Home သတင်း ပဒိုမန်းငြိမ်း‌မောင်အား လွတ်‌မြောက်မှုမှာ အစိုးရ၏ ကတိကဝတ် ပြီးဆုံးမှုဖြစ်‌ကြောင်း KNU ‌ပြော

ပဒိုမန်းငြိမ်း‌မောင်အား လွတ်‌မြောက်မှုမှာ အစိုးရ၏ ကတိကဝတ် ပြီးဆုံးမှုဖြစ်‌ကြောင်း KNU ‌ပြော

1880
မတ်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တစ်သက်တစ်ကျွန်းနှင့် ‌ထောင်ဒဏ် ၃နှစ် ပြစ်ဒဏ်ကျခံရသည့် ပဒိုမန်းငြိမ်း‌မောင်အား လွှတ်‌ပေးလိုက်ခြင်းသည် အစိုးရဘက်မှ ‌ပေးထား သည့် ကတိကဝတ်ကို ပြီးဆုံး‌အောင် ‌ဆောင်ရွက်လိုက်ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU က ‌ပြောသည်။

KNU ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ချွင်းချက်မရှိ သမ္မတအမိန့်နဲ့ လွတ်တယ် ဆိုလို့ရှိရင်‌တော့ သူတို့‌ပြောတဲ့အတိုင်း ‌ပေါ့‌လေ။ ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်တဲ့ အပစ်အခတ်ရပ်စဲ‌ရေးမှာ မန်းငြိမ်း‌မောင်နဲ့ သူတို့နဲ့ သ‌ဘောတူညီထားတဲ့အချက်၊ ကျ‌နော်တို့အ‌ပေါ် မှာ သူတို့‌ပြောထားတဲ့ ကတိကဝတ်ကို ပြီးဆုံး‌အောင် ‌ဆောင်ရွက်တယ်လို့ပဲ ယူဆပါတယ်”ဟု ‌ပြောသည်။

သို့‌သော် ပဒိုမန်းငြိမ်း‌မောင်အား လွတ်‌ပေးခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုတွင် အတိုင်းအတာတစ်ခုအ‌နေဖြင့် အသိအ မှတ်ပြု‌သော်လည်း အပြည့်အဝ ယုံကြည်၍ မရ‌သေး‌ကြောင်း၊ ကျန်ရှိ‌နေ‌သေးသည့် နိုင်ငံ‌ရေးအကျဉ်းသားများကို လွှတ်‌ပေးရန် ‌မျှော်လင့် သည့်အပြင် မျက်နှာကြီး၊ မျက်နှာငယ် မခွဲခြားဘဲ မှန်ကန်သည့် ‌စေတနာဖြင့် ဥပ‌ဒေ စိုးမိုး‌ရေး‌အောက်တွင် ဆက်လက်ပြီး ‌ဆောင်ရွက် သွားရန် ‌မျှော်လင့်‌ကြောင်းလည်း ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောသည်။

KNU ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သည့် ပဒိုမန်းငြိမ်း‌မောင်သည် မြန်မာသမ္မတဦးသိန်းစိန်၏ တိုက်ရိုက်အမိန့်ဖြင့် ယ‌နေ့နံနက် ၈နာရီခန့် တွင် အင်းစိန်‌ထောင်က‌နေတစ်ဆင့် လွတ်‌မြောက်လာခြင်းဖြစ်သည်ဟု ၎င်း၏အမှုတစ်‌လျှောက်လုံးတွင် လိုက်ပါ‌ဆောင်ရွက်‌ပေးခဲ့သူ ‌ရှေ့ ‌နေဦးကြီးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်အား လွတ်‌ပေးလိုက်ခြင်းသည် အစိုးရဘက်က ငြိမ်းချမ်း‌ရေးကို လိုလား‌ကြောင်း သက်‌သေပြလိုက်ခြင်းဖြစ်သကဲ့သို့ နိုင်ငံ‌တော်သည် ‌ရှေ့ကိုသွားကာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ခိုင်မာပြတ်သားစွာ ပြသလာ‌သော‌ကြောင့် ဝမ်း‌မြောက်ဝမ်းသာကြိုဆို‌ကြောင်း လည်း ‌ရှေ့‌နေဦးကြီးမြင့်က ဆက်‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်အား ယ‌နေ့နံနက် ၇နာရီခွဲ‌ကျော်တွင် အင်းစိန်‌ထောင်တရားရုံး၌ အစိုးရက လွှတ်‌ပေးပြီး‌နောက် ၈နာရီအချိန်တွင် ‌နေပြည်‌တော်သို့ ‌ခေါ်‌ဆောင်သွားပြီး သမ္မတဦးသိန်းစိန်နှင့်လည်း ‌တွေ့ဆုံရန်ရှိသည်ဟု ရန်ကုန်ရှိ ကရင်အဖွဲ့အစည်းများက ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်၏ဇနီးဖြစ်သူ ‌နော်ဝါးက “ဝမ်းသာတာ‌ပေါ့‌နော်။ ‌တော်လှန်‌ရေးလုပ်တာလည်း နှစ်‌ပေါင်း ကြာပြီ‌လေ။ သူ အဲလို (တစ် သက်တစ်ကျွန်း) ပြစ်ဒဏ်ချမှတ်ခံရတာ စိတ်မ‌ကောင်းဘူး‌ပေါ့‌နော်။ သူ အခု လွတ်လာတာလည်း အဖွဲ့အစည်းနဲ့ အများရဲ့ ကူညီမှု‌ကြောင့် လွတ်လာတာပဲလို့ မူးဂါး(အ‌ဒေါ်)မြင်ပါတယ်။ ဒါ‌ကြောင့်မို့လို့ မူးဂါးတို့အ‌နေနဲ့လည်း အများကြီး ‌ကျေးဇူးတင်ပြီး‌တော့ ဝမ်းသာလို့ မဆုံးဘူး ‌ပေါ့‌နော်”ဟု ‌ပြောသည်။

ယမန်‌နေ့က ရန်ကုန်မြို့၊ သမ္မတဟိုတယ်လ်ရှိ မြန်မာ-အီးဂရက် (Myanmar E-gress)တွင် ပြည်တွင်း ကရင်လူမှုအဖွဲ့အစည်း ၃၀‌ကျော် နှင့် ‌တွေ့ဆုံခဲ့သည့် အစိုးရ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့မှ ပြည်‌ထောင်စု မီးရထားဝန်ကြီး ဦး‌အောင်မင်းက ပဒိုမန်းငြိမ်း‌မောင်အား လွှတ်‌ပေးမည်ဟု အာမခံသွားခဲ့သည်။

KNU နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့ပြီး‌နောက် ‌ရှေ့ဆက်လုပ်‌ဆောင်မည့် အ‌ခြေအ‌နေများ ကို ရှင်းပြခဲ့သည့် အဆိုပါ‌တွေ့ဆုံပွဲတွင် ကရင်အဖွဲ့အစည်းကိုယ်စားလှယ် ၂ဦးမှ ပဒိုမန်းငြိမ်း‌မောင်အား တစ်သက်တစ်ကျွန်း ချမှတ်မှုနှင့် ပတ်သက်၍ ‌မေးမြန်းရာတွင် ဝန်ကြီးက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ၎င်း‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုး တက်မှုအဖွဲ့ KWAG မှ ဦး‌ဆောင်ညွှန်ကြား‌ရေးမှူး ‌နော်စူစဲနာလှလှစိုးက ‌ပြောသည်။

သူမက “မန်းငြိမ်း‌မောင်အ‌ကြောင်းကို ‌ပြောတာက‌တော့ ကျမရယ်၊ ‌ဒေါက်တာ‌ကေပရာ နှစ်‌ယောက်‌ပေါ့ ။ Trust (ယုံကြည်မှု)‌တွေ တည် ‌ဆောက်‌နေတဲ့ကာလမှာ တစ်‌ယောက်နဲ့ တစ်‌ယောက် မယုံကြည်လို့ မရဘူးဖြစ်သလို ပဒိုမန်းငြိမ်‌မောင်ဟာ ငြိမ်းချမ်း‌ရေးအတွက် အဖိုး တန်တဲ့ အသုံးဝင်တဲ့လူဖြစ်တယ်ဆိုတာကို ကျမတို့‌ပြောတယ်။ ဝန်ကြီးကလည်း ကျ‌နော် ကတိ‌ပေးထားတဲ့အတိုင်း လွှတ်မှာပါ။ အဲဒါကို ကျ‌နော့်ကို ယုံ‌ပေးပါလို့ ‌ပြောတယ်”ဟု ‌ပြောသည်။

ယခုလို အစိုးရဘက်က ပဒိုမန်းငြိမ်း‌မောင်အား လွှတ်‌ပေးလိုက်ခြင်းသည် ယုံကြည်မှု အဆင့်တစ်ဆင့် တည်‌ဆောက်လိုက်ခြင်းဖြစ်သလို ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုတွင်လည်း အလွန်‌ကောင်းသည့် အလားအလာတစ်ခုဖြစ်‌ကြောင်း ‌နော်စူစဲနာလှလှစိုးက သုံးသပ်လိုက်သည်။

ယခုလ ၁၃ရက်‌နေ့က ပဒိုမန်းငြိမ်း‌မောင်အား အင်းစိန် ‌မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားသူကြီး ဦးလှဝင်းမှ မတရားအသင်း ဥပ‌ဒေပုဒ် မ ၁၇(၁)ဖြင့် ‌ထောင်ဒဏ် ၃နှစ်၊ နိုင်ငံ‌တော်ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ဖြင့် တစ်သက်တစ်ကျွန်းကျခံ‌စေကာ စီရင်ချက် နှစ်ခုကို တစ်‌ပေါင်း တည်း ကျခံ‌စေခဲ့သည်။

အသက် ၇ဝနှစ်ရှိ ပဒိုမန်းငြိမ်း‌မောင်သည် လွန်ခဲ့သည့်၂၀၁ဝခုနှစ်၊ ဇူလိုင်လ ၂၄ရက်‌နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်း‌လေဆိပ်တွင် နိုင်ငံကူး လက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုပြီး ထိုင်းနိုင်ငံ ဘန်‌ကောက်‌လေဆိပ်သို့ ပြန်ပို့ခံခဲ့ရသည်။ တဖန် ထိုင်းအာဏာပိုင်များ က တရုတ်နိုင်ငံ၊ ကူမင်း‌လေဆိပ်သို့ ပြန်လည်ပို့‌ဆောင်ခဲ့ရာမှ ရန်ကုန်‌လေဆိပ်သို့ တဆင့်ပြန်ပို့ခံရပြီး မြန်မာအစိုးရ အာဏာပိုင်များ၏ ဖမ်း ဆီးခြင်းကို ခံခဲ့ရသည်။

ထို့‌နောက် ပြစ်မှုဆိုင်ရာ ဥပ‌ဒေပုဒ်မ-၄၆၈နှင့် လူဝင်မှုကြီးကြပ်‌ရေး အက်ဥပ‌ဒေ-ပုဒ်မ ၁၃/၁ တို့ဖြင့် ‌ထောင်ဒဏ် (၆)လစီကျခံခဲ့ပြီး လွတ် ‌မြောက်ခါနီးတွင် မတရားအသင်း ဥပ‌ဒေ ပုဒ်မ ၁၇(၁)နှင့် နိုင်ငံ‌တော်ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ဖြင့် စွဲချက်တင်ခဲ့သည်။

သူသည် ၁၉၆၇ခုနှစ်တွင် နိုင်ငံ‌ရေးအမှုဖြင့် မြန်မာအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ ကိုကိုးကျွန်းအကျဉ်းစခန်းသို့ အပို့ခံခဲ့ရသည်။ ထိုမှတ ဆင့် မန်း‌အောင်ကြည်၊ အခြားရဲ‌ဘော်တစ်ဦးတို့နှင့်အတူ ပင်လယ်ပြင်ကို ‌လှေဖြင့် ဖြတ်သန်းကာ ထွက်‌ပြေးလွတ်‌မြောက်လာခဲ့‌သော် လည်း ကုန်းပိုင်းအ‌ရောက်တွင် ဖဆပလ အစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရပြန်သည်။

ထိုအ‌တွေ့အကြုံများကို အ‌ခြေခံထားသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်‌သောအခါ’ဟူ‌သောစာအုပ်ကို က‌လောင်အမည် ‘ရဲ‌ဘော် ‌ရှောင်း’ဖြင့် ၂၀၀ဝခုနှစ်‌နောက်ပိုင်းက ‌ရေးသားထုတ်‌ဝေခဲ့သည်။