Home သတင်း အစိုးရစစ်တပ်မှ အပစ်ခတ်ရပ်စဲ‌ရေး အ‌ကြောင်းပြကာ လူထုကားများကို ‌ချောဆွဲ‌နေ

အစိုးရစစ်တပ်မှ အပစ်ခတ်ရပ်စဲ‌ရေး အ‌ကြောင်းပြကာ လူထုကားများကို ‌ချောဆွဲ‌နေ

1692
မတ်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ ‌မေတ္တာမြို့နယ်ခွဲတွင် လှုပ်ရှား‌နေသည့် အစိုးရတပ်များသည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ငြိမ်း ချမ်း‌ရေး ယူထားသည်ကို အ‌ကြောင်းပြပြီး အင်တာလျံ ကုမ္ပဏီမှ ‌ဖောက်လုပ်ထား‌သော လမ်းမကြီးတစ်‌လျှောက်ရှိ ‌ကျေးရွာသားများ၏ ကားများကို ‌ချောဆွဲလျှက်ရှိသည်။

‌မေတ္တာမြို့နယ်ခွဲတွင် အ‌ခြေစိုက်သည့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်(ကရခ) လက်‌အောက်ခံတပ်များသည် တပ်အ‌ပြောင်းအလဲ၊ တပ် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ပို့‌ဆောင်ရာတွင် ထားဝယ်-ကန်ချနဘူရီလမ်းမကြီး တစ်‌လျှောက်ရှိ ဆင်ဖြူဒိုင် ‌ကျေးရွာအုပ်စု၊ ဝါး‌တော ရွာ၊ အမိုရွာ၊ ထီးထာရွာ၊ ‌မောထာရွာမှ နယ်စပ်ရှိ ထီးခီး‌ကျေးရွာအထိ ရွာသားများ၏ ကားများကို ဇန်နဝါရီလမှစ၍ ယခုအချိန်ထိ ‌ခေါ်ယူ ခိုင်း‌စေ‌နေခြင်းဖြစ်သည်။

‌ဒေသခံတစ်ဦးက “သူတို့‌တွေ (အစိုးရတပ်) ဘယ်‌နေရာကိုပဲသွားသွား ရွာသား‌တွေရဲ့ကား‌တွေကို အမြဲတမ်း‌ခေါ်တယ်။ စစ်ရိက္ခာပစ္စည်းပို့ တာ အပါအဝင်‌ပေါ့။ KNUနဲ့ အပစ်အခတ်ရပ်စဲ‌ရေးယူထား‌တော့ ကားနဲ့ ပိုပြီး လွတ်လွတ်လပ်လပ် သွားလို့ရတယ်‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရခ လက်‌အောက်ခံ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ-၈)မှ ခမရ(၄၁၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမြင့်တိုးသည် ဝါး‌တော‌ကျေးရွာ တွင် အ‌ခြေစိုက်ပြီး ရွာသားများကို ‌နေ့စဉ် ‌ချောဆွဲ‌ခေါ်ယူခိုင်း‌စေလျှက်ရှိသည်ဟု အဆိုပါ‌ဒေသခံက ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၆ရက်‌နေ့တုန်းကလည်း စကခ (၈)လက်‌အောက်ခံ ခလရ(၂၈၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခင်‌မောင်လတ်သည် နယ် စပ် ထီးခီးစခန်းသို့သွားရန် ဝါး‌တောရွာရှိ အရပ်သားကား ၅စီးအား ‌ခေါ်ယူခိုင်း‌စေခဲ့‌သေးသည်ဟု သိရသည်။

KNU တပ်မဟာ(၄)မှ အမည်မ‌ဖော်လိုသည့် စစ်ဘက်ဆိုင်ရာ အရာရှိသူတစ်ဦးက “ဗမာစစ်တပ်ဘက်က အခုလို အခွင့်အ‌ရေးယူတာ ကျ‌နော်တို့ လုံခြုံ‌ရေးအတွက် အထူးစိုးရိမ်ရတယ်။ အရင်ကလို မဟုတ်ပဲ အခုကားနဲ့ လွတ်လွတ်လပ်လပ် သွားလာလို့ရတဲ့အခါကျ‌တော့ ကျ‌နော်တို့‌နေတဲ့‌နေရာ‌တွေ အကုန်လုံးသိတယ်။ ကျ‌နော်တို့ ‌နေတဲ့‌နေရာနဲ့ အနီးကပ် သူတို့လူ‌တွေ လာချထားတယ်။ ကျ‌နော်တို့ဘက်က လည်း ဘာမှ လုပ်လို့မရဘူး။”ဟု ‌ပြောသည်။

ထို့အပြင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက်အရ ဇန်နဝါရီလ ၂ဝရက်‌နေ့တွင်လည်း ‌မေတ္တာမြို့နယ်ခွဲအတွင်းရှိ ‌မေတ္တာ‌ကျေး ရွာအုပ်စု၊ မြင်းခံ‌ဘော်‌ကျေးရွာအုပ်စု၊ ‌ဖောင်း‌တော်‌ကျေးရွာအုပ်စုတို့ ရွာ ၆ရွာမှ စက်‌လှေ ၈၅စီးအား ‌မေတ္တာစခန်းမှ (‌ကျောက်ထုံးသို့) ရိက္ခာပို့‌ဆောင်ရန် လုပ်အား‌ပေး ‌ခေါ်ယူခိုင်း‌စေခဲ့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့က KNU ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ ကရင်ပြည် နယ်၊ ဘားအံမြို့၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာတွင် ပထမအဆင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး သ‌ဘောတူညီမှုကို ပြည်နယ်အဆင့် လက် မှတ်‌ရေးထိုးခဲ့သည်။

အစိုးရနှင့် KNU တို့ ပဏာမ သ‌ဘောတူညီချက် ရရှိပြီး‌နောက် ဗိုလ်မှူးချုပ်ဝင်းဘို‌ရွှေ ဦးစီးသည့် အစိုးရစစ်တပ် တပ်မ(၆၆)လက်‌အောက် ခံ တပ်ဖွဲ့များသည် ပဲခူးတိုင်း ‌တောင်ငူမြို့နယ်၊ ‌ဘောဂလိ‌ဒေသဘက်တွင် ရိက္ခာပစ္စည်းများ ပို့‌ဆောင်ရာတွင် ‌ဒေသခံရွာသားများ၏ ဆိုင် ကယ်များနှင့် ‌တောင်ငူမြို့‌ပေါ်မှ အငှားဆိုင်ကယ်များကို ‌ချောဆွဲခဲ့‌သေး‌ကြောင်း ‌ဘောဂလိ‌ကျေးနယ် ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရ သည်။