Home သတင်း ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP အစိုးရနှင့် ပြည်နယ်အဆင့်‌ဆွေး‌နွေးမည်

ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP အစိုးရနှင့် ပြည်နယ်အဆင့်‌ဆွေး‌နွေးမည်

2287
မတ် ၂၆၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

လက်နက်ကိုင်‌တော်လှန်‌ရေးသက်တမ်း ၄၅နှစ်ရှိပြီးဖြစ်သည့် ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ ALP သည် လာမည့်ဧပြီလ ၄ရက်နှင့် ၅ ရက်‌နေ့များတွင် ရခိုင်ပြည်နယ် စစ်‌တွေမြို့၌ မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးကြမည်ဟု အဖွဲ့၏ ဒုဥက္ကဌ ဦးခိုင်စိုး နိုင်‌အောင်က သတင်း‌ထောက်များကို ယ‌နေ့ ‌ပြောကြားလိုက်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယ‌နေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “‌ရှေ့လ ‌လေးရက်နဲ့ ငါးရက်‌နေ့‌တွေမှာ ကျ‌နော်တို့ ALP နဲ့ ဦး‌အောင်‌သောင်း ‌ခေါင်း‌ဆောင်တဲ့ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့နဲ့ စစ်‌တွေမြို့မှာ‌တွေ့ဆုံ‌ဆွေး‌နွေးမှာဖြစ်ပြီး အဲဒီ ‌ဆွေး‌နွေးပွဲမှာ ကျ‌နော်တို့ဘက်က အချက် ၆ချက်‌တောင်းဆိုမှာ ဖြစ်တယ်”ဟု ဦးခိုင်စိုးနိုင်‌အောင်က ‌ပြောသည်။

၎င်း‌ဆွေး‌နွေးပွဲတွင် ထိုင်း၊ အိနိ္ဒယ၊ ဘဂင်္လား‌ဒေ့ရှ် နယ်စပ်များတွင် အ‌ခြေစိုက်သည့် ALP အဖွဲ့မှ ကိုယ်စားလှယ် ၂၁ဦးပါဝင်မည်ဖြစ်ပြီး ထိုင်းနယ်စပ်ရှိ ကိုယ်စားလှယ်အဖွဲ့ကို ဦးခိုင်စိုးနိုင်‌အောင်မှလည်း‌ကောင်း၊ အိနိ္ဒယနယ်စပ်အဖွဲ့ကို ခိုင်သုခမှလည်း‌ကောင်း၊ ဘဂင်္လား‌ဒေ့ရှ် နယ်စပ်အဖွဲ့ကို ‌စောမြရာဇာလင်းမှလည်း‌ကောင်း ဦး‌ဆောင်ကာ သွား‌ရောက် ‌ဆွေး‌နွေးကြမည်ဖြစ်သကဲ့သို့ ထိုခရီးစဉ်အတွင်း ရခိုင်ပြည် နယ် ဝန်ကြီးချုပ်နှင့်လည်း ‌တွေ့ဆုံသွားမည် ဖြစ်သည်။

ALP ၏ ‌တောင်းဆိုချက်များတွင် အပစ်အခတ်ရပ်စဲရန်၊ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း နှစ်ဖက်တပ်များ သတ်မှတ်နယ်‌မြေမှအပ ကျူး ‌ကျော်သွားလာခွင့်မပြုရန်၊ အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း မြန်မာစစ်တပ်များ သတ်မှတ်ထားသည့် နယ်‌မြေအတွင်းမှ အားလုံး ဆုတ်ခွာ‌ပေးရန်၊ ဆက်သွယ်‌ရေးရုံးများဖွင့်လှစ်ရန်၊ ALP တပ်ဖွဲ့ဝင်များ လက်နက်မပါဘဲ မြန်မာတပြည်လုံးသို့ လွတ်လပ်စွာ ခရီးသွားလာ ခွင့်ပြုရန်၊ တပြည်လုံးအတိုင်းအတာ‌ဆောင်သည့် အပစ်အခတ်ရပ်စဲ‌ကြောင်း ထုတ်ပြန်‌ကြေညာရန် စသည့်အချက် ၆ချက် ပါရှိသည်။

‌တောင်းဆိုချက်များကို မြန်မာအစိုးရဘက်မှ သ‌ဘောတူညီနိုင်ပါက ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထု အဓိကလိုအပ်‌နေသည့် ပညာ ‌ရေး၊ လူမှု‌ရေး၊ ကျန်းမာ‌ရေးကိစ္စများကို အစိုးရနှင့်‌ဆွေး‌နွေးပြီး လုပ်‌ဆောင်သွားရန်ရှိသည်ဟုလည်း ဦးခိုင်စိုးနိုင်‌အောင်က ‌ပြောသည်။

မြန်မာအစိုးရ၏ အစီအစဉ်များဖြင့် နယ်စပ်‌ဒေသ ၃ခုမှလာ‌ရောက်ကြမည့် ALP မှ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲကိုယ်စားလှယ်များသည် စစ်‌တွေ မြို့သို့ လာမည့် ဧပြီလ ၂ရက်‌နေ့တွင် ‌ရောက်ရှိကြမည်ဖြစ်ပြီး ‌ဆွေး‌နွေးပွဲအပြီးတွင် စစ်‌တွေမြို့မှတဆင့် ရန်ကုန်မြို့သို့သွား‌ရောက်ပြီး နိုင်ငံ‌ရေးပါတီများ၊ တိုင်းရင်သားအဖွဲ့များနှင့်လည်း ‌တွေ့ဆုံကြမည်ဖြစ်သည်။

၁၉၆၇ခုနှစ်၊ ဧပြီလ ၉ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ALP သည် မြန်မာ၊ ထိုင်းနှင့် အိနိ္ဒယနယ်စပ်များတွင် စစ်‌ရေးလှုပ်ရှားလျှက်ရှိကာ လက်ရှိအချိန်တွင် တပ်အင်အား ၃၀၀‌ကျော်ရှိသည်ဟု သိရသည်။