Home သတင်း အစိုးရနှင့် ‌ဆွေး‌နွေးရာတွင် ကရင်ပြည်သူတို့၏ လုံခြုံ‌ရေး KNU အ‌လေးထား‌ဆွေး‌နွေးမည်

အစိုးရနှင့် ‌ဆွေး‌နွေးရာတွင် ကရင်ပြည်သူတို့၏ လုံခြုံ‌ရေး KNU အ‌လေးထား‌ဆွေး‌နွေးမည်

2337
မတ်လ ၂၅ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်အမျိုသားအစည်းအရုံး(KNU) သည် လာမည့် ဧပြီလ ပထမအပတ်တွင် အစိုးရနှင့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရာ၌ ကရင်ပြည်သူလူထု၏ လုံခြုံ‌ရေးကိစ္စများကို အ‌လေးထား ‌ဆွေး‌နွေးသွားမည် ဖြစ်သည်။

KNU မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်က “ပြည်သူလူထု‌တွေ လွတ်လွတ်လပ်လပ်သွား လာခွင့်ရှိဖို့၊ သူတို့အ‌ပေါ်မှာ အတင်းအ ဓမ္မ ခိုင်း‌စေမှု‌တွေ ရပ်တန့်ကြဖို့၊ သူတို့ရဲ့ အိုးအိမ်ပစ္စည်း‌တွေကိုလည်း မဖျက်ဆီးကြဖို့၊ ‌နောက်ပြီး အစိုးရက‌ကော အားလုံးက သူတို့အ‌ပေါ် မှာ အ‌လေးထား‌ပေးဖို့အတွက် တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် KNU ထိန်းချုပ်နယ်‌မြေများဖြစ်သည့် ‌တောင်ငူခရိုင်ရှိ တပ်မဟာ(၂)၊ ထားဝယ်ခရိုင်ရှိ တပ်မဟာ(၄)တို့တွင် အစိုးရတပ် စခန်းများ တိုးချဲ့လာခြင်း၊ ၎င်းတို့ တပ်စခန်းများသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့‌ဆောင်ရာတွင် ‌ဒေသခံရွာသားများ၏ ဆိုင်ကယ်များ ကို ‌ချောဆွဲခိုင်း‌စေခြင်းများ၊ ‌ဒေသခံတို့မှ ယခင် ‌ထောင်ထား‌သော ‌မြေမြှပ်မိုင်းများနင်းမိ၍ ‌သေဆုံးမှုများ ရှိသည်။

ဝန်ကြီးဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုအဖွဲ့သည် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် ‌မြောက်လာ‌သော KNU ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်ကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တွင် မိခင်အဖွဲ့အစည်းသို့ ယမန်‌နေ့က ပြန်လည် အပ်နှံရင်း လာမည့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲအတွက် အကြို‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့သည်။

ထို‌ဆွေး‌နွေးမှုများအပြီးတွင် အ‌ထွေ‌ထွေကဏ္ဍတစ်ခုအ‌နေဖြင့် အစိုးရနှင့် KNU နယ်‌မြေများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ စစ်အင်အား တိုးကာ ရိက္ခာများ ထပ်မံ ပို့‌ဆောင်‌နေမှုများအ‌ကြောင်းကို တင်ပြ‌ဆွေး‌နွေးရာတွင် ‌သေချာ‌အောင် ‌လေ့လာမှုများ ပြုလုပ်ပြီး အ‌ကြောင်းပြန် ကြားမည်ဟုလည်း အစိုးရဘက်က ‌ပြောကြားခဲ့‌ကြောင်း သိရသည်။

ယင်းအကြို‌ဆွေး‌နွေးပွဲတွင် ယခင် ပြည်နယ်အဆင့်တွင် လက်မှတ်ထိုးထားသည့် အချက်အလက်များကို အ‌သေးစိတ် ‌ဆွေး‌နွေးခဲ့သည်။

ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲအတွက် ဧပြီ ၄ရက်‌နေ့တွင် မဲ‌ဆောက်မြို့မှ စတင် ထွက်ခွာပြီး ၁၁ရက်‌နေ့တွင် ပြန်လည် ‌ရောက်ရှိမည်ဟု ‌နော်စီဖိုးရာစိန်က ‌ပြောသည်။

သူမက “ပြည်နယ်အဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှာ လက်မှတ်ထိုးထားတဲ့ နှစ်ဖက်အပစ်ခတ်ရပ်စဲ‌ရေး၊ ပြန်လည်‌နေရာချထား‌ရေး၊ နှစ်ဖက် ဆက်ဆံ‌ရေးရုံး‌တွေ ဖွင့်လှစ်ဖို့နဲ့ လက်နက်မပါဘဲ သွားလာခွင့်ရှိတဲ့ ‌နေရာ‌တွေ သတ်မှတ်ထားဖို့ အဲဒါ‌တွေကို အ‌သေးစိတ် ‌ဆွေး‌နွေးသွား မယ်”ဟု ‌ပြောသည်။

ထိုခရီးစဉ်တွင် KNU သည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်လည်း သွား‌ရောက်‌တွေ့ဆုံမည်ဟု ‌နော်စီဖိုးရာစိန်က ‌ပြောသည်။

“သူ(‌ဒေါ်စု)က ပြည်သူလူထု‌တွေအတွက်‌ရော၊ တိုင်းရင်းသား‌တွေအတွက်ပါ ကြိုးစားလုပ်‌ဆောင်‌နေတာ‌တွေရှိတယ်။ အဲဒါ‌ကြောင့် သူ့ကို သွား‌တွေ့ဖို့လည်း ဆုံးဖြတ်ထားတာပါ”ဟု ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုရရှိခဲ့ပြီး ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရန် သ‌ဘောတူညီခဲ့သည်။