Home သတင်း စစ်မှန်သည့်နိုင်ငံ‌ရေး‌ပြောင်း လဲမှုဖြစ်‌ရေးမြန်မာဒုက္ခသည် များ‌မျှော်လင့်

စစ်မှန်သည့်နိုင်ငံ‌ရေး‌ပြောင်း လဲမှုဖြစ်‌ရေးမြန်မာဒုက္ခသည် များ‌မျှော်လင့်

1756
မတ်လ ၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် စစ်မှန်သည့် နိုင်ငံ‌ရေး‌ပြောင်း လဲမှုဖြစ်‌ရေးကို ထိုင်း-မြန်မာနယ်စပ်ရှိ စစ်‌ပြေးမြန်မာဒုက္ခသည်များ က ‌မျှော်လင့်‌တောင်းတလျှက်ရှိသည်ဟု ယခင်လ ၂၉ရက်‌နေ့က ထုတ်ပြန်သည့် ကရင်ဒုက္ခသည်များ ‌ကော်မတီ KRC ၏ တစ်လတစ်ကြိမ် အစီရင်ခံစာတွင် ‌ဖော်ပြသည်။

ထိုင်းနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများ၏ လူ‌နေမှုအ‌ခြေအ‌နေ၊ စားနပ်ရိက္ခာအ‌ခြေအ‌နေ၊ လူဦး‌ရေအ‌ခြေအ‌နေ များကို ‌ရေးသားပြုစုပြီး တစ်လတစ်ကြိမ်ထုတ်ပြန်သည့် KRC ၏ ဇန်နဝါရီလအတွက် အစီရင်ခံစာတွင် ထိုသို့ ‌ဖော်ပြထားခြင်းဖြစ်သည်။

၂၀၁၂ခုနှစ်ဆန်းပိုင်းမှစ၍ သမ္မတဦးသိန်းစိန် ဦး‌ဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် အပစ်အခတ်ရပ်ဆိုင်းပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းရန် ငြိမ်းချမ်း‌ရေးကမ်းလှမ်းမှုများလုပ် ‌ဆောင်ခြင်းသည် ထိုင်းနိုင်ငံတွင် နှစ်‌ပေါင်း(၃၀)‌ကျော် ခိုလှုံ‌နေရသည့် ဒုက္ခသည်များအတွက် အိမ်ပြန်နိုင်‌ရေး ‌ရောင်ခြည်သန်းလာပြီဖြစ်‌သော်လည်း စစ်မှန်သည့် ‌ပြောင်းလဲမှုအဖြစ် ဒုက္ခသည်များက ‌မျှော်လင့်‌နေကြသည် ဟု KRC က ဆိုသည်။

KRC ၏ ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးက “စည်းလုံးညီညွတ်‌ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား‌တွေ ‌တွေ့ဆုံ‌ဆွေး ‌နွေးမှု‌တွေ လုပ်‌ဆောင်တဲ့‌နေရာမှာ စစ်မှန်တဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုမျိုးဖြစ်ဖို့ဟာ ကျ‌နော်တို့အားလုံး ‌မျှော်လင့် တာဖြစ်တယ်။ ‌တွေ့ဆုံ‌ဆွေး‌နွေးမှု‌တွေဟာ စစ်မှန်တဲ့‌တွေဆုံမှုမှသာ ကျ‌နော်တို့‌တွေ အားလုံး ကိုယ့်နိုင်ငံ ကိုယ် ပြန်‌နေထိုင်လို့ ရမယ်‌လေ။”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် နှစ်ရှည်လများ ‌နေထိုင်ကြသည့် ဒုက္ခသည်အများစုသည် ပြည် ‌တော်ပြန်နိုင်‌ရေးကို ကာလရှည်စွာ ‌စောင့်ဆိုင်းရင်း တတိယနိုင်ငံ အ‌ခြေချ‌ရေးအစီအစဉ်ကို အချို့က စိတ်မပါဘဲ လက်ခံရသည့်အ‌နေအထား‌ကြောင့် တတိယနိုင်ငံတွင် မ‌ပျော်ပိုက်သူများ၊ မိခင်နိုင်ငံကို လွမ်းဆွတ်သတိရ သူများ၊ ဓ‌လေ့ထုံးစံ ယဉ်‌ကျေးမှုအသစ်တွင် အံဝင်ဂွင်မကျသူများ အများအပြားရှိသည်ဟု KRC က ဆိုသည်။


မယ်လဒုက္ခသည်စခန်းမှ ဥက္ကဌ ‌စောထွန်းထွန်းက “အစိုးရက လက်နက်ကိုင်အဖွဲ့‌တွေနဲ့ ဘယ်လိုပဲ အပစ်အ ခတ်ရပ်ရပ် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးအရ မ‌ဖြေရှင်းနိုင်‌သေးသ၍က‌တော့ ကျ‌နော်တို့ ဒုက္ခသည်‌တွေ ပြန်ဖို့ က မဖြစ်နိုင်ဘူး‌လေ။ ဒါ‌ကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံ‌ရေး‌ပြောင်းလဲမှု ဖြစ်စဉ်မှာ‌တော့ စစ်မှန်တဲ့ နိုင်ငံ‌ရေး‌ပြောင်း လဲမှုကို ကျ‌နော်တို့ လိုလားတယ်။”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် စစ်‌ပြေးမြန်မာဒုက္ခသည်စခန်း (၉) ခု အနက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းစသည့် ဒုက္ခသည်စခန်း (၇)ခုမှာ ကရင်ဒုက္ခသည်များ ‌ကော်မတီ KRC ၏ စီမံကွပ်ကဲမှု‌အောက်တွင် ရှိသည်။

ထိုစခန်းခုနှစ်ခုတွင် ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ ဗမာ၊ ရခိုင်၊ ဇိုမီးစသည့် လူမျိုးများအပါအဝင် မြန်မာတိုင်းရင်းသားလူမျိုးစု‌ပေါင်းစုံ‌နေထိုင်လျှက်ရှိပြီး စုစု‌ပေါင်းလူဦး‌ရေ ၁၄၂,၂၅၈ဦးရှိသည်ဟု KRC၏ ဇန်နဝါရီလ အစီရင်ခံစာအရ သိရသည်။