Home သတင်း မယ်လဒုက္ခသည်စခန်းတွင် မူးယစ်‌ဆေးသုံးစွဲသူတဦးကို ဖမ်းမိ

မယ်လဒုက္ခသည်စခန်းတွင် မူးယစ်‌ဆေးသုံးစွဲသူတဦးကို ဖမ်းမိ

1733
မတ်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထမ့်‌ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်းတွင် ယမန်‌နေ့က ရာဘာ့ ‌ခေါ် စိတ်ကြွ‌ဆေးပြား မူးယစ် ‌ဆေး သုံးစွဲသည်ဟု ယူဆရသူ နှစ်ဦးကို စခန်းလုံခြုံ‌ရေးနှင့် ထိုင်းအာဏာပိုင်များ‌ပေါင်း၍ ဖမ်းဆီးခဲ့ရာ တဦးမှာ မူးယစ်‌ဆေး သုံးစွဲထား ‌ကြောင်း မယ်လစခန်းတာဝန်ရှိသူများက ‌ပြောသည်။

မူးယစ်‌ဆေးအမှုဖြင့် ဖမ်းဆီးခံရသူများမှာ မယ်လစခန်း ဇုံ(B-3)တွင် ‌နေထိုင်သူ အသက် ၂၈နှစ်အရွယ် ‌စော‌ကျော်အဲ့နှင့် အသက် ၁၇နှစ် အရွယ် ‌စော‌မောင်ချမ်းသာတို့ဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် ‌စော‌ကျောအဲ့ထံ၌ ရာဘာ့‌ဆေးပြား ၈လုံး လက်ဝယ်‌တွေ့ရှိခဲ့သည်ဟု ဖမ်းဆီးမှုကို ကိုယ်တိုင်ပါဝင်ကွပ်ကဲခဲ့သူ မယ်လစခန်း လုံခြုံ‌ရေးတာဝန်ခံ ‌စောအားမူက ‌ပြောသည်။

“သူတို့နှစ်‌ယောက်ကို ဖမ်း‌တော့ ပုလိပ်‌တွေက ဆီးကို စစ်ကြည့်အခါ ‌ကျော်အဲ့မှာ ‌ဆေးသုံးစွဲထားတာ ‌တွေ့ရတယ်။ ‌မောင်ချမ်းသာဆိုတဲ့ က‌လေးက‌တော့ ‌ဆေးသုံးထားတာ မ‌တွေ့ရသလို သူ့ကို အဲဒီလူ(‌ကျောအဲ့)က မုန့်ဖိုး‌ပေးပြီး ‌ဆေး‌တွေပို့ခိုင်းတာလို့ သိရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မယ်လစခန်းအတွက် လုံခြုံ‌ရေးယူ‌ပေး‌နေသည့် ‌အော‌ဆော်အဖွဲ့နှင့် ထိုင်းနယ်ခြား‌စောင့်တပ်(ထမ့်ဟမ်ဖန်း)အဖွဲ့ အပါအဝင် မယ်လစခန်း လုံခြုံ‌ရေး တာဝန်ရှိသူ ၂၀‌ကျော်တို့က အဆိုပါသူနှစ်ဦးကို ‌ရှောင်တခင် သွား‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

‌စောအားမူက “‌ကျောအဲ့က‌တော့ ‌ဆေးသုံးတယ်ဆိုတာ နာမည်ထွက်ထားသလို ကျ‌နော်တို့လည်း ရိပ်မိတာ ကြာပြီ။ လက်ပူးလက်ကြပ် မမိလို့။ သူ့ကို သွားဖမ်းတဲ့အချိန် ကျ‌နော်တို့အားလုံး အရပ်ဝတ်နဲ့ပဲ သွားလို့ ဖမ်းမိတာ။ မဟုတ်ရင် ဖမ်းမိဖို့ မလွယ်ဘူး။ ထွက်‌ပြေးမှာ‌ပေါ့။” ဟု ဖြည့်စွက်‌ပြောဆိုသည်။

‌စော‌ကျောအဲ့သည် ခိုးမှုဖြင့် ‌ထောင် ၂နှစ်ကျကာ ပြီးခဲ့သည့် ၈လမှ အကျဉ်း‌ထောင်မှ ပြန်လည်လွတ်‌မြောက်လာပြီး မယ်လစခန်းတွင် ‌နေထိုင်ခဲ့သည်။ ထိုသို့ ‌နေထိုင်သည့်ကာလအတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှတဆင့် ရာဘာ့‌ဆေးပြားများကို မှာယူကာ ၎င်းကိုယ် တိုင် သုံးစွဲ‌နေသကဲ့သို့ ‌ရောင်းဝယ်‌ဖောက်ကားမှုလည်း ပြုလုပ်‌နေသည်ဟု ထိုင်းအာဏာပိုင်များကို ‌ဖြောင့်ချက်‌ပေးထား‌ကြောင်း သိရ သည်။

မယ်လစခန်းရှိ ထိုင်းအာဏာပိုင်များက ၎င်းတို့နှစ်ဦးကို ယမန်‌နေ့ ‌နေ့လည်၌ ဖမ်းဆီးကာ မယ်လစခန်းတွင် ‌မေးမြန်းစစ်‌ဆေးမှုများ ပြုလုပ် ပြီး‌နောက် ည‌နေ ၄နာရီတွင် တာ့ခ်ခရိုင်၊ ထမ့်‌ဆောင်ယန်းမြို့နယ် မဲ့တန်ရဲစခန်းသို့ ပို့‌ဆောင်ခဲ့သည်။

‌နောက်ဆုံးရရှိသည့် သတင်းအရ ‌စော‌မောင်ချမ်းသာ အပြစ်မရှိ‌ကြောင်း ‌တွေ့ရသဖြင့် မဲ့တန်းရဲစခန်းမှ မယ်လစခန်းသို့ ပြန်လည်‌ခေါ်ယူ ရန် ထိုင်းရဲများက မယ်လစခန်းတာဝန်ရှိသူများအား ယ‌နေ့မနက်၌ ဖုန်းဖြင့် အ‌ကြောင်းကြားခဲ့သည်ဟု မယ်လစခန်းတာဝန်ရှိသူတဦးက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၌လည်း မယ်လဒုက္ခသည်စခန်းတွင် အလားတူ စခန်းလုံခြုံ‌ရေးအဖွဲ့နှင့် ထိုင်းအာဏာပိုင်များ ပူး‌ပေါင်း၍ ရာဘာ့ ‌ဆေးပြား ‌ခေါ် မူးယစ်‌ဆေးဝါးကို သုံးစွဲသူ ၃ဦးအား ဖမ်းဆီးခဲ့‌သေးသည်။