Home သတင်း ငြိမ်းချမ်း‌ရေးလမ်းစဉ်များအား စနစ်တကျလုပ်‌ဆောင်ရန် တိုင်းရင်းသားအဖွဲ့များ ‌ဆွေး‌နွေး

ငြိမ်းချမ်း‌ရေးလမ်းစဉ်များအား စနစ်တကျလုပ်‌ဆောင်ရန် တိုင်းရင်းသားအဖွဲ့များ ‌ဆွေး‌နွေး

1913
မတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အစိုးရနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုအား စနစ်တကျ လုပ်‌ဆောင်သွားရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ စု‌ပေါင်း၍ ထိုင်းနိုင် ငံ၊ ချင်းမိုင်မြို့တွင် ‌လေးရက်ကြာ တိုင်ပင်‌ဆွေး‌နွေးခဲ့ကြသည်။

‌တွေ့ဆုံပွဲတွင် တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရတို့ ဆက်လက်‌ဆွေး‌နွေးမည့် ငြိမ်းချမ်း‌ရေးလမ်းစဉ် အဆင့်ဆင့်ကို ‌ဆွေး‌နွေးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)ဒု-ဥက္ကဌ ပဒို‌ဒေးဗစ်သက‌ဘောက ‌ပြောသည်။

၎င်းက “အဓိက‌တော့ အစိုးရရဲ့အ‌ပြောကိုလည်း ယုံလို့မရဘူး‌လေ။ ကျ‌နော်တို့လိုချင်တဲ့ ၂၀၀၈ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ‌ပြောင်းဖို့လိုတယ်။ တိုင်းရင်းသားအခွင့်အ‌ရေး‌တွေ ရဖို့‌တောင်းမယ်။ အစိုးရကလည်း အဲ့ဒါ‌တွေ ‌ပြောင်းပါလို့ ‌ပြောထားတယ်။ ဘာ‌တွေ ‌ပြောင်းရမလဲ။ ‌ပြောင်း ချင်လဲဆိုတာ ‌ဆွေး‌နွေးဖြစ်တယ်။”ဟု ‌ပြောသည်။

‌ဆွေး‌နွေးပွဲကို မတ်လ ၁၁ရက်‌နေ့မှ ၁၄ရက်‌နေ့အထိ ကျင်းပခဲ့ပြီး ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC) အဖွဲ့ဝင်များ၊ ပြည်‌ထောင်စုမြန်မာနိုင်ငံ အမျိုးသား‌ကောင်စီ(NCUB)အဖွဲ့ဝင်များနှင့် အ‌မေရိကန်နိုင်ငံက ဥပ‌ဒေပညာရှင်သုံးဦး တက်‌ရောက် ခဲ့သည်။

ငြိမ်းချမ်း‌ရေးတွင်လည်း မှန်မှန်ကန်ကန်နှင့် တည်တံ့ခိုင်မြဲ‌သော ထာဝရငြိမ်းချမ်း‌ရေးရရှိရန်၊ စနစ်တကျ မှန်မှန်ကန်ကန် ချီတက်ရန်နှင့် ငြိမ်းချမ်း‌ရေး တည်‌ဆောက်သည့်‌နေရာတွင် မမှန်ကန်လျှင် စစ်မှန်သည့် ငြိမ်းချမ်းမှု ရနိုင်မည်မဟုတ်‌ကြောင်း ပဒို‌ဒေးဗစ်သက‌ဘောက ဆက်‌ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ဖြစ်‌ပေါ်လာအချိန်တွင် အမျိုးသားတန်းတူ‌ရေး အခွင့်အ‌ရေး၊ ကိုယ်ပိုင်ပြ ဌာန်းခွင့်အ‌ရေး စသည့်အချက်များကို တစ်ပြည်လုံး အတိုင်းအတာအရ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း‌ဆွေး‌နွေးသင့်‌ကြောင်း ထိုကဲ့သို့ ‌ဆွေး‌နွေးရာတွင် လွှတ်‌တော်အတွင်း မ‌ဆွေး‌နွေးသင့်‌ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သ‌ဘောတူညီခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သည့် အ‌မေရိကန် ဥပ‌ဒေပညာရှင်သုံးဦးက မြန်မာနိုင်ငံအ‌ပေါ် နိုင်ငံတကာ စီးပွား‌ရေးပိတ်ဆို့မှုဆိုင်ရာ အချက် အလက်များကို ပထမပိုင်းတွင် ‌ဆွေး‌နွေးခဲ့ကြသည်ဟု ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်ဥက္ကာက‌ပြောသည်။

“တချို့နိုင်ငံ‌တွေက မြန်မာနိုင်ငံမှာ အ‌ပြောင်းအလဲဖြစ်‌ပေါ်‌နေပြီလို့ ‌ကောက်ယူတဲ့အ‌နေနဲ့ စီးပွား‌ရေးပိတ်ဆို့မှုကို ရုတ်သိမ်းမယ့်အသံ‌တွေ ထွက်‌ပေါ်‌နေတဲ့အ‌ပေါ် တကယ့်လက်‌တွေ့မှာ‌ကော စစ်မှန်တဲ့ ပြုပြင်‌ပြောင်းလဲမှု‌တွေရှိ‌နေပြီလား။ ဆန်ရှင်ကိုင်ထားတဲ့သူ‌တွေဘက်က ပြန် စဉ်းစားနိုင်‌အောင် တကယ့်စစ်စစ်မှန်မှန် ‌ပြောင်းလဲ‌ရေးကို အား‌ပေးတာလည်း ‌ရောက်‌အောင် ကျ‌နော်တို့ဘက်က နည်းနည်း‌လေး အချက် အလက် ရှာ‌ပေးတဲ့သ‌ဘောပါပဲ။”ဟု သူက ‌ပြောသည်။

လက်ရှိအချိန်တွင် အပစ်ခတ်ရပ်စဲခြင်း၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု၊ က‌လေးစစ်သားအသုံးပြုမှု၊ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး အစရှိ သည့် လုပ်‌ဆောင်ချက်များ အမှန်တကယ် ပြုပြင်‌ပြောင်းလဲ‌နေလျှင် ဆန်ရှင်(စီးပွား‌ရေးပိတ်ဆို့မှု)များကို ‌ဖြေ‌လျော့‌ပေးသင့်သည်ဟု ‌ဆွေး ‌နွေးခဲ့ကြ‌ကြောင်း ခွန်ဥက္ကာက ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲမှ ရရှိလာသည့် အချက်များအ‌ပေါ်အ‌ခြေခံ၍ ထွက်ရှိလာမည့် စာတမ်းများ၊ အချက်အလက်များကို ပြည်‌ထောင်စု အစိုး ရနှင့် ‌တွေ့ဆုံသည့်အချိန်တွင် ချပြ‌ဆွေး‌နွေးသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ၊ အ‌မေရိကန်၊ အီးယူနှင့် ဂျပန်နိုင်ငံများသို့လည်း ‌ပေးပို့သွားမည် ဖြစ်သည်။

ပြည်ပအ‌ခြေစိုက် ဒီမိုက‌ရေစီအင်အားစု တိုင်းရင်းသားအဖွဲ့များနှင့် ဖွဲ့စည်းတည်‌ထောင်ထားသည့် ပြည်‌ထောင်စု မြန်မာနိုင်ငံအမျိုးသား ‌ကောင်စီ (NCUB) ကို ၁၉၉၂ခုနှစ်၊ စက်တင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့သည်။

ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)ကို ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ‌လော‌လောဆယ် အဆိုပါအဖွဲ့ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁)ဖွဲ့ ပါဝင်သည်။