Home သတင်း ပဒိုမန်းငြိမ်း‌မောင်အမှု‌ထောင်ပိုင်နှစ်ဦး ကိုရုံးထုတ်စစ်‌ဆေးခဲ့

ပဒိုမန်းငြိမ်း‌မောင်အမှု‌ထောင်ပိုင်နှစ်ဦး ကိုရုံးထုတ်စစ်‌ဆေးခဲ့

1644
မတ်လ ၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ပဒိုမန်းငြိမ်း‌မောင်အမှုအတွက် တရားခံပြသက် ‌သေအဖြစ်အင်းစိန်အကျဉ်း‌ထောင် ပိုင်နှစ်ဦးအား အင်းစိန်အထူး တရားရုံးတွင် ယ‌နေ့ ရုံးထုတ်စစ်‌ဆေးခဲ့သည်။

ယ‌နေ့ ‌နေ့လည် (၁၂)နာရီမှ (၁)နာရီထိ ရုံးထုတ် စစ်‌ဆေးမှုတွင် တရားခံပြသက်‌သေနှစ်ဦးက ၎င်းတို့ ‌ထောင်ပိုင် တာဝန် စတင်ယူခဲ့ပုံ၊ ပဒိုမန်းငြိမ်း‌မောင် အင်းစိန်‌ထောင်သို့ ‌ရောက်ရှိလာပြီး‌နောက် ‌ထောက်လှမ်း‌ရေးသို့ မည်သည့်‌နေ့တွင် လွှဲ‌ပြောင်း‌ပေး၍ မည်သည့်‌နေ့တွင် ‌ထောင်သို့ပြန်‌ရောက်လာသည် စသည့်တို့ကို ထွက်ဆို ‌ကြောင်း ‌ရှေ့‌နေ့ဦးကြီးမြင့်က ‌ပြောသည်။
“ပဒိုမန်းငြိမ်း‌မောင် စစ်‌ကြော‌ရေးမှာ ရက် (၂၀)‌လောက် အစစ်‌ဆေးခံရတယ်ဆိုတာ‌တော့ ‌ပေါ်‌ပေါက်တယ်။” ဟု သူက ဆိုသည်။

ပဒိုမန်းငြိမ်း‌မောင်နှင့် အ‌ပေးအယူလုပ်ရန် ‌နေပြည်‌တော်မှအရာရှိကြီးများ လာ‌ရောက်ခဲ့ခြင်း ရှိမရှိ ‌ထောင်ပိုင် များကို ‌မေးမြန်းခဲ့ခြင်းနှင့်ပက်သက်၍ “ကျ‌နော်‌မေးတယ်။ သူတို့ဆီကို ‌နေပြည်‌တော်ကဆိုတဲ့ အမည်မျိုးနဲ့ လာတာ မရှိဘူး။”ဟု ‌ဖြေ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း အပါအဝင် ‌နေပြည်‌တော်အရာရှိ ၈ဦးကို တရားခံပြသက်‌သေအဖြစ် ဆင့်‌ခေါ်‌ပေးရန် ပဒိုမန်းငြိမ်း‌မောင်ဘက်က ‌လျှောက်ထားခဲ့‌သော်လည်း အစိုး ရဘက်မှ ‌ထောင်ပိုင်နှစ်ဦးသာ ‌ခေါ်‌ဆောင်‌ပေးခဲ့ခြင်းဖြစ်သည်။

လာမည့်အပတ် ကြာသာပ‌တေး‌နေ့တွင် ထပ်မံစစ်‌ဆေးမည့် ပဒိုမန်းငြိမ်း‌မောင် အမှုရုံးချိန်တွင် တရားခံပြသက် ‌သေအဖြစ် ‌တောင်က‌လေးဆရာ‌တော်ကို ပင့်‌ဆောင်သွားမည်ဖြစ်သည်။

“ဆရာ‌တော်က ငြိမ်းချမ်း‌ရေးကို ကိုယ်တိုင်လုပ်‌ပေးခဲ့သူ၊ သူက ကိုယ်တိုင်ပဲလာနိုင်မလား။ စာနဲ့ဘဲ‌ပေးနိုင် မလားဆိုတာ မသိ‌သေးဘူး၊၊ ‌နောက်တပတ်မှာ ကြိုးစားကြည့်ဖို့ စီစဉ်ထားတယ်။” ဟု ဦးကြီးမြင့်က ‌ပြောသည်။
ပဒိုမန်းငြိမ်း‌မောင်သည် ၂၀၁၁ ခုနှစ် ဇူလိုင်လ(၂၄)ရက်‌နေ့တွင် တရုတ်‌လေ‌ကြောင်းလိုင်းဖြင့် ကူမင်မှ ရန်ကုန် သို့ ‌ရောက်ရှိစဉ် နိုင်ငံကူးလက်မှတ်တံဆိပ်တုံးအတုရိုက်နှိပ်ထားသည်ဟု ဆိုပြီး မြန်မာအစိုးရ အာဏာပိုင်များက စတင်ဖမ်းဆီးခဲ့သည်။

ထို့‌နောက် ပြစ်မှုဆိုင်ရာ ဥပ‌ဒေပုဒ်မ-၄၆၈ နှင့် လူဝင်မှုကြီးကြပ်‌ရေး အက်ဥပ‌ဒေ-ပုဒ်မ ၁၃/၁ တို့ဖြင့် ‌ထောင်ဒဏ် ‌ခြောက်လစီကျခံခဲ့ပြီးဖြစ်‌သော်လည်း မတရားအသင်းဟု ‌ကြေညာထားသည့် KNU၏ ‌ကော်မတီဝင်ဖြစ်သည်ဟု ဆိုကာ နိုင်ငံ‌တော်ပုန်ကုန်မှု ဥပ‌ဒေ-ပုဒ်မ ၁၂၂(၁) ‌သေဒဏ် (သို့) တစ်သက်တစ်ကျွန်းနှင့် မတရားအသင်း ပုဒ်မ (၁၇) ‌ထောင်ဒဏ် နှစ်နှစ်မှ သုံးနှစ်ဖြင့် စွဲချက်တင်ခံ‌နေရသူ ဖြစ်သည်။