Home သတင်း ပထမဦးဆုံး အမျိုးသားသတင်းဆု ယခုလအတွင်း ချီးမြှင့်မည်

ပထမဦးဆုံး အမျိုးသားသတင်းဆု ယခုလအတွင်း ချီးမြှင့်မည်

1693
မတ်လ ၅ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသားသတင်းဆု ချီးမြှင့်ပွဲကို လာမည့် မတ်လ(၁၈)ရက်‌နေ့တွင် အမျိုးသားသတင်း ဆု‌ကော်မတီက ကျင်း ပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ထိုအခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပမည်ဖြစ်ပြီး အခမ်းအနားတက်‌ရောက်ရန် သတင်းသမားများနှင့် တာဝန်ရှိ သူများကို ဖိတ်ကြားသွားမည် ဖြစ်သည်။

ဆုချီးမြှင့်ပွဲကို မူလက ‌ဖေ‌ဖော်ဝါရီလအတွင်း ပြုလုပ်ရန် စီစဉ်ခဲ့‌သော်လည်း ဆုတံဆိပ်ရရှိမှု ‌နောက်ကျခဲ့သဖြင့် မတ်လတွင်သာ ပြုလုပ်နိုင် ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားသတင်းဆု‌ကော်မတီ အတွင်း‌ရေးမှူး ဦးဝင်းငြိမ်းက ‌ပြောသည်။

“ကျ‌နော်တို့ဘက်ကဆု(တံဆိပ်)‌တွေ ဘန်‌ကောက်မှာ လုပ်တာပါ။ ရတာလည်း ‌နောက်ကျသွားပါတယ် အဲ့ဒါ‌ကြောင့် ရက်‌ရွှေ့သွားတာပါ။” ဟု ‌ပြောသည်။

၂၀၁၁ခုနှစ်အတွင်း ထုတ်‌ဝေခဲ့သည့် ပြည်တွင်းဂျာနယ်များမှ အ‌ကောင်းဆုံး သတင်းဆု၊ သတင်း‌ဆောင်းပါးဆု၊ အာ‌ဘော်‌ဆောင်းပါးဆု၊ သတင်းဓာတ်ပုံဆု၊ သတင်းကာတွန်းဆုများကို် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သည့် ဝါရင့်ပုဂိ္ဂုလ်များက ‌ရွေးချယ်ခဲ့ခြင်းဖြစ်ကာ တစ် ဆုလျင် ကျပ်(၁၀)သိန်းနှင့် အထိမ်းအမှတ်ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်များ ‌ပေးအပ်သွားမည်ဖြစ်‌ကြောင်း ဦးဝင်းငြိမ်းက ‌ပြောသည်။

ဆုတစ်ခုချင်းစီအတွက် ဆန်ခါတင် ဆုငါးဆုစီကိုလည်း ‌ရွေးချယ်ထားပြီးဖြစ်ကာ ထိုအထဲတွင် အပတ်စဉ်ထုတ် ‌စောင့်ကြည့်သတင်းဂျာ နယ်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ရေးသားထား‌သော “‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောပြသည့် ရာမယဏဇာတ်‌တော်” ‌ဆောင်းပါးလည်း ပါဝင် ၏သည်။

၂၀၁ဝခုနှစ်မှစတင်၍ မြန်မာသတင်းစာပညာဆုကို ‌ရွေးချယ်ချီးမြှင့်ခဲ့သည့် သတင်းစာဆရာအဖွဲ့ကလည်း ၎င်းနှစ်အတွက် ဆုချီးမြှင့်ရန် ‌ရွေးချယ်ထားကာ မကြာခင် ‌ပေးအပ်‌တော့မည်ဖြစ်‌ကြောင်း ယင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦး‌ကျော်ရင်မြင့်က ‌ပြောသည်။

“သတင်းသမား‌တွေက သိသိသာသာ ကြိုးစားကြတယ်။ အဲ့ဒါ‌ကြောင့် အသိအမှတ်ပြုချင်တာရယ်၊ ‌နောက်ထပ် ကြိုးစား‌စေချင်တာ‌တွေ ‌ကြောင့် ‌ပေးမှာပါ”ဟု သူက ‌ပြောသည်။

အမျိုးသားသတင်းဆု ဆု‌ရွေးချယ်ရာတွင် မှန်ကန်ပြီး တိကျခိုင်လုံခြင်း၊ အ‌ရေးအသား‌ကောင်းမွန်ခြင်း၊ ပညာ‌ပေးခြင်း စသည်တို့အပြင် သတင်းဓါတ်ပုံနှင့် ကာတွန်းများကို ထူးခြားခြင်း၊ သမိုင်းတန်ဖိုးရှိခြင်း၊ ‌ခေတ်ဖြစ်ရပ်ကို ထင်ဟပ်မှု ပရိဿတ်နှစ်သက်မှု အစရှိသည့်အချက် များနှင့် တိုင်းတာသွားမည်ဖြစ်‌ကြောင်း အမျိုးသားသတင်း ဆု‌ကော်မတီ၏ ‌ကြေညာချက်(၁/၂၀၁၁ )တွင် ပါရှိသည်။

အမျိုးသားသတင်းဆု‌ကော်မတီကို ၂၀၁၁ခုနှစ်တွင် အဖွဲ့ဝင်(၂၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ဆု‌ပေးအပ်ရခြင်းမှာ အမှန်တရားကို ‌ဖော်ထုတ် ‌ဝေဖန် ‌ထောက်ပြသည့် ထူးချွန်‌သော သတင်းသမားများကို ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် ‌ပေးအပ်ခြင်းဖြစ်သည်။