Home သတင်း သံ‌တောင်နယ် ကရင်‌ဒေသခံများ လူ့အခွင့်အ‌ရေး ဆက်တိုက် ချိုး‌ဖောက်ခံရ

သံ‌တောင်နယ် ကရင်‌ဒေသခံများ လူ့အခွင့်အ‌ရေး ဆက်တိုက် ချိုး‌ဖောက်ခံရ

1871
မတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်သံ‌တောင်မြို့နယ်အတွင်းရှိ ‌ဒေသခံ ကရင်လူထုများကို မြန်မာအစိုးရတပ်က ၎င်းတို့၏ တပ်ရိက္ခာသယ်‌ပေးရန် လုပ်အား‌ပေးခိုင်း‌စေမှုများ ဆက်တိုက်ပြုလုပ်‌နေသလို ‌တောမီးရှို့မှုများလည်း ဆက်တိုက် လုပ်‌ဆောင်‌နေ သည်ဟု ‌ဒေသခံရွာသားများက ‌ပြောသည်။

ထို‌ဒေသအတွင်း လှုပ်ရှား‌နေသည့် မြန်မာအစိုးရစစ်တပ် တပ်မ(၆၆)လက်‌အောက်ခံတပ်ရင်းများသည် ယခင် အပတ်က ကျီခဲဒဲနှင့် ဘူးဆာခီးရွာဘက်တွင် ‌တောမီးရှို့မှုများ ပြုလုပ်‌နေသလို ‌ကော်‌သေးဒဲရွာမှ ရွာသား(၇) ဦး အား ကိုယ်ပိုင်ဆိုင်ကယ်နှင့်အတူ ‌ချောဆွဲကာ ‌ရော်ဆာလိုစခန်းသို့ တပ်ရိက္ခာ ပို့‌ဆောင်ခိုင်း‌စေခဲ့သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတဦးက ‌ပြောသည်။

သူက “အစိုးရတပ်‌တွေ မီးလိုက်ရှို့တာ အဆက်မပြတ်ပဲ‌လေ။ အခုလ ၁ဝရက်‌နေ့ က ကျီခဲဒဲဘက်မှာ ရှို့တယ်။ လုပ်အား‌ပေးလည်း ဆက်တိုက်ပဲ။ အခုလ ၈ရက်တုန်းက ရိက္ခာသယ်ဖို့ဆိုပြီး ‌ကော်‌သေးဒဲရွာက ရွာသား ၇‌ယောက်ကို ‌ချောဆွဲတယ်‌လေ။”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါ‌ဒေသရှိ အစိုးရစစ်တပ်များသည် ၎င်းတို့ ‌ရှေ့တန်းစခန်းသို့ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ပဲ၊ နို့ဆီ စသည့် ရိက္ခာအစားအစာများကို သယ်‌ဆောင်ရာတွင် ‌ဒေသခံများကို ပုံမှန်ခိုင်း‌စေ‌နေသည်ဟု သူက ဆက်‌ပြောသည်။

၎င်းအပြင် မြန်မာအစိုးရတပ်များသည် ကျီခဲဒဲ၊ ကလိုးမူဒဲ၊ တ‌အေးခီး၊ ဘူခီး၊ မယ်‌ဒေါခို၊ ‌ခေါသူဖိုးနှင့် ‌ကော်‌သေးဒဲ စသည့် ‌ကျေးရွာများဝန်းကျင်တွင် ‌တောမီးများ အဆက်အပြတ် လိုက်ရှို့မှု‌ကြောင့် ‌ဒေသခံ၏ ဖာလာ၊ ကွမ်းပင်၊ ဒညှင်း စသည့် ဥယျဉ်ခြံပျက်ဆီးမှုများလည်း ရှိသည်ဟု သိရသည်။

လက်ရှိအချိန်၌ သံ‌တောင်မြို့နယ်အတွင်းတွင် မြန်မာအစိုးရတပ် တပ်မ(၆၆)လက်‌အောက်တပ်ရင်းများဖြစ် သည့် ‌ခြေလျင်တပ်ရင်း-ခလရ(၈၀၊ ၁၊ ၃၅)၊ ‌ခြေမြန်တပ်ရင်း-ခမရ(၁၀၈၊ ၁၀၊ ၆၊ ၄)နှင့် စစ်ဆင်ကွပ်ကဲ‌ရေး ဌာနချုပ်(စကခ-၉)လက်‌အောက်ခံ ခမရ(၃၈၀၊ ၃၇၅၊ ၃၇၆၊ ၅၄၁)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။

သံ‌တောင်မြို့နယ်သည် KNU ထိန်းချုပ်‌နေ‌မြေ ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)တွင် တည်ရှိ‌နေခြင်းဖြစ်သည်။

KNU ၏ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို ‌စောအယ်ဝါးက “ဒီလို လူ့အခွင့်အ‌ရေးချိုး‌ဖောက်တာ‌တွေ အပစ်အခတ် ရပ်ဆိုင်း‌ရေးနဲ့ ဘာမှ မဆိုင်ဘူး။ ဟိုးအရင်က(အပစ်ရပ်‌ရေး မလုပ်ခင်)လည်း သူတို့(အစိုးရတပ်) ဒီလိုပဲ ‌တောမီး လိုက်ရှို့တာပဲ။”ဟု ‌ပြောသည်။

ပဏာမ အပစ်အခတ်ရပ်စဲ‌ရေးကာလဖြစ်‌သော်လည်း အစိုးရသည် ၎င်းတို့ တပ်မဟာ(၂)‌ဒေသအတွင်း ယခင်ကဲ့သို့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဆက်လက်ဖြစ်‌ပေါ်‌နေခြင်းသည် အစိုးရအထက်‌ခေါင်း‌ဆောင်များ ၏ စီစဉ်ချမှတ်ထားသည့် လမ်း‌ကြောင်းအတိုင်းသာ ဖြစ်သည်ဟု သူက ‌ဝေဖန်‌ပြောကြားလိုက်သည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့-KHRG မှလည်း အစိုးရ၏ အဆက်မပြတ် လုပ်အား‌ပေးခိုင်း‌စေ၍ လူ့အခွင့်အ‌ရေးချိုး ‌ဖောက်ခဲ့ခြင်းများကို ‌ထောက်ပြသည့် အ‌နေဖြင့် ယမန်‌နေ့၌ အစီရင်ခံစာတ‌စောင်ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာအရ ၂၀၁၁ခုနှစ် နိုဝင်ဘာလမှ ယခုအချိန်အထိ KNU ၏ ‌တောင်ငူခရိုင်ရှိ သံ‌တောင်နှင့် ထန်းတပင်မြို့နယ်အတွင်းတွင် လှုပ်ရှား‌နေသည့် အစိုးရတပ်များသည် ၎င်းတို့ ‌ရှေ့တန်းစခန်းများသို့ ရိက္ခာသယ်ရာတွင် ‌ဒေသခံကရင်ရွာများဖြစ်သည့် ကလယ့်လာ့၊ ‌ကော်‌သေးဒဲ၊ ‌ကေသိုးခီး၊ က‌လေ့စိုးခီးနှင့် ပယ်‌ကော်‌ဒေး(ဒဲ)မှ ရွာသူရွာသားများ၏ ကားနှင့် ဆိုင်ကယ်များအား ‌ချောဆွဲခဲ့ခြင်းအ‌ကြောင်းကို ထည့်သွင်း‌ဖော်ပြထားသည်။

မြန်မာအစိုးရသည် KNU နှင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး သ‌ဘောတူညီမှု လက်မှတ်သည့်‌နောက်ပိုင်း သံ‌တောင်မြို့နယ်အတွင်းရှိ ၎င်းတို့ အစိုးရစစ်တပ်များအ‌ခြေစိုက်ရာ စခန်းများသို့ ရိက္ခာပို့‌ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလုပ်‌ဆောင်လာခဲ့သည်။