Home သတင်း ဆဲဆိုသည့်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး အားသက်ဆိုင်ရာထံNLDတိုင်ကြား

ဆဲဆိုသည့်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး အားသက်ဆိုင်ရာထံNLDတိုင်ကြား

1595
မတ်လ ၂ဝရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

‌မြောင်းမြမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) မဲ‌အောင်နိုင်‌ရေးအဖွဲ့ဝင်လူငယ်များကို‌ကျေးရွာအုပ်ချုပ် ‌ရေးမှူးက ညစ်ညမ်းစွာ ဆဲဆိုမှုများ ပြုလုပ်ခဲ့သဖြင့် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားထား‌ကြောင်း သိရသည်။

ယခုလ (၁၅)ရက်‌နေ့တွင် NLD မဲ‌အောင်နိုင်‌ရေးအဖွဲ့အ‌နေဖြင့် ဧရာဝတီတိုင်း-‌မြောင်းမြမြို့နယ်၊ ရှမ်း‌ရေ‌ကျော်‌ကျေးရွာတွင် မဲဆွယ်စည်းရုံး ‌ရေး ပြုလုပ်‌နေစဉ် ၎င်း‌ကျေးရွာက အုပ်ချုပ်‌ရေးမှူး အပါအဝင် အ‌ပေါင်းအပါ ငါးဦးနှင့် ခွန်းကြီးခွန်းငယ် ဖြစ်ခဲ့သည်။

‌နောက်တစ်ရက်တွင် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးက ရှမ်း‌ရေ‌ကျော်‌ကျေးရွာရှိ NLD၏ ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေး အစည်းအ‌ဝေး အ‌ဆောက် အဦးအပြင်မှ လာ‌ရောက်ဆဲဆိုခဲ့သည်ဟု ‌မြောင်းမြမြို့နယ် NLD မဲ‌အောင်နိုင်‌ရေးအဖွဲ့ဝင် ဦးဝင်း‌ရွှေက ‌ပြောသည်။

“ဆဲတာဗျာ၊ ညစ်ညစ်ညမ်းညမ်းကို ဆဲတာ။ မင်းတို့က (—–)ပါတီ၊ မင်းတို့လုပ်လို့ ဘာဖြစ်လာမှာလဲ။ ငါတို့ကို ဘာ‌ပေးမလဲ။ ‌ပေးရင် ငါတို့ လဲဝင်မယ် အဲ့ဒါမျိုး‌တွေ ‌ပြောတယ်ဗျာ”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ‌ကျေးရွာအတွင်း၌ စိုက်ထူထား‌သော အမျိုးသားဒီမိုက‌ရေစီဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်‌တော် ကိုယ်စား လှယ်‌လောင်း မန်း‌ဂျော်နီတို့၏ မဲဆွယ်စည်းရုံး‌ရေး ပိုစတာများကို ဓားဖြင့် လှီးကာ ဖျက်ဆီးမှုများလည်း ရှိ‌ကြောင်း ဦးဝင်း‌ရွှေက ဆက် ‌ပြောသည်။

ထိုအ‌ကြောင်းအရာများနှင့် ပတ်သက်၍ ‌မြောင်းမြခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၊ မြို့နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်နှင့် ရဲစခန်းသို့ တိုင် ကြားထားခဲ့ရာ ယ‌နေ့အထိ အ‌ကြောင်းပြန်ကြားမှု တစ်စုံတစ်ရာ မရှိ‌သေး‌ကြောင်း သိရသည်။

တိုင်ကြားခဲ့မှုများနှင့် ပတ်သက်၍ ဧရာဝတီတိုင်း‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ တိုင်ကြားစာ‌ရောက်ရှိခြင်း ရှိ၊မရှိ ‌ကေအိုင်စီက ဆက်သွယ် ‌မေးမြန်းခဲ့ရာ “ဒီအ‌ကြောင်းအရာနဲ့ ပတ်သက်ပြီး ကျ‌နော်တို့ မသိရ‌သေးဘူး”ဟု တိုင်း‌ကော်မရှင် ဥက္ကဌ ဦးမျိုးထွန်းက ‌ပြောသည်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲကျင်းပမည့် ‌မြောင်းမြမြို့နယ် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်သည် (၂၀၁၀)ခုနှစ်၊ ‌ရွေး‌ကော်ပွဲတွင် အနိုင်ရရရှိခဲ့ သည့် လက်ရှိ အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာ‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ လစ်လပ်မဲဆန္ဒနယ် ဖြစ်သည်။

ထိုမဲဆန္ဒနယ်တွင် ပြည်‌ထောင်စုဝန်ကြီးဦးတင့်ဆန်း၏သားဖြစ်သူ ACE ကုမ္ပဏီအကြီးအကဲ၊ ‌နေပြည်‌တော် ယူနိုက်တက်‌ဘောလုံးအသင်း ပိုင်ရှင်တစ်ဦးဖြစ်သူ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ‌ဒေါက်တာဖြိုးကိုကိုတင့်ဆန်း အပါအဝင် NLDက မန်း‌ဂျော်နီနှင့် အမျိုး သားဒီမိုက‌ရေစီ အင်အားစုပါတီက ဦး‌အောင်မျိုးလှိုင်တို့ ဝင်‌ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

‌မြောင်းမြမဲဆန္ဒနယ်တွင် မဲရုံ‌ပေါင်း (၂၇၇)ရုံရှိပြီး မဲ‌ပေးနိုင်သူဦး‌ရေ တစ်သိန်းရှစ်‌သောင်း‌ကျော်ရှိသည်။ ထိုမဲဆန္ဒရှင်များအနက်မှ ထက် ဝက်ခန့်မှာ ကရင်လူမျိုးများ ဖြစ်သည်။