Home သတင်း သမ္မတကြီးထံ တိုင်ကြားစာ (‌ပေးစာကဏ္ဍ)

သမ္မတကြီးထံ တိုင်ကြားစာ (‌ပေးစာကဏ္ဍ)

1610

နိုင်ငံ‌တော်သမ္မတကြီး၊ ပြည်သူ့လွှတ်‌တော်ဥက္ကဌနှင့် အမျိုးသားလွှတ်‌တော်ဥက္ကဌကြီးများ သိ‌စေရန် (ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ သစ္စာ‌ဖောက်မှုအား တင်ပြခြင်း)။

သမ္မတကြီးမှ ၂၄-၃-၂၀၁၂ ရက်‌နေ့ ပုသိမ်မြို့‌ပေါ်မှာ ‌ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ အလွန်‌ကောင်းပါသည်။ ကျွန်‌တော်တို့ ကရင်ပြည်နယ်မှာ‌တော့ စစ်ယူနီ‌ဖောင်းချွတ်ပြီး တိုက်ပုံဝတ်သွားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်း က‌တော့ စားမြဲ ဝါးမြဲ ဖြစ်‌နေပါသည်။ စားတယ် ဝါးတယ် ဆို‌ပေမဲ့ သမ္မတကြီး‌ပြောသလို ‌စေတနာနဲ့လား၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလားဆိုတာ‌တော့ စဉ်းစား‌စေလိုပါသည်။ မတရားလဘ်စားလို့လည်း တိုင်စာများ မိုးလုံးပြည့် ပလူပျံ‌နေ‌သော်လည်း နိုင်ငံ‌တော်အဆင့်မှ လာ‌ရောက်စစ်‌ဆေးခြင်း၊ ‌လေ့လာခြင်းမရှိကြပါ။ ကျွန်‌တော်တို့၏ တိုင်းစာများကို သမ္မတကြီးမဖတ်နိုင်တာလား၊ ဒါမှမဟုတ် သမ္မတကြီးအနားရှိ ဝန်ကြီး‌တွေက ‌ဖျောက်ဖျက်‌ပေး‌နေတာလားဟု ‌ဝေခွဲမရဖြစ်မိပါသည်။

ယခု ဆိုလျှင် ကျွန်‌တော်တို့ မြဝတီမြို့မှာ တိုင်းရင်းသားမဟုတ်တဲ့ ‌ဒေါ်သင်းသင်းမြတ် ဆိုတဲ့ တရုတ်မကို (၂၄)နာရီ မီးလင်း‌ရေးလုပ်ငန်း တိုက်ရိုက်ချ‌ပေးလိုက်တဲ့အတွက် ပြည်သူ‌တွေ မ‌ကျေနပ်ဖြစ်‌နေကြပါသည်။ တစ်ကယ်ဆိုလျှင် တင်ဒါစနစ်၊ ‌လေလံစနစ်နဲ့ လုပ်ပိုင်ခွင့်ချ‌ပေးရမှာ ဖြစ်သည်ဟု နားလည်ပါသည်။ ပြည်နယ်ဝန်ကြီးချုပ် အ‌နေဖြင့် ‌ဒေါ်သင်းသင်းမြတ် အား လုပ်ပိုင်ခွင့်ချ‌ပေးလိုက်သည့် (၂၄)နာရီ မီးလင်း‌ရေးလုပ်ငန်းသည် သာမန်အားဖြင့် ရိုးရိုမျှသာဖြစ်‌သော်လည်း နိုင်ငံ‌ရေးအရ သိက္ခာကျပါသည်။

တစ်ဖက် ထိုင်းနိုင်ငံ က‌နေ ရရှိတဲ့ သတင်း‌တွေအရ ထိုင်းနိုင်ငံ အဝါ‌ရောင် ပါတီအဖွဲ့ ဖြစ်တဲ့ တာ့ခ်ခရိုင် ကုန်သည်ကြီးများ ဥက္ကဌ ချိုင်းဖတ်တနား ဆိုသူ ( ယခင် ဇွန်း တံဆိပ် အချိုမှုန့် ဖြန့်ဖြူးသူ )မှ ‌ဒေါ်သင်းသင်းမြတ် အား ထိုင်းဘတ်‌ငွေ (၆)သန်း ထုတ်‌ပေးပြီး မြဝတီမြို့တွင် (၂၄)နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌ရေးလုပ်ငန်း ရရှိ‌အောင် ‌ဆောင်ရွက်ခိုင်းခြင်းဖြစ်ပါသည်။ ထို့အပြင် (၂၄)နာရီ မီးလင်း‌ရေးလုပ်ငန်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း အတွက် သီခြားထည့်ဝင်ခြင်းမရှိပဲ အစုရှယ်ရာ တစ်စု ပါဝင်ခံစားရန် စာရင်း‌ပေးသွင်း သတ်မှတ်ထားပါသည်။

ချိုင်းဖတ်တနား ဆိုသူ ထုတ်‌ပေး‌သော ထိုင်းဘတ်‌ငွေ (၆)သန်းထဲမှ ပြည်နယ်အစိုးရမှ တာဝန်ရှိသူများ၊ မြဝတီခရိုင်မှ တာဝန်ရှိသူများကို နှုတ်ပိတ်ခ အဖြစ် လဘ်‌ငွေ ထိုးကာ သုံးစွဲထားပါသည်။ မြဝတီခရိုင်မှ ဌာနအချို့ကို လျှပ်စစ်ယူနစ် သုံးစွဲမှု တွင် လစဉ်ယူနစ်များ ‌လျော့ချ၍ လဘ်ထိုးထားပါသည်။
ဒီလို အကြီးအကျယ်လဘ်စားမှုများသည် ပြည်သူများအတွင်း အသံမျိုးစုံထွက်‌နေ‌သော်လည်း မြဝတီခရိုင်မှ တာဝန်ရှိ ‌သော အဖွဲ့များသည် နိုင်ငံ‌တော်အား တင်ပြခြင်းမရှိပဲ မသိဟန်‌ဆောင် ‌ရေငုံနှုတ်ပိတ်‌နေသည်မှာ လွန်စွာ ဝမ်းနည်းဖွယ် ဖြစ်ပါသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း ၏ လုပ်ရပ်သည် နိုင်ငံ‌တော်အ‌ပေါ် သစ္စာ‌စောင့်သိခြင်းမရှိပဲ ‌ဒေါ်သင်းသင်းမြတ် (တရုတ်လူမျိုး)မှတဆင့် ထိုင်းနိုင်ငံ အဝါ‌ရောင်ပါတီနှင့် ဆက်သွယ်ကာ အစုရှယ်ရာပြုလုပ်ထားခြင်းသည် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံသားများအတွက် သစ္စာ‌ဖောက်ခြင်းဖြစ်ပါ၍ သမ္မတကြီးမှ စီစစ်အ‌ရေးယူပါရန်တိုင်ကြားပါသည်။

( မျိုးချစ် ပြည်သူတစ်ဦး )