Home ထိပ်တန်းသတင်း ၂၀၁၁ခုနှစ်ပဒိုမန်းရှာ လူငယ်‌ခေါင်း ‌ဆောင်ဆု‌စောထူးထူး အယ်အား‌ပေးအပ်ချီးမြှင့်

၂၀၁၁ခုနှစ်ပဒိုမန်းရှာ လူငယ်‌ခေါင်း ‌ဆောင်ဆု‌စောထူးထူး အယ်အား‌ပေးအပ်ချီးမြှင့်

1684
မတ်လ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

၂၀၁၁ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ဖန်း‌ဖောင်‌ဒေးရှင်းမှ Free Burma Ranger- FBR အဖွဲ့ဝင် ‌စောထူးထူးအယ် အား မတ်လ ၁ရက်‌နေ့တွင် ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

၎င်းဆုကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတွင် ပြုလုပ်ကျင်းပသည့် နိုင်ငံတကာ ကရင်အမျိုးသားများ နှီး‌နှောဖလှယ်ပွဲတွင် ‌ပေးအပ်ခြင်းဖြစ် ပြီး ဆုအတွက် အဆိုတင်သွင်းခံရသူ ကရင်လူငယ် ‌လေးဦးအနက်မှ ‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဖန်း‌ဖောင်‌ဒေးရှင်း တည်‌ထောင်သူတစ်ဦး ဖြစ်သူ နမ့်ဇိုယာဖန်းက ‌ပြောသည်။

နမ့်ဇိုယာဖန်းက “အဆိုတင်သွင်းသူ‌တွေထဲက ထူးထူးအယ်ကို ‌ရွေးချယ်ရတဲ့ အဓိကက‌တော့ သူက ထူးခြားတဲ့ ‌ခေါင်း‌ဆောင်မှု အရည်အ ချင်း ရှိတယ်။ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတယ်။ ကျန်တဲ့လူငယ်‌တွေမှာလည်း အင်မတန်‌ကောင်းတဲ့ အရည်အချင်း‌တွေ ကိုယ်စီ ရှိကြ ပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အသက် ၂၈နှစ်အရွယ် ‌စောထူးထူးအယ်သည် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ဒူးပလာယာခရိုင်မှဖြစ်ပြီး FBR တွင် ၂၀၀၇ခုနှစ်ကတည်းက စတင် လုပ်‌ဆောင်ခဲ့သူဖြစ်သည်။ ပဒိုမန်းရှာဆု‌ကြေး‌ငွေအဖြစ် အ‌မေရိကန်‌ဒေါ်လာ ၂,၀၀ဝ ‌ပေးအပ်ခဲ့ရာ ဆုရရှိမှုအ‌ပေါ် ခံစားချက်နှင့် ဆု ‌ကြေး‌ငွေကို ပြန်လည် အသုံးပြုသွားမည့် ရည်ရွယ်ချက်ကို ‌စောထူးထူးအယ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

သူက “ဆုရဖို့ ကြိုတင်မသိထားတာမို့ ကျ‌နော့်အတွက် အ‌တော်အံ့ဩဝမ်းသာမိတယ်။ လူငယ်‌ခေါင်း‌ဆောင်အ‌နေနဲ့ ဂုဏ်ပြုတဲ့အတွက် လည်း စိတ်တက်ကြွမှုလည်း ဖြစ်ရတယ်။ ဆု‌ကြေး‌ငွေက‌တော့ ကျ‌နော့်စဉ်းစားချက်အရ အဖွဲ့အစည်းရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ဘာလို့ လဲဆို‌တော့ အဖွဲ့အစည်းကပဲ ကျ‌နော့်ကို အဆိုတင်သွင်းတဲ့အတွက် ဒီအဖွဲ့အစည်း တိုးတက်ဖို့အတွက်ကိုပဲ ပြန်အသုံးချသွားမှာပါ”ဟု ‌ပြောသည်။

၎င်းအပြင် လူမှုအဖွဲ့အစည်း ဖြစ်‌ပေါ်‌ပြောင်းလဲမှုအ‌ပေါ်မှာ မျက်‌ခြေမပြတ် ‌လေ့လာပြီး ဦး‌ဆောင်တာဝန်ယူနိုင်မှု၊ နှိုင်းယှဉ်သုံးသပ်နိုင်ရန် လိုအပ်သလို တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိသင့်‌ကြောင်း၊ ‌တော်လှန်‌ရေးအဖွဲ့အစည်း တိုးတက်မှုအတွက် နည်းလမ်းရှာ လုပ်‌ဆောင်သွား ရန်လည်း ‌စောထူးထူးအယ်က ကရင်လူငယ်များကို မှာကြား‌ပြောဆိုခဲ့သည်။

အဆိုပါဆုကို ကရင်လူမှုအသိုင်းအဝိုင်းအတွင်းရှိ လူမှု‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ ယဉ်‌ကျေးမှုဆိုင်ရာ လုပ်ငန်းများတွင် ထိ‌ရောက်စွန့် စားစွာ လုပ်ကိုင်‌ဆောင်ရွက်‌နေသည့် အသက် ၃၅နှစ်‌အောက် ကရင်လူငယ်‌မောင်မယ်များကို ဖန်း‌ဖောင်‌ဒေးရှင်းမှ ၂၀၀၈ခုနှစ်မှ ယခု ၂၀၁၁ခုနှစ်အထိ ‌ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

၎င်းရည်ရွယ်ချက် (၄)ချက်ဖြင့် ဖွဲ့စည်းခဲ့သည့် ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့က လုပ်ကြံပစ်သတ်ခံရသည့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နမ့်ကျင်‌ရွှေတို့၏ သားသမီး‌လေးဦးဖြစ်သူ ‌စော‌စေး‌စေး ဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စ’လုံ့ဖန်းတို့မှ မိဘနှစ်ပါးကို ရည်စူး၍ ထို‌နေ့ရက်တွင်ပင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။

ဖန်း‌ဖောင်‌ဒေးရှင်းသည် ကရင်ပြည်နယ်အတွင်းရှိ ‌ကျောင်းဆရာများ လုပ်အားခ၊ ‌ကျောင်းဆရာသင်တန်းများ၊ ကွယ်ကလူသတင်းလုပ် ငန်း၊ ကရင်လူထုအတွင်းရှိ အ‌ရေး‌ပေါ်ကူညီမှုများအတွက် ကူညီ‌ထောက်ပံ့‌ပေးလျှက်ရှိသည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၀၈ခုနှစ်အတွက် ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ၂၀၀၉ခုနှစ်အတွက် ဖာပွန်ခရိုင်မှ ‌စောညွှန့်ဝင်း၊ ၂၀၁ဝခုနှစ်အတွက် ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖောတို့ ဆွတ်ခူးရရှိခဲ့သည်။