Home သတင်း အစိုးရစစ်တပ်၏ ပစ်ခတ်မှုတွင် ရွာသားတစ်ဦး‌သေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

အစိုးရစစ်တပ်၏ ပစ်ခတ်မှုတွင် ရွာသားတစ်ဦး‌သေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

1564
မတ်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌တောင်ငူနှင့် ဖာပွန်ခရိုင်စပ်ကြားတွင် အ‌ခြေစိုက်လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များ၏ ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံ ရွာသားတစ်ဦး‌သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု Free Burma Ranger (FBR)အဖွဲ့မှ ယခုလ ၁၈ရက်‌နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

‌တောင်ငူခရိုင်၏ ‌တောင်ဘက်ခြမ်းနှင့် ဖာပွန်ခရိုင်‌မြောက်ဘက်ခြမ်းရှိ ဘူဆာခီးနှင့် ‌ခေးပူကားလမ်းကြား စီ‌ဒေးဧရိယာ က‌သေးထာ့‌နေရာ တွင် မတ်လ ၉ရက်‌နေ့က ကားလမ်းဖြတ်သွားမည့် ရွာသားတစ်စုအတွက် လုံခြုံ‌ရေးအ‌ခြေအ‌နေ ကြိုတင်သွား‌ရောက်‌လေ့လာခဲ့သူ ရွာ သားနှစ်ဦးကို စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၉)မှ ပစ်ခတ်ခဲ့ရာ ‌စော‌လေးလာ‌သော ၂၃နှစ်‌သေဆုံးပြီး အခြားရွာသားတစ်ဦးမှာ ဒဏ်ရာရရှိ ခဲ့သည်ဟု ဆိုသည်။

FBR သတင်းနှင့် ပြန်ကြား‌ရေးတာဝန်ခံ ‌စောအယ်‌ဖောက “ပြဿနာက ဒီလိုပါ။ ပြီးခဲ့တဲ့ မတ်လ ၂ရက်‌နေ့တုန်းက ‌ကေအဲန်ယူတပ်ဖွဲ့က ‌နေပြီး‌တော့ အစိုးရတပ်ရဲ့ ရိက္ခာတင်ကား‌တွေကို သွားပစ်တယ်။ ‌နောက်ဆက်တွဲအ‌နေနဲ့ ၉ရက်‌နေ့မှာ‌တော့ ကားလမ်းကိုဖြတ်သွားမယ့် ရွာသား‌တွေကို လုံခြုံ‌ရေးယူထားတဲ့ စစ်တပ်က ပြန်ပြီး ပစ်ခတ်တာ ‌ကေအဲန်ယူ စစ်သားမဟုတ်ဘဲ ရွာသား‌တွေကို သွားထိတယ်။”ဟု ‌ပြောသည်။

ဘူဆာခီးမှ ‌ခေးပူအထိ ‌ဖောက်လုပ်ထား‌သော အဆိုပါကားလမ်းကို လုံခြုံ‌ရေးယူ‌ပေး‌နေသည့် အစိုးရစစ်တပ် စကခ(၉)နှင့် တပ်မ (၆၆) လက်‌အောက်ခံ တပ်ရင်းများသည် ရွာသားများ၏ ဖြတ်သန်းသွားလာမှုကို ယခင်လကုန်ပိုင်းမှစ၍ ယ‌နေ့အထိ ပိတ်ပင်လိုက်ပြီး ၎င်းတို့ တပ်ဖွဲ့အ‌ခြေစိုက်သည့် ကိုက် ၂၀ဝအတွင်း ‌တွေ့ရှိပါက မည်သူ့ကိုမဆို ပစ်ခတ်မည်ဟု အမိန့်ထုတ်ပြန်ထားခဲ့သည်။

အစိုးရစစ်တပ်၏ ကားလမ်းပိတ်ထားမှု‌ကြောင့် ‌ဒေသခံ ရွာသားများ လုပ်ကိုင်စား‌သောက်ရန် ခက်ခဲ‌နေရ‌ကြောင်း ‌ကေအဲန်ယူ၏ ‌တောင်ငူ ခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက ယခုလို ‌ပြောသည်။ “သူတို့တပ်‌တွေကို ကားလမ်း‌ပေါ်မှာ ‌တောက်‌လျှောက်ချထားတယ်။ ဒါ‌ကြောင့် ရွာသား‌တွေ ဟိုဖက်ဒီဖက်ကူးပြီး အလုပ်လုပ်ဖို့၊ စားနပ်ရိက္ခာသယ်ဖို့ အခက်အခဲဖြစ်တယ်။ ရွာသား‌တွေက ဖြတ်သွားတဲ့အချိန်မှာ တခါတ ‌လေ စစ်တပ်ရဲ့ ပစ်ခတ်မှုလည်း ကြုံ‌တွေ့‌နေရ‌သေးတယ်”ဟု ‌ပြောသည်။

လက်ရှိ ‌ဖောက်လုပ်ထား‌သော ဘူဆာခီး-‌ခေးပူ ကားလမ်းကို လွန်ခဲ့သည့် ၂၀၀၇မှ ၂၀၀၈ခုနှစ်အထိ အစိုးရတပ်များက အဆက်မပြတ် လမ်း‌ဖောက်လုပ်ခဲ့‌သော်လည်း ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များ ဝင်‌ရောက်ပစ်ခတ်မှုများ‌ကြောင့် လမ်း‌ဖောက်လုပ်‌ရေး အစီအစဉ်မှာ ၂၀၀၉မှ ၂၀၁၁အထိ ရပ်ဆိုင်းခဲ့ရသည်။

သို့‌သော် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်‌နေ့က အစိုးရနှင့် ‌ကေအဲန်ယူတို့ ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးမှုကို အ‌ကြောင်း ပြကာ ဇန်နဝါရီလလယ်ပိုင်းမှစ၍ ၎င်းကားလမ်း‌ဖောက်လုပ်‌ရေးအစီအစဉ်ကို ပြန်လည်လုပ်‌ဆောင်လာခဲ့ပြီး ဆက်လက်၍ ‌တောင်ငူမြို့အ ‌ဖောက်လုပ်သွားမည့် အစီအစဉ်လည်း ရှိ‌သေး‌ကြောင်း နယ်‌မြေခံ ‌ကေအဲန်ယူဘက်က ‌ပြောသည်။

အစိုးရတပ်များသည် ‌ကေအဲန်ယူနှင့် ပဏာမ သ‌ဘောတူညီမှု ရရှိသည့်‌နောက်ပိုင်း ကားလမ်းပြုပြင်‌ဖောက်လုပ်မှုကို လုပ်‌ဆောင်လာသည့် အပြင် ‌တောင်ငူခရိုင်၊ ‌ဘောဂလိကြီး‌ဒေသရှိ ၎င်းတို့တပ်စခန်းများသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ပို့‌ဆောင်ရာတွင် ‌ဒေသခံ ရွာသား များ၏ ဆိုင်ကယ်များကို ‌ချောဆွဲ ခိုင်း‌စေလျှက်ရှိသည်ဟု FBR က ဆိုသည်။

အစိုးရစစ်တပ်သည် ၎င်းတို့၏ တပ်ရိက္ခာများ ပို့‌ဆောင်ရာတွင် နယ်‌မြေခံ ‌ကေအဲန်ယူတပ်များနှင့် ပစ်ခတ်မှု တစုံတရာ မရှိ‌သော်လည်း ယခင်က ‌ကေအဲန်ယူတပ်ဖွဲ့များ ‌ထောင်ထားသည့် ‌မြေမြှုပ်မိုင်းများကို နင်းမိကာ ‌သေဆုံးမှုများ ရှိခဲ့သည်။

FBR ၏ မတ်လ ၅ရက်‌နေ့ထုတ် အစီရင်ခံစာတွင် အစိုးရနှင့် ‌ကေအဲန်ယူတို့ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးခဲ့သည့် ဇန်နဝါရီလ လယ်ပိုင်းမှစ၍ အစိုးရစစ်တပ်များမှ ‌ကေအဲန်ယူ တပ်မဟာ (၂)၊ (၃) (၄)၊ (၅)၊ (၆) (၇)နယ်‌မြေတို့တွင် အဓမ္မ လုပ်အားခိုင်း‌စေမှုများ ဆက်တိုက် ကျူးလွန်လျှက်ရှိသည်ဟု ‌ဖော်ပြထားသည်။

မြန်မာပြည်တွင်းဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့် FBR အဖွဲ့ကို ၁၉၉၇ခုနှစ်က စတင် တည်‌ထောင်ခဲ့ပြီး ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ကယန်း၊ မွန်၊ ရခိုင်၊ သျှမ်း၊ လားဟူ၊ နာဂနှင့် ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (၁၁)ခုဖြင့် ဖွဲ့စည်းထားကာ ကရင်ပြည်နယ် အပါအဝင် ကချင် နှင့် ကယားပြည်နယ်များ၌ အစိုးရတပ်၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို အလျင်းသင့်သလို အစီရင်ခံစာ ထုတ်ပြန်‌လေ့ရှိသည်။