Home သတင်း ‌ဒေါ်စု၏ မွန်ပြည်နယ်ခရီးစဉ်ကို အလူး‌လေးရွာမှ ကရင်ရွာသား ၈၀ဝခန့် ကြိုဆို

‌ဒေါ်စု၏ မွန်ပြည်နယ်ခရီးစဉ်ကို အလူး‌လေးရွာမှ ကရင်ရွာသား ၈၀ဝခန့် ကြိုဆို

2025
မတ်လ ၁၁ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က မတ်လ ၁ဝရက်‌နေ့တွင် သူမ၏ မွန်ပြည်နယ်ခရီးစဉ်ကို စတင် ထွက်ခွာခဲ့ရာ ဘီးလင်းမြို့နယ်၊ အလူး‌ကျေးရွာမှ ကရင်ရွာသား ၈၀ဝဦးခန့်က ကရင်ဝတ်စုံ ဆင်မြန်းကာ ကြိုဆိုခဲ့ကြသည်။

အလူးရွာသူတစ်ဦးက “ရွာမှာ‌တော့ ‌ဒေါ်‌အောင်ဆန်းစုကြည်လာတာကို ကြိုကြတယ်။ ‌ထောက်ခံကြတယ်။ ‌ဒေါ်စုက‌ပြောတယ်။ ထူးခြား တယ်တဲ့ ကရင်ဝတ်စုံ‌လေး‌တွေနဲ့ ကြိုလို့‌ပေါ့‌လေ။ ကရင်ဝတ်စုံ‌လေး‌တွေနဲ့ ‌တွေ့ရတယ်။ ဝမ်းသာတယ်‌ပေါ့။”ဟု ဆိုသည်။

‌ဒေါ်စုအ‌နေဖြင့် ‌မော်လမြိုင်မြို့သို့ အ‌ရောက်သွားရမည်ဖြစ်၍ အလူး‌ကျေးရွာမှ ကြိုဆိုသူများကို သူမ စီးလာသည့်ကား‌ပေါ်မှ မိုက်ခရိုဖုန်း ဖြင့်ပင် နှုတ်ဆက်စကားနှင့် မိန့်ခွန်းအနည်းငယ် ‌ပြောဆိုခဲ့သည်ဟုလည်း အဆိုပါရွာသူက ‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်က ဘီးလင်းမြို့နယ်မှ ပြည်သူများမှာ သူမတို့၏ အင်အားဖြစ်‌ကြောင်း အချိန်မရ‌တော့သည့်အတွက် ‌နောက်တချိန် လာ‌ရောက်မည်ဖြစ်‌ကြောင်း ‌ပြောဆိုခဲ့သည်ဟု သိရသည်။

“ကျမတို့ရဲ့အင်အားဟာပြည်သူ‌တွေပါပဲ။ ပြည်သူ‌တွေ ကျမတို့ကို ‌ထောက်ခံတယ်ဆိုရင် ကျမတို့ရဲ့ အင်အားဟာ ပြန်ပြီး ပြည့်လာပါ တယ်။ ဘယ်‌လောက်ပဲပင်ပမ်းပင်ပမ်း ပြည်သူ‌တွေရဲ့ကြိုဆိုမှု၊ ပြည်သူ‌တွေရဲ့‌ထောက်ခံမှု‌ကြောင့် ကျမတို့ရဲ့အား‌တွေဟာ ‌လျော့သွားတယ် လို့ ဘယ်‌တော့မှ မရှိပါဘူးလို့ အဲ‌လောက်ပဲ‌ပြောသွားတယ်။”ဟု သွား‌ရောက်ကြိုဆိုခဲ့သူတစ်ဦးကလည်း ‌ပြောသည်။

ဘီးလင်းမြို့နယ်ရှိ NLD အဖွဲ့ဝင်များ၏ စည်းရုံးလုပ်‌ဆောင်ခဲ့မှု‌ကြောင့် အလူးရွာသား ၈၀ဝခန့်နှင့် ဘီးလင်းမြို့တွင် လူထု ၂‌သောင်းခန့် ‌ဒေါ်စုကို ကြိုဆိုခဲ့ကြသလို အာဏာပိုင်များ၏ တားဆီးမှုများလည်း မရှိ‌ကြောင်း ကြိုဆိုသူများ၏ ‌ပြောပြချက်အရ သိရှိရသည်။

အလူးရွာခံတစ်ဦးက “အခု ကြိုဆိုတဲ့သူ‌တွေက ကြိုချင်လို့ ကြိုကြတာကြီးပဲ။ မနက် ၁ဝနာရီထဲက ‌စောင့်‌နေကြတယ်။ ၂နာရီမှ‌ရောက် တယ်။ အားလုံး‌မောတယ်။ ဒါ‌ပေမဲ့ ‌နေပူတယ်လို့ သ‌ဘောမထားကြဘူး။ အားလုံး ‌ဒေါ်စုမျက်နှာကို ‌တွေ့ပြီး ‌ပျော်‌နေကြတယ်။ အားလုံး အရမ်းပဲ ‌ပျော်တယ်။ ‌တော်‌တော်ချစ်ကြတယ် ‌ဒေါ်စုကို။ ဒီ‌နေ့ ‌တော်‌တော်‌ပျော်ဖို့ ‌ကောင်းတယ်။ အားလုံး တက်တက်ကြွကြွပဲ။”ဟု ‌ပြော သည်။

ယခုလို ကြိုဆိုကြသည့်အထဲတွင် အမျိုးသမီး၊ လူငယ် အရွယ်စုံ အကုန်လုံး ပါဝင်ခဲ့ပြီး အလူးရွာလူထုအချို့ကလည်း ဆိုင်ကယ်ဖြင့် ဘီး လင်းမြို့သို့ လိုက်ပါသွားကြသည်ဟု သိရသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ အလူး‌ကျေးရွာတွင် ‌နေထိုင်သူအများစုမှာ ကရင်လူမျိုးများဖြစ်ကြပြီး ဥယျာဉ်ခြံနှင့် လယ်ယာစိုက်ပျိုးခြင်းကို အဓိကထား လုပ်ကိုင်ကြသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ယခု မွန်ပြည်နယ်ခရီးစဉ်မတိုင်ခင် မန္တ‌လေးတိုင်း ခရီးစဉ်ကိုလည်း သွား‌ရောက်ခဲ့ပြီးဖြစ်သည်။