Home သတင်း SYCB နှင့် NYF မှပဒိုမန်းငြိမ်း‌မောင် ပါဝင်သည့် ပြစ်ဒဏ်ကျ တိုင်းရင်းသားအဖွဲ့များအားလုံး လွှတ်‌ပေးရန် ‌တောင်းဆို

SYCB နှင့် NYF မှပဒိုမန်းငြိမ်း‌မောင် ပါဝင်သည့် ပြစ်ဒဏ်ကျ တိုင်းရင်းသားအဖွဲ့များအားလုံး လွှတ်‌ပေးရန် ‌တောင်းဆို

1793
မတ်လ ၁၂ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ပဒိုမန်းငြိမ်း‌မောင် အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်သူများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်‌ပေးရန် မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များ ကွန် ဂရက်(SYCB) နှင့် တိုင်းရင်းသားလူငယ်များ အင်အားစု (NYF)က ယ‌နေ့ ‌တောင်းဆိုလိုက်သည်။

မြန်မာအစိုးရအ‌နေဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို အ‌ပြောသက်သက် မဟုတ်ဘဲ လက်‌တွေ့ကျကျ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရန် အတွက် ပူးတွဲသ‌ဘောထား ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

SYCB အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်ဆန်းက “ယုံကြည်မှု‌တွေ တည်‌ဆောက်‌နေတဲ့ကာလမှာ တကယ့် လက်‌တွေ့ အ‌ပြောင်းအလဲ တည်‌ဆောက်ချင်ရင်‌တော့ တိုင်းရင်းသား‌ခေါင်း‌ဆောင် ပဒိုမန်းငြိမ်း‌မောင် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုနဲ့ ဆက်စပ် တဲ့သူ‌တွေအားလုံးနဲ့ နိုင်ငံ‌ရေးအကျဉ်းသား‌တွေအားလုံးကို ချွင်းချက်မရှိ လွှတ်‌ပေးဖို့ကို ကျ‌နော်တို့ ‌တောင်းဆိုတယ်”ဟု ‌ပြောသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေးအတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုကာလတွင် အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသည့် နိုင်ငံ‌ရေး အကျဉ်းသားများအားလုံး လည်း ပါဝင်ရန် လိုအပ်‌ကြောင်း ‌နော်ဆန်းက ဖြည့်စွက်‌ပြောဆိုသည်။

KNU ၏ ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်း‌မောင်ကို လာမည့် မနက်ဖြန် မတ်လ ၁၃ရက်‌နေ့တွင် ‌ထောင်ဒဏ် ၂နှစ်မှ ၃နှစ်အထိ ကျခံရနိုင်သည့် တရားမဝင် အသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ‌သေဒဏ် (သို့) တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်သည့် နိုင်ငံ‌တော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ကို အင်းစိန်‌ထောင် အထူးတရားရုံးမှ အပြီးသတ် စီရင်ချမှတ်‌တော့မည် ဖြစ်သည်။

ပဒိုမန်းငြိမ်း‌မောင်သည် မဟာမိတ်အဖွဲ့တချို့နှင့် ‌တွေ့ဆုံရန်အတွက် ၂၀၁၁ခုနှစ်၊ ဇူလိုင်လက တရုတ်နိုင်ငံ ကူမင်‌လေဆိပ်တွင် နိုင်ငံကူး လက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဆိုပြီး ရန်ကုန်‌လေဆိပ်သို့ ပြန်ပို့ခံခဲ့ရကာ မြန်မာအစိုးရ အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ယ‌နေ့ကာလတွင် တိုင်းရင်းသားညီအစ်ကိုများအားလုံးနှင့် အပြန်အလှန် ယုံကြည်မှု တည်‌ဆောက်နိုင်ရန်၊ အမျိုးသား ပြန်လည် သင့်မြတ်‌ရေး၊ ပြည်‌ထောင်စု၏ ‌ရေရှည် အကျိုးစီးပွားအတွက်ကို ‌မျှော်မှန်းကာ နှစ်‌ပေါင်း ၆၀‌ကျော်ကြာ‌နေပြီဖြစ်သည့် ပြည်တွင်းစစ် ပြဿ နာနှင့် နိုင်ငံ‌ရေး ပဋိပက္ခများကို အဆုံးသတ်နိုင်‌ရေး ဦးစား‌ပေး အ‌ရေးတကြီး ‌ဆောင်ရွက် အထူးလိုအပ်သည်ဟု SYCB နှင့် NYF က ဆို သည်။

SYCB ကို တိုင်းရင်းသားလူငယ်နှင့် ‌ကျောင်းသားများအကြားတွင် အပြန်အလှန် ယုံကြည်မှုများ တည်‌ဆောက်ပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်‌ထောင်စုကို တည်‌ဆောက်ရန် ရည်ရွယ်၍ ‌ကျောင်းသားလူငယ်အဖွဲ့အစည်းများဖြင့် ၁၉၉၆ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူး‌ဒေလီမြို့၌ စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ကရင်၊ ကချင်၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားလူငယ်အဖွဲ့‌ပေါင်း (၁၅)ဖွဲ့ဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် ဘဂင်္လား‌ဒေ့ရှ်နယ်စပ်များ၌ အ‌ခြေစိုက်လျှက်ရှိသည်။

တိုင်းရင်းသားလူငယ်များအင်အားစုကိုမူ သျှမ်း၊ ကရင်နီလူငယ်အဖွဲ့တို့ ဦးစီးပြီး ၁၉၉၆ခုနှစ်တွင် ထိုင်းနယ်စပ်တစ်‌နေရာ၌ စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ရာ ယခုအချိန်တွင် တိုင်းရင်းသားလူငယ်အဖွဲ့ ၁၃ဖွဲ့ ပါဝင်သည်။