Home သတင်း ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသားများ စုံညီပွဲ‌တော်တွင် ‌ကျောင်းသား ၃၀၀‌ကျော် ပါဝင်ဆင်နွှဲ

‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသားများ စုံညီပွဲ‌တော်တွင် ‌ကျောင်းသား ၃၀၀‌ကျော် ပါဝင်ဆင်နွှဲ

1769
မတ်လ ၂၆ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေ‌ကျောင်းတွင် မတ်လ ၂၅ရက်‌နေ့မှ ၂၇ရက်‌နေ့အထိ ကျင်းပပြုလုပ်သည့် ‌ရွှေ့‌ပြောင်း မြန်မာ ‌ကျောင်းသားများ စုံညီပွဲ‌တော်တွင် စာသင်‌ကျောင်း ၃၀‌ကျော်မှ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၃၀ဝဦး‌ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ(BMWEC)မှ ကြီးမှူးကျင်းပသည့် အဆိုပါ ‌ကျောင်းသားပွဲ‌တော်တွင် မဲ‌ဆောက် ‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း ၃၀‌ကျောင်းနှင့် နယ်စပ်‌ဒေသရှိ ပြည်တွင်း‌ရွှေ့‌ပြောင်း-(IDP) ၆‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်း သားများက ပါဝင်ဆင်နွဲခဲ့ကြခြင်းဖြစ်သည်။

BMWEC ဥက္ကဌ ‌နော်‌ဖော‌ရေက “က‌လေးသူငယ်‌တွေဟာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်မှုရှိ‌အောင် မိမိ‌ကျောင်းမှာရှိတဲ့ အ‌တွေ့အကြုံ ဖြတ်သန်းမှု‌လေး‌တွေကို တခြား‌ကျောင်း‌တွေက က‌လေး‌တွေနဲ့ ပြန်လည် ဖလှယ်‌ဝေငှ‌ပေးဖို့၊ အချင်းချင်း ‌လေးစားမှုရှိပြီး‌တော့ သူတို့လုပ်ရ မယ့် တာဝန်ဝတ္တရား‌တွေလည်း ‌ကောင်း‌ကောင်းမွန်မွန် သိရှိနားလည်ပြီး အနာဂတ်မှာ လူ‌တော်လူ‌ကောင်း‌လေး‌တွေနဲ့ တိုင်းပြည်နဲ့လူမျိုး အကျိုးသယ်ပိုးတဲ့ လူငယ်များဖြစ်‌အောင် အဲဒါကို ရည်ရွယ်ပြီး‌တော့ ကျင်းပတာဖြစ်ပါတယ်။”ဟု ‌ပြောသည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သည့် ‌ကျောင်းသားစုံညီပွဲ‌တော်တွင် အသက်အရွယ်နှင့် အတန်းပညာများကို သတ်မှတ်‌ပေးထားသဖြင့် ကစားနည်းနှင့် သင်ကြား‌ပေးမှုပိုင်းတွင် ကွာခြားမှုများရှိသကဲ့သို့ ယခုနှစ်တွင် ပြည်တွင်း‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ‌ကျောင်းသူ‌ကျောင်းသား များလည်း စု‌ပေါင်းပါဝင်နိုင်ခဲ့သည်ဟု ‌နော်‌ဖော‌ရေက ဖြည့်စွက်‌ပြောဆိုသည်။

“DIGNITY AND RESPECT THROUGH EDUCATION” ပညာ‌ရေးမှသည် ဂုဏ်သိက္ခာနှင့် ‌လေးစားမှုဆီသို့ ‌ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ် သည့် ယခုနှစ် ‌ကျောင်းသားစုံညီပွဲ‌တော်တွင် ပန်းချီဆွဲခြင်း၊ ဖ‌ယောင်းတိုင်ကို ပုလင်းထဲသို့ထည့်ခြင်း၊ ‌ဘောလုံးရိုက်၊ အရုပ်များ ပြန်တပ် ခြင်း စသည့်ကစားနည်းများ အပါအဝင် ကစားနည်း ၉မျိုးဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူး‌ဒေသရှိ မယ်ဝါးခီး IDP ‌ကျောင်းမှ ‌ကျောင်းအုပ် ဦးခွန်ပန်းက အနယ်နယ်အရပ်ရပ်မှ မတူကွဲပြား သည့် က‌လေးများကို ဆုံဆည်းခွင့်‌ပေးသည့် ဤ‌ကျောင်းသားပွဲ‌တော်အား အထူး ဝမ်း‌မြောက်ကြိုဆိုသည့်အပြင် လာမည့်နှစ်များတွင် လည်း ယခုကဲ့သို့ ကျင်းပနိုင်ရန် ‌မျှော်လင့်‌ကြောင်း ‌ပြောသည်။

“က‌လေး‌တွေဟာ တစ်‌ယောက်နဲ့ တစ်‌ယောက် ဆုံကြတဲ့အခါကျ‌တော့ ‌ပျော်‌ပျော်ရွှင်ရွှင်နဲ့ သူတို့‌တွေ မျက်နှာ‌တွေအ‌ပေါ်မှာ အပြုံးရိပ်‌တွေ သန်းတယ်။ မိတ်ဖွဲ့ခြင်းမရှိဘဲနဲ့ ခင်မင်ကြတာကို ကျ‌နော် ‌တွေ့ရ‌တော့ အများကြီးဝမ်းသာတယ်။”ဟု သူက ဆိုသည်။

မြဝတီမြို့နယ်၊ နို့ဖိုး IDP ‌ကျောင်းမှ ‌ကျောင်းသူ ‌နော်‌ဖော ၁၃နှစ်က “ ကစားနည်း‌တွေ သိလာတာကို သမီးဝမ်းသာတယ်။ ‌နောက်ပြီး သူငယ်ချင်းအသစ်‌တွေ သိလာတယ်။ ‌နောက်တစ်ခါ လာခွင့်ရရင် သမီးထပ်လာမယ်”ဟု ‌ပြောသည်။

‌လေး‌ဂေါ်‌ကျောင်းမှ ‌ကျောင်းသား ‌စောအဲ့ဒို့ ၁၃နှစ်ကလည်း “သူငယ်ချင်း‌တွေ အများကြီးဆို‌တော့ ‌ပျော်တယ်။ ‌ကျောင်းမှာရှိတဲ့ သူငယ် ချင်း‌တွေကို လာကစား‌စေချင်တယ်”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲ‌ဆောက်၊ မဲ့လမ၊ ဖုတ်ဖရ စသည့် ၃မြို့နယ်တွင် မြန်မာ‌ရွှေ့‌ပြောင်းက‌လေးငယ်များအတွက် စာသင်‌ကျောင်း‌ပေါင်း ၆၀‌ကျော်မှ ‌ကျောင်းသားဦး‌ရေ တစ်‌သောင်း‌ကျော် ပညာသင်ကြားလျှက်ရှိသည်။