၍ KNU ‌ခေါင်း‌ဆောင်ဖြစ်သူ ပဒိုမန်းငြိမ်း‌မောင်ကို လွတ်‌ပေးမည်ဟု ကတိ‌ပေးထား‌သော်လည်း ယခုထိ မလွတ်လာ‌သေးသည်မှာ ‌ပေးထားသည့်ကတိနှင့် ဆန့်ကျင်‌နေ‌ကြောင်း သူက ဖြည့်စွက်‌ပြောဆိုသည်။

မြန်မာအစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်လက်နက်ကိုင်အဖွဲ့များ အပါအဝင် ဝ၊ မိုင်းလား၊ သျှမ်း၊ မွန်နှင့် ချင်း လက်နက်ကိုင်အဖွဲ့တို့နှင့် ပဏာမအဆင့် အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြ ခြင်းဖြစ်သည်။

သို့‌သော် အစိုးရသည် ၎င်းတို့ လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်း-KNU နှင့် သျှမ်းပြည်တပ် မ‌တော်‌တောင်ပိုင်း-SSA-S တို့၏ ‌ဒေသများတွင် ပြီးခဲ့သည့်ရက်ပိုင်းများတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမှုများရှိခဲ့ သည်။

ကချင်ပြည်နယ်အတွင်း ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA နှင့် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွား‌နေသည့် ကိစ္စနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်က ငြိမ်းချမ်း‌ရေးတည်‌ဆောက်ဆဲကာလတွင် မိမိကိုယ်ကိုယ် ခုခံကာ ကွယ်မှုမှလွဲ၍ တိုက်ခိုက်ခြင်းမလုပ်ရန် အမိန့်ထုတ်ထားပြီးဖြစ်‌ကြောင်း၊ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ကိုယ်တိုင် တပ်ရင်းတပ်ဖွဲ့များကို ဆက်လက်ညွှန်ကြားထား‌ကြောင်းနှင့် နှစ်ဖက်အပြစ်တင် ကြခြင်းဖြင့် ပစ်ခတ်မှု ရပ်စဲသွားမည် မဟုတ်‌ကြောင်း ‌ပြောသွားခဲ့သည်။

KIO နှင့် အစိုးရတို့အကြား ၁၉၉၄ခုနှစ်ကတည်းက လက်မှတ်ထိုးထားပြီဖြစ်သည့်အတွက် ငြိမ်းချမ်း‌ရေး အမှန် တကယ် လိုချင်ပါက ကချင်‌ဒေသအတွင်း ထိုးစစ်ဆင်‌နေ‌သော ၎င်းတို့စစ်တပ်များကို ရုပ်သိမ်း‌ပေးနိုင်မှသာ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုများ လုပ်နိုင်မည်ဖြစ်‌ကြောင်း KIO အတွင်း‌ရေးမှူး ‌ဒေါက်တာလဂျာက ယမန်‌နေ့က ပြုလုပ် သည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC သတင်းစာရှင်းလင်ပွဲတွင် ‌ပြောသွားခဲ့သည်။

ယ‌နေ့ သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတွင် ပြည်သူ့လွှတ်‌တော်ဥက္ကဋ္ဌ ဦး‌ရွှေမန်း ဦး‌ဆောင်တင်သွင်းပြီး ဗဟိုအစိုးရမှ ပယ်ချခဲ့သည့် ဝန်ထမ်းများ လစာတိုးမြှင့်‌ရေးကိစ္စ၊ အစိုးရအတွင်း သဘာထားခွဲလွဲမှုများ မရှိ‌ကြောင်းကိစ္စ၊ ကျပ် ၅,၀၀ဝ တန် မိုဘိုင်းဖုန်းကိစ္စနှင့် မြန်မာ့လူ့‌ဘောင် အဖွဲ့အစည်းတခုလုံး ဘက်စုံတိုးတက်‌ရေးအတွက် ကြိုးစား‌ဆောင်ရွက်‌ပေးသွားမည့်ကိစ္စ စသည်တို့ကို ‌ပြောကြားသွားခဲ့သည်။