Home သတင်း မြန်မာအစိုးရနှင့်‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး တွင်KNU ကို ပြည်တွင်းပြည်ပ ကရင်များ ဝိုင်းရံသွားမည်

မြန်မာအစိုးရနှင့်‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး တွင်KNU ကို ပြည်တွင်းပြည်ပ ကရင်များ ဝိုင်းရံသွားမည်

1733
မတ်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရ တို့အကြား အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဆက်လက်‌ဆွေး‌နွေး‌ရေးတွင် KNU ကို ဝိုင်းရံပံ့ပိုးသွားမည်ဟု ကရင်ပြည်နယ် ဖာပွန်မြို့နယ် တ‌နေရာ၌ ပြုလုပ်သည့် နိုင်ငံတကာ ကရင်အမျိုးသားများ နှီး‌နှောဖလှယ်ပွဲ သို့ တက်‌ရောက်လာသူ ကရင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့ကြသည်။

‌ဖေ‌ဖော်ဝါရီ ၂၇ရက်မှ စတင်၍ ‌လေးရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ နှီး‌နှောဖလှယ်ပွဲကို ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်း ၄၃ခုမှ ကိုယ်စားလှယ်‌ပေါင်း ၁၆၇ဦး တက်‌ရောက်ခဲ့ကြပြီး မြန်မာအစိုးရနှင့် ဆက်လက် ‌တွေ့ဆုံ‌ရေးတွင် KNU ချမှတ်ထားသည့် အဆင့် ၄ဆင့်ပါ လမ်းပြ‌မြေပုံကို ‌ထောက်ခံကြိုဆို‌သော‌ကြောင့် KNU ကို ဝိုင်းရံရန် မတ်လ ၁ရက်‌နေ့တွင် ‌ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်လာသူ ကရင်အဖွဲ့အစည်းများ၏ကိုယ်စား ‌ပြောခွင့်ရသူ နမ့်ဇိုယာဖန်းက “အဓိက‌တော့ KNU ‌ခေါင်း‌ဆောင် ‌တွေ သိန်းစိန်အစိုးရနဲ့ သွား‌တွေ့တဲ့အချိန်မှာ ကရင်တမျိုးသားလုံး အကြံဉာဏ်‌တွေ ထည့်ပြီး‌တော့ ‌ဆွေး‌နွေး‌ပေးရမယ်‌လေ။ ဒါ‌ကြောင့် သူတို့ကို ဝိုင်းရံဖို့က အဓိက လိုအပ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ နှီး‌နှောဖလှယ်ပွဲတွင် နိုင်ငံတကာ ကရင်အမျိုးသားများအဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်တွင်းရှိ ကရင်အဖွဲ့အစည်း များ၊ ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်လုံးရှိ ကရင်အဖွဲ့အစည်းများနှင့် KNU နယ်‌မြေ အတွင်းရှိ ‌ဒေသခံပြည်သူများကို ကိုယ်စားပြုသည့် ကရင်အဖွဲ့အစည်းများ ပါဝင်‌ဆွေး‌နွေးခဲ့သည့်အ‌ပေါ် KNU အတွက် အကျိုးသက်‌ရောက်မှုများစွာ ရှိ‌ကြောင်း သူမက ဖြည့်စွက် ‌ပြောဆိုခဲ့ သည်။

နှီး‌နှောဖလှယ်ပွဲတက်‌ရောက်လာသည့် ကရင်ကိုယ်စားလှယ်များက လက်ရှိ မြန်မာအစိုးရ၏ အကျဉ်းချခံ‌နေရသူ ပဒိုမန်းငြိမ်း‌မောင် အပါ အဝင် KNU အဖွဲ့ဝင်များ၊ ကရင်လူထုများနှင့် အခြားနိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌ပေးရန်လည်း မြန်မာအစိုးရအား ‌တောင်းဆိုခဲ့သည်။

ထို့အပြင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို လက်‌တွေ့အ‌ကောင်အထည်‌ဖော်‌ရေးနှင့် နိုင်ငံတကာအဖွဲ့ များ ပါဝင်မှု ရရှိ‌ရေး၊ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး မဖြစ်မချင်း ဒုက္ခသည်များကို ပြန်လည်ပို့‌ဆောင်မှု မပြု‌ရေးနှင့် နိုင်ငံတကာမှ မြန်မာအစိုးရ အ‌ပေါ် ဖိအား‌ပေးအ‌ရေးယူမှု ဆက်လက်ထားရှိ‌ရေးတို့ကို ယ‌နေ့ထုတ်ပြန်သည့် ၎င်းတို့၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

တဆက်တည်းတွင်ပင် KNU အ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ‌ဖော်‌ဆောင်ရာတွင် နိုင်ငံ‌ရေး၊ စစ်‌ရေး၊ စီးပွား‌ရေး နှင့် စည်းရုံး‌ရေးဆိုင်ရာကိစ္စများ ‌နှောင့်‌နှေးဆုံးရှုံး နစ်နာမှုမရှိ‌စေရန် တိကျ‌သော စီမံခန့်ခွဲမှုနှင့် စည်းလုံးညီညွှတ်‌ရေးကို ပြသနိုင်‌စေ‌ရေးနှင့် အခြား အဓိကကျသည့် အချက်များကို ၎င်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

နှီး‌နှောဖလှယ်ပွဲသို့ KNU နှင့် မြန်မာပြည်တွင်းမှ ကရင်လူမှု‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်း လုပ်‌ဆောင်‌နေသူများ အပါအဝင် အ‌မေရိကန်၊ က‌နေဒါ၊ အဂင်္လန်၊ စကင်္ာပူ၊ မ‌လေးရှား၊ ဩစ‌တြေးလျား၊ ကိုးရီးယားနှင့် ဂျပန် စသည့်နိုင်ငံများမှ ကရင်ကိုယ်စားလှယ်များ၊ ထိုင်း-မြန်မာ နယ်စပ် အ‌ခြေစိုက် ကရင်လူထုအ‌ခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

Karen Peace Committee-KPC အဖွဲ့ဝင် အရှင်အဂ္ဂဝံသက “အခုလို စီမီနာကျင်းပခြင်းအားဖြင့် ပြည်တွင်းမှာရှိတဲ့ ကရင်အမျိုးသား‌တွေ ‌ရော၊ ပြည်ပမှာရှိတဲ့ ကရင်အမျိုးသား‌တွေ‌ရော တစုတ‌ဝေး စည်းလုံးညီညွှတ်ခြင်းဆိုတဲ့ အကျိုးကို ရရှိမှာဖြစ်ပြီး‌တော့ ‌ကေအဲန်ယူရဲ့ ဆက် လက်လုပ်‌ဆောင်မဲ့ အပစ်အခတ် ရပ်စဲ‌ရေးနဲ့ ငြိမ်းချမ်း‌ရေးမှာလည်းပဲ စစ်မှန်‌သော အပစ်အခတ်ရပ်စဲ‌ရေး၊ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး ရရှိ မယ်လို့ ခံယူပါတယ်။”ဟု ‌ကေအိုင်စီသို့ မြွက်ကြား‌ပြောဆိုခဲ့သည်။

KNU သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်း‌ရေး ပဏာမ သ‌ဘောတူညီမှု ရပြီး‌နောက် ၎င်းတို့ ထိန်းချုပ်ရာ နယ်‌မြေအချို့မှ ‌ဒေသခံ များနှင့်တကြိမ်၊ သက်ဆိုင်ရာ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့်တကြိမ်၊ ယခု ကရင်အမျိုးသားများ နှီး‌နှောဖလှယ်ပွဲ၌တကြိမ် စုစု‌ပေါင်း သုံးကြိမ် ‌တွေ့ဆုံခဲ့ပြီး ဖြစ်သည်။