Home သတင်း ၂၀၁၁ခုနှစ်ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု FBRမှ ‌စောထူးထူးအယ်ရရှိ

၂၀၁၁ခုနှစ်ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု FBRမှ ‌စောထူးထူးအယ်ရရှိ

1840
မတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ဖန်း‌ဖောင်‌ဒေးရှင်းမှ နှစ်စဉ်ချီးမြှင့်‌ပေးလျှက်ရှိသည့် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုအား ၂၀၁၁ခုနှစ်ဆု အတွက် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ထိမ်းချုပ်နယ်‌မြေ ကရင်ပြည်နယ်၊ ဒူးပလာယာ ခရိုင်အတွင်းရှိလူမှုကယ်ဆယ်‌ရေးလုပ်ငန်း‌ဆောင်ရွက် ‌နေသည့် Free Burma Ranger (FBR) အဖွဲ့မှ အသက် ၂၈နှစ်အရွယ် ‌စောထူးထူးအယ်က ဆွတ်ခူးရရှိသွားခဲ့သည်။

ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုကို ရရှိရန် ကရင်‌ဒေသအတွင်းရှိ လူထုအကျိုးပြု လူငယ် ၄ဦးအား သက်ဆိုင် ရာအဖွဲ့အစည်းများမှ အဆိုတင်သွင်းခဲ့ရာ အလုပ်ခွင်တွင် ခိုင်မာပြတ်သားစွာ ‌ဆောင်ရွက်ခဲ့သည့် ‌စောထူးထူး အယ်အား ဖန်း‌ဖောင်‌ဒေးရှင်းအဖွဲ့မှ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တ‌နေရာ၌ ပြုလုပ်သည့် ကရင့်အမျိုးသား စည်းလုံးညီညွှတ်‌ရေးနှီး‌နှောဖလှယ်ပွဲတွင် ယမန်‌နေ့က ‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် လုပ်ကြံခံရသည့် ဖခင်ဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး-KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ၂၀၀၄ခုနှစ်တွင် ကွယ်လွန်သွားသည့် မိခင် နမ့်‌ရွှေကျင်တို့ကို ရည်စူး၍ သားသမီးများဖြစ်သည့် ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ဖန်း‌ဖောင်‌ဒေးရှင်းကို တည်‌ထောင်ကာ လူထုအကျိုးပြု ကရင်လူငယ်များကို နှစ်စဉ် ဆုများချီးမြှင့်‌ပေးလျှက်ရှိသည်။

ဖန်း‌ဖောင်‌ဒေးရှင်းသည် ကရင်လူမှုအသိုင်းအဝိုင်းအတွင်း ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တစိုက်မတ်မတ် လုပ်‌ဆောင်‌နေသည့် အသက် ၃၅နှစ်‌အောက် ကရင်လူငယ်များအား ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၀၉ခုနှစ်ကတည်းက စတင် ‌ပေးအပ်လာခဲ့ရာ ‌ညောင်‌လေးပင် ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ ‌စောညွှန့်ဝင်းနှင့် ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖောတို့အား ဆုရှင်များအဖြစ် ‌ရွေးချယ်ချီးမြှင့်ခဲ့ပြီဖြစ်သည်။