Home သတင်း ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းတိုးချဲ့လာမှု‌ကြောင့် ဝင်း‌မောင်း‌ကျေးနယ်မှ လယ်ကွင်း ၂၀‌ကျော်ပျက်စီး

‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းတိုးချဲ့လာမှု‌ကြောင့် ဝင်း‌မောင်း‌ကျေးနယ်မှ လယ်ကွင်း ၂၀‌ကျော်ပျက်စီး

2304
မတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌မြောက်ပိုင်း ဖာပွန်နှင့်‌ရွှေကျင်မြို့နယ်အကြားရှိ ဝင်း‌မောင်း‌ကျေးနယ်အတွင်း ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း တိုးချဲ့လာမှု‌ကြောင့် ‌ဒေသခံရွာသားများ၏ လယ်ကွင်း ၂၀‌ကျော် ပျက်စီး‌နေပြီဟု ထို‌ဒေသရှိ ရွာသားများက ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU၏ ခွင့်ပြုချက်ဖြင့် ဖာပွန်မြို့နယ် ဝင်း‌မောင်း‌ကျေးနယ်ရှိ ဘီးလင်း‌ချောင်း နံ‌ဘေးတဝိုက်တွင် ထွန်းကြယ်ပွင့်၊ မြတ်ဖူး၊ ‌ရွှေဖူး၊ ‌ဇော်ညီကိုနှင့်ဖူး‌ဝေဟိန်း စသည့်‌ရွှေတူး‌ဖော်သည့် ကုမ္ပဏီတို့ က ပြီးခဲ့သည့် ၂၀၀၈ခုနှစ်ကစပြီး ‌ရွှေတူး‌ဖော်‌ရေးငန်းကို စတင်တူး‌ဖော်လာခဲ့ရာ ထပ်မံချဲ့ထွင်လာခြင်း‌ကြောင့် လက်ရှိ ဝင်း‌မောင်းရွာသားများ၏ လယ်ကွင်း (၂၀)ကွင်း‌ကျော် (ဧက အတိအကျ မသိရ‌သေး) ပျက်စီးဆုံးရှုံး‌နေ ရခြင်းဖြစ်သည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက“ အခုဆိုရင် လယ်ကွင်း ၂ဝ ‌ကျော်ပါသွားပြီ။ ကွမ်းခြံတချို့လည်း ပါသွား‌သေးတယ်။ ‌ရွှေတွင်းက တဖြည်းဖြည်းနဲ့ ချဲ့လာတဲ့အခါကျ‌တော့ ထပ်ပြီး ပျက်စီးမယ့် လယ်ကွင်း‌တွေ အများကြီးရှိ‌သေးတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပျက်စီးဆုံးရှုံးသွား‌သော လယ်ကွင်းများကို အကျယ်အဝန်းအ‌ပေါ်တွင် မူတည်၍ ကျပ်‌ငွေ ၂ဝသိန်းမှ ၇ဝသိန်းအထိ ‌ရွှေတူး‌ဖော်သည့်ကုမ္ပဏီများ၏ သတ်မှတ်‌ပေးထားသည့် ‌ဈေးနှုန်းအတိုင်း မ‌ရောင်းချင်ဘဲ ‌ရောင်းချ‌နေရသည်ဟု ရွာသားများက ဆိုသည်။

အမည်မ‌ဖော်လိုသူ အခြား‌ဒေသခံတစ်ဦးကလည်း “ကျ‌နော်တို့၊ လယ်ယာ၊ ခြံ‌မြေ‌တွေ အကုန်လုံးပျက်စီး သွားပြီဆို‌တော့ ‌လော‌လောဆယ် အချိန်မှာ လုပ်ကိုင်စား‌သောက်လို့ရ‌သေး‌ပေမယ့် ကျ‌နော် တို့ သားသမီး‌တွေ ‌ခေတ်‌ရောက်လို့ရှိရင် ဘာမှ လုပ်စားကိုင်စားလို့ ရ‌တော့မယ် မထင်ဘူး။”ဟု ‌ပြောသည်။
ဝင်း‌မောင်း‌ကျေးနယ်ရှိ ရွာသားများသည် ၎င်းတို့ လယ်ယာ၊ ခြံ‌မြေများ ယင်းသို့ နစ်နာဆုံးရှုံးခဲ့‌သော်လည်း အဘက်ဘက်မှ စိုးရိမ်‌ကြောက်လန့်‌နေရ‌သော‌ကြောင့် မည်သည့်တိုင်တန်းမှုမျိုးမှ လုပ်‌ဆောင်ခြင်းမရှိ‌ကြောင်း သူက ဆက်‌ပြောသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်နယ်စပ်တွင် ဘီးလင်း‌ချောင်း၊ မယ်ကလယ့်‌လော်‌ချောင်း၊ မယ်တိုး‌ချောင်းနှင့် ဘင်ဘန်း‌ချောင်းများတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ ဗိုလ်မှူးကြီး ‌စောချစ်သူ ဦးစီးသည့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-ဒီ‌ကေဘီ‌အေ (ယခု BGF)နှင့် ကုမ္ပဏီတချို့ပူး‌ပေါင်းပြီး ‌ရွှေများစတင်တူး‌ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုသို့‌ရွှေတူး‌ဖော်မှု‌ကြောင့် ၎င်း‌ချောင်းနံ‌ဘေးများတွင် ‌နေထိုင်သည့် က‌လေးသူငယ်တချို့သည် မသန့်ရှင်း‌သော ‌ရေများကို ‌သောက်သုံးမိ‌သော‌ကြောင့် ဝမ်းပျက်၊ ဝမ်းနာ‌ရောဂါများခံစားရသကဲ့သို့ ကျွဲ၊ နွားတချို့ ‌ရွှေတွင်းသို့ ပြုတ်ကျ ‌သေဆုံးမှုများလည်းရှိသည်ဟု သိရသည်။
မယ်ကလယ့်‌လော်‌ချောင်း၊ မယ်တိုး‌ချောင်းနှင့် ဘင်ဘန်း‌ချောင်းများရှိ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းများတွင်လည်း ‌ဒေသခံရွာသားများ၏ လယ်ယာ၊ ခြံ‌မြေ ဧက‌ပေါင်း ‌မြောက်များစွာ ပျက်စီးဆုံးရှုံးသည်ဟု ရွာသားများက ‌ပြောသည်။