Home သတင်း DKBA နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ အဖွဲ့တို့ကို KNU သွား‌ရောက်‌တွေ့ဆုံ

DKBA နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ အဖွဲ့တို့ကို KNU သွား‌ရောက်‌တွေ့ဆုံ

2461
မတ်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်လက်နက်ကိုင်အဖွဲ့ချင်းချင်း ဆက်ဆံ‌ရေး ခိုင်မာ‌စေရန် ရည်ရွယ်၍ တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA နှင့် ဗိုလ်ချုပ်‌စောထင်‌မောင်၏ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီတို့ကို ကရင်အမျိုးသားအစည်းအရုံး-KNU က ယခုအပတ်အတွင်း သွား ‌ရောက်‌တွေ့ဆုံခဲ့သည်။

KNU ဘက်မှ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေ၊ ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး‌အော်လစ်ဗာတို့ ဦးစီးသည့်အဖွဲ့က KNU/ KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မယ်လာထာ့ရှိ ဗိုလ်ချုပ်ထင်‌မောင်၏ ‌နေအိမ်၌ ယခု မတ်လ ၆ရက် ‌နေ့ကလည်း‌ကောင်း၊ DKBA အဖွဲ့ကို မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်တွင် ယမန်‌နေ့ကလည်း‌ကောင်း ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “အခု ‌တွေ့ဆုံမှုက မိသားစု ပြန်လည်‌တွေ့ဆုံမှု ပုံစံမျိုးပါပဲ။ နိုင်ငံ‌ရေးအရ အခြားအ ‌ထွေအထူး ‌ဆွေး‌နွေးတာမျိုး မရှိ‌သေး‌ပေမဲ့ အရင်က ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခ‌တွေကို အပြန်အလှန် ‌ကျေ‌အေးကြပြီး သင်ပုန်း‌ချေလိုက်ကြဖို့ ‌တွေ့ဆုံကြတာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ‌တွေ့ဆုံမှုတွင် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ထင်‌မောင်က KNU အ‌နေဖြင့် မြန်မာအစိုးရနှင့် လုပ်‌ဆောင်‌နေ သည့် ကိစ္စရပ်များကို ‌ထောက်ခံအား‌ပေး‌ကြောင်း ‌ပြောဆိုသကဲ့သို့ DKBA မှ ဗိုလ်နှုတ်ခမ်း‌မွှေးကိုယ်တိုင်ကလည်း နိုင်ငံ‌ရေးနှင့် ပတ်သက် ၍ KNU ၏ ဦး‌ဆောင်မှုကို လက်ခံ‌ကြောင်း ‌ပြောဆိုခဲ့ကြသည်ဟု ဗိုလ်မှူး‌စောလှ‌ငွေက ဆိုသည်။

တဆက်တည်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များ အချင်းချင်း ခိုင်မာသည့် ဆက်ဆံ‌ရေး အပြန်အလှန် ယုံကြည်မှုတည်‌ဆောက်၍ ကရင့် အာဇာနည်‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူ ၄ချက်အ‌ပေါ်တွင် အမျိုးသား‌ရေးကို အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်သွားကြရန် ၎င်းတို့အား လုံး သ‌ဘောတူညီခဲ့ကြသည်ဟု သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU ၊ DKBA နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီတို့သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ ‌ရေး ပဏာမ သ‌ဘောတူညီချက်စာချုပ် လက်မှတ်ထိုးပြီး‌နောက်ပိုင်း ၎င်းတို့၏ သက်ဆိုင်ရာအဖွဲ့များမှ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ပထမ ဆုံးအကြိမ် ‌တွေ့ဆုံခြင်း ဖြစ်သည်။

DKBA ၏ ပြည်ပဆက်ဆံ‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောလုံ့လုံက KNU ဗဟိုမှ ထိပ်တန်း‌ခေါင်း‌ဆောင်များ အပါအဝင် ကိုယ်စားလှယ်များနှင့် ယခုလို ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရသည့်အ‌ပေါ် ကရင်အမျိုးသားများအကြား သမိုင်းဝင်သည့် နားလည်မှုများ ပိုမိုရရှိသည့်အပြင် အကျိုးရလဒ် များစွာလည်း ရရှိခဲ့သည်ဟု ‌ပြောဆိုသည်။

“အခုလို ကျ‌နော်တို့ကို လာ‌တွေ့တာ အရမ်း‌ကောင်းတယ်။ နားလည်မှု‌တွေ၊ ပွင့်လင်းမှု‌တွေ ပိုရသွားတယ်။ ‌ရှေ့ဆက် မြန်မာအစိုးရနဲ့ လုပ် မယ့် နိုင်ငံ‌ရေး ဆက်လက် ‌ဆွေး‌နွေးမှု‌တွေမှာ (KNU)နဲ့ပဲ လက်တွဲသွားဖို့လည်း ကျ‌နော်တို့ သ‌ဘောတူမယ်။”ဟု ‌ပြောသည်။

၎င်းတို့ အဖွဲ့နှစ်ဖွဲ့ကို သွား‌ရောက်‌တွေ့ဆုံခဲ့သည့် KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေ၊ ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ‌စောဖလယ်ခို၊ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးနှင့် အ‌မေရိကန်နိုင်ငံ‌ရောက် မန်းကီးဒိုဇန် (‌ရောဘတ်ဘဇန်) အပါအဝင် ဩစ‌တြေးလျားနှင့် ကိုရီးယားနိုင်ငံမှ ကရင်‌ခေါင်း‌ဆောင်အချို့လည်း လိုက်ပါသွားခဲ့သည်ဟု သိရသည်။

KNU သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်‌နေ့တွင်လည်း‌ကောင်း၊ KNU/KNLA ငြိမ်းချမ်း‌ကောင်စီအဖွဲ့သည် ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ (၇) ရက်‌နေ့တွင်လည်း‌ကောင်း၊ DKBA သည် ၂၀၁၁ခုနှစ် နိုဝင်ဘာ (၃)ရက်‌နေ့တွင်လည်း‌ကောင်း မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ် ရပ် စဲ‌ရေး သ‌ဘောတူညီချက်စာချုပ် လက်မှတ်‌ရေးထိုးခဲ့ကြသည်။