Home သတင်း ‌တေးဂီတ‌ဖျော်‌ဖြေပွဲဖြင့် မန်း‌ဂျော်နီ မဲဆွယ်စည်းရုံး

‌တေးဂီတ‌ဖျော်‌ဖြေပွဲဖြင့် မန်း‌ဂျော်နီ မဲဆွယ်စည်းရုံး

1675
မတ်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

‌မြောင်းမြမြို့မဲဆန္ဒနယ်တွင် ကြားဖြတ် ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ် ‌လောင်း မန်း‌ဂျော်နီက ‌တေးဂီတ‌ဖျော်‌ဖြေပွဲဖြင့် ယင်းမဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံး‌ရေးဆင်းခဲ့သည်။

‌တေးဂီတ‌ဖျော်‌ဖြေပွဲဖြစ်‌မြောက်‌ရေးအတွက် ‌မြောင်းမြမြို့နယ် NLD တိုင်းမဲ‌အောင်နိုင်‌ရေးတာဝန်ခံ မန်းမျိုးချစ် ဦးစီပြီး NLD အဖွဲ့ဝင်များက ကမကထပြုကာ စခန်းကြီး‌ကျေးရွာ‌ဘောလုံးကွင်းတွင် ယခုလ (၂၄)ရက်‌နေ့ က ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထို‌နေ့ည ၉နာရီခွဲမှ ၁၂နာရီအထိ ကျင်းပခဲ့သည့် အဆိုပါဂီတပွဲသို့ နီးစပ်ရာ‌ကျေးရွာများဖြစ်သည့် တံခွန်တိုင်၊ တစ်ပင်‌ချောင်း၊ ငုအိုင် အစ ရှိသည့်‌ဒေသများက ပရိဿတ် ခုနှစ်‌ထောင်နီးပါး တက်‌ရောက်ခဲ့ကြသည် ဟု ပွဲစီစဉ်သူ မန်းရဲမင်း‌ထွေးက ‌ပြောသည်။

“‌ဒေါ်စုပုံရိုက်ထားတဲ့ အကျီင်္‌တွေ၊ ခွပ်‌ဒေါင်းပုံနဲ့ အမှန်ခြစ်ထားတဲ့ အကင်္ျီ‌တွေကို ဝတ်ပြီးလာကြတယ်။”ဟု ၎င်းက ‌ပြောသည်။

‌တေးဂီတ‌ဖျော်‌ဖြေ‌ရေး မစတင်မီ NLD ၏ ‌မြောင်းမြမြို့နယ် ကိုယ်စားလှယ်‌လောင်း မန်း‌ဂျော်နီနှင့် မဲ‌အောင်နိုင်‌ရေးတာဝန်ခံ ဦးမြင့်လွင်၊ လပွတ္တာမြို့နယ် မဲ‌အောင်နိုင်‌ရေးတာဝန်ခံ ‌ဒေါ်ခင်ဝိုင်းနှင့် မန်းမင်းရဲ‌ထွေးတို့က မဲဆွယ်‌ဟော‌ပြောခဲ့ကြသည်။

ထို့‌နောက် မယ်လိုဒီ‌ဝေါလ်တွင် ပထမဆုရရှိခဲ့သူ လီရို၊ ဆူးငှက်၊ ခင်ဝါးမိုး စသည့် တိုင်းရင်းသားအဆို‌တော်များနှင့် က‌လေးအဆို‌တော် အယ်နီရှိုင်းတို့က ‌တေးသီချင်းများဖြင့် သီဆိုခဲ့ကြပြီး တ‌ယောတီး၍ ‌ဖျော်‌ဖြေခဲ့သည်။

‌မြောင်းမြမြို့နယ် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်သည် ၂၀၁၀‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရရှိခဲ့‌သော လက်ရှိ အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာ‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ လစ်လပ် မဲဆန္ဒနယ် ဖြစ်သည်။

ထိုမဲဆန္ဒနယ်တွင် ပြည်‌ထောင်စုဝန်ကြီးဦးတင့်ဆန်း၏သားဖြစ်သူ ACE ကုမ္ပဏီအကြီးအကဲ၊ ‌နေပြည်‌တော် ယူနိုက်တက်‌ဘောလုံးအသင်း ပိုင်ရှင်တစ်ဦးဖြစ်သူ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီမှ ‌ဒေါက်တာဖြိုးကိုကိုတင့်ဆန်း အပါအဝင် NLD မှ မန်း‌ဂျော်နီနှင့် အမျိုးသား ဒီမိုက‌ရေစီအင်အားစုပါတီက ဦး‌အောင်မျိုးလှိုင်တို့ ဝင်‌ရောက်ယှဉ်ပြိုင်ကြမည်။

‌မြောင်းမြမဲဆန္ဒနယ်တွင် မဲရုံ‌ပေါင်း (၂၇၇)ရုံရှိပြီး မဲ‌ပေးနိုင်သူဦး‌ရေ တစ်သိန်းရှစ်‌သောင်း‌ကျော်ရှိသည့်အနက် ထက်ဝက်ခန့်မှာ ကရင်လူမျိုး များ ဖြစ်သည်။

မန်း‌ဂျော်နီသည် ၁၉၉ဝပြည့်နှစ်၊ ပါတီစုံဒီမိုက‌ရေစီ‌ရွေး‌ကောက်ပွဲတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက် ယှဉ်ပြိုင်ရာ ကျုံ‌ပျော်မြို့နယ်၊ အမှတ်(၁) ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်မှ ‌ရွေး‌ကောက်ခံခဲ့ရသူ ဖြစ်သည်။