Home သတင်း အမျိုးသမီးများကိုကာကွယ်နိုင်မည့် ဥပ‌ဒေရရှိရန် KWO ကြိုးပမ်းမည်

အမျိုးသမီးများကိုကာကွယ်နိုင်မည့် ဥပ‌ဒေရရှိရန် KWO ကြိုးပမ်းမည်

1929
မတ်လ ၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အကြမ်းဖက်ခံ‌နေရသည့် အမျိုးသမီးများအ‌ပေါ် ကာကွယ်‌ပေးနိုင်မည့် တရားဥပ‌ဒေ စိုးမိုး‌ရေး ဖြစ်ထွန်း‌စေရန် ကရင်အမျိုးသမီးအစည်းအ ရုံး (KWO)က ဆက်လက် ကြိုးပမ်းသွားမည်ဟု KWO အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နန်းဒါး အယ်ကလယ်က ‌ပြောသည်။

“အဓိကအားဖြင့် အကြမ်းဖက်ခံ‌နေရသည့် အမျိုးသမီး‌တွေအတွက် မျှတတဲ့ တရားစီရင်‌ရေး၊ ဥပ‌ဒေစိုုးမိုးမှု‌တွေ မရှိဘူး။ အဲ့ဒါကို ကျမတို့ လိုချင်တယ်။ ရရှိ‌အောင်လည်း ကျမတို့အ‌နေနဲ့ ဆက်ပြီး တိုက်ပွဲဝင်‌နေကြမှာ ဖြစ်တယ်။”ဟု သူမက ‌ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်‌ဟောင်‌ဆောင်ခရိုင် မဲ့စရင်းမြို့ရှိ KWO ရုံးတွင် နိုင်ငံတကာအမျိုးသမီးများ‌နေ့ အခမ်းအနားကို နံနက် (၈)နာရီမှ (၉)နာရီ ခွဲအထိ ကျင်းပပြုလုပ်ရာ ကရင်‌ကျောင်းဆရာများအဖွဲ့(KTWG)၊ ကရင့်ကယ်ဆယ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးရုံး(KORD)နှင့် လူမှု‌ရေးအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် KWO လူမှု‌ရေးတာဝန်ခံ ‌နော်လှကြည်က အမှာစကား‌ပြောကြားခြင်း၊ KTWG ‌ခေါင်း‌ဆောင် လူဆားစ်က ဂုဏ်ပြုစကား နှင့် အား‌ပေးစကား‌ပြောကြားခြင်း။ ကရင်အမျိုးသမီးမဂ္ဂဇင်း ဒု-အယ်ဒီတာက ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတွင် ကရင်အမျိုးသမီးများ ၏ အခန်းကဏ္ဍများကို ရှင်းပြခြင်းနှင့် နိုင်ငံတကာအမျိုးသမီးများ‌နေ့တွင် ထုတ်ပြန်ခဲ့သည့် KWO ၏ ‌ကြေညာချက်အား ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

KWO အ‌နေဖြင့် မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ခင်ပွန်းသည်များ၏ အကြမ်းဖက်မှုကို ခံ‌နေရ‌သော အမျိုးသမီးများကို ကာကွယ်‌ပေး ခြင်း၊ ‌ထောက်ပံ့‌ပေးခြင်း၊ ရပ်တည်‌ပေးခြင်းနှင့် ပညာ‌ပေးစသည့် လုပ်ငန်းစဉ်များကို နှစ်‌ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ယခုနှစ် နိုင်ငံတကာအ မျိုးသမီးများ‌နေ့တွင် “‌ကြောက်ရွံ့ခြင်းမှသည် လွတ်လပ်ခြင်းဆီသို့ အမျိုးသမီးများ ‌လျှောက်လှမ်းစို့”ဟူသည့် ‌ကြေညာချက်ကို ထုတ်ပြန်ခဲ့ သည်။

ထိုသို့ အကြမ်းဖက်ခံရသူ အမျိုးသမီးများသည် ‌နေ့စဉ်နှင့်အမျှ အ‌ကြောက်တရား‌အောက်သို့ အတွန်းပို့ခံဘဝနှင့် အသက်ရှင်‌နေရသည်ဟု ထိုထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

အခမ်းအနားသို့ တက်‌ရောက်လာသည့် ကရင်အဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များ စု‌ပေါင်း၍ အမျိုးသမီးများ၏ ရပိုင်ခွင့်၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုအ‌ကြောင်းများကို ပြန်လည်သုံးသပ်ခဲ့ကြသည်ဟု နန်းဒါးအယ်ကလယ်က ဆိုသည်။

“‌ရှေ့ဆက်ပြီး ကျမတို့ လိုလားတဲ့ ပန်းတိုင်‌ရောက်‌အောင် ဘယ်လိုသွားရမလဲဆိုတာကို အချင်းချင်း ပြန်လည် သတိ‌ပေးသလို အား‌ပေး တာလည်း ဖြစ်ပါတယ်။”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် အစိုးရနှင့် လူမှုအသိုင်းအဝိုင်းတွင် ဦး‌ဆောင်‌နေသူများအ‌နေဖြင့် အမျိုးသမီးများကို ကာကွယ်သည့် နည်းလမ်းများ၊ အခွင့်အ လမ်းများကို ဖွင့်‌ပေးရမည်ဖြစ်ပြီး အမျိုးသမီးများကို ကိုယ်စားပြု‌နေသည့် အဖွဲ့အစည်းအ‌နေဖြင့် အမျိုးသမီးများ ပါဝင်‌စေရန် လက်ကမ်း ကြိုဆိုရမည်ဟူ၍လည်း နန်းဒါးအယ်ကလယ်က ဆိုသည်။

ထိုင်းနိုင်ငံ‌ရောက် မြန်မာအမျိုးသမီးတစ်ဦးက “အမျိုးသမီး‌တွေကို အသိအမှတ်ပြုပြီး နိုင်ငံတကာက အခုလို အမျိုးသမီးများ‌နေ့ သတ်မှတ် ထားရှိ‌ပေးတဲ့အတွက် ဂုဏ်ယူဝမ်း‌မြောက်မိပါတယ်။ ဒီ‌နေ့ကို အမျိုးသမီးများ‌နေ့လို့ သတ်မှတ်ထားတဲ့အတွက်လည်း အမျိုးသမီးတိုင်းမှာ လည်း တာဝန်ရှိပါတယ်။”ဟု ‌ပြောသည်။

နိုင်ငံတကာရှိ အမျိုးသမီးအဖွဲ့အစည်းများက နိုင်ငံတကာအမျိုးသမီးများ‌နေ့ကို ၁၉၁၁ခုနှစ်၊ မတ်လ (၈)ရက်‌နေ့တွင် စတင် ကျင်းပခဲ့ကာ ယခုနှစ်သည် (၁၀၁)ကြိမ်‌မြောက် ကျင်းပခွင့်ရသည့်နှစ် ဖြစ်သည်။

လက်ရှိတွင် အဖွဲ့ဝင်အင်အား ငါး‌သောင်းခန့် ရှိသည့် ကရင်အမျိုးသမီးအစည်းအရုံးကို ၁၉၈၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းတို့အဖွဲ့အ ‌နေဖြင့် အမျိုးသမီးစွမ်းရည်မြှင့်တင်မှုလုပ်ငန်း၊ အသိပညာ‌ပေးသင်တန်းများ၊ အကြမ်းဖက်ခံ အမျိုးသမီးများအတွက် မျှတသည့် တရားစီ ရင်‌ရေးရရှိရန် ကူညီ‌ဆောင်ရွက်‌ပေးခြင်း၊ ကရင်ဒုက္ခသည်အမျိုးသမီးများနှင့် က‌လေးငယ်များကို ကူညီ‌စောင့်‌ရှောက်မှု‌ပေးခြင်း၊ KNU နှင့် အစိုးရကြား ငြိမ်းချမ်း‌ရေးလုပ်ငန်းများတွင် ပါဝင်‌ဆွေး‌နွေး‌ပေးခြင်းများ လုပ်‌ဆောင်လျှက်ရှိသည်။