Home သတင်း ထာဝရငြိမ်းချမ်း‌ရေးဖြစ်ရန် ကရင်နိုင်ငံ‌ရေးသမားများ ‌ဆွေး‌နွေးခဲ့

ထာဝရငြိမ်းချမ်း‌ရေးဖြစ်ရန် ကရင်နိုင်ငံ‌ရေးသမားများ ‌ဆွေး‌နွေးခဲ့

1863
မတ်လ ၂၇ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အစိုးရတို့ ‌ဖော်‌ဆောင်သည့် ငြိမ်းချမ်း‌ရေးကို ထာဝရ ငြိမ်းချမ်း‌ရေး ဖြစ်လာ‌စေရန် မတ်လ ၂၄ ရက်‌နေ့က မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့၊ Roman Catholic-RC ဘုရား‌ကျောင်းတွင် ကရင်ပါတီ ၄ပါတီနှင့် NLD, USDP မှ ကရင်အမျိုး သားများက ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲတွင် KNU နှင့် အစိုးရ ပြုလုပ်‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ကရင်နိုင်ငံ‌ရေးပါတီများ ပူး‌ပေါင်းပါဝင်နိုင်‌ရေးနှင့် နိုင်ငံ‌တော် အစိုးရ၏ ခွင့်ပြုချက်ဖြင့် KNU နှင့် တရားဝင် ‌တွေ့ဆုံနိုင်ရန်တို့ကို ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

ပါဝင်‌ဆွေး‌နွေးခဲ့သူ ကရင်ပြည်သူ့ပါတီ-KPP ဒုဥက္ကဌ ‌စော‌စေးဝါးညွန့်က “KNU သည် ငြိမ်းချမ်း‌ရေး လာ‌ဆွေး‌နွေးတဲ့အခါမှာ ဒို့‌တွေနဲ့ ‌တွေ့ ချင်ရင် အဆင်‌ပြေမ‌ပြေကို ‌ဆွေး‌နွေးကြတာပါ။ တကယ်လို့ KNU ဘက်က ‌တွေ့ချင်ရင် ဒို့‌တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်။ အရင်ဆုံး KNU က အစိုးရထံ ‌တောင်းခံရမှာ‌ပေါ့‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ KNU ‌ဖော်‌ဆောင်‌သော ငြိမ်းချမ်း‌ရေးသည် နိုင်ငံ‌တော်နှင့် ကရင်တစ်မျိုးသားလုံး တိုးတက်‌ရေးအတွက် လုပ်‌ဆောင်‌သော‌ကြောင့် ၎င်းတို့အ‌နေဖြင့် အား‌ပေး‌ထောက်ခံသည်ဟု ‌စော‌စေးဝါးညွှန့်က ဖြည့်စွက် ‌ပြောဆိုသည်။

‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်သူ့ပါတီ-KPP ဒုဥက္ကဌ ‌ဒေါက်တာစိုင်မွန်သာ၊ ဒုဥက္ကဌ ‌စော‌စေးဝါးညွှန့်နှင့် ဗဟို‌ကော်မတီအချို့၊ ကရင်ဒီမိုကရက် တစ်ပါတီ-KDP ဥက္ကဌ ‌စောသန်း‌ကျော်ဦးနှင့် ဗဟို‌ကော်မတီဝင်အချို့၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဒီမိုက‌ရေစီပါတီ-KSDDP အတွင်း‌ရေးမှူး ‌စောမြသန်းနှင့် ဗဟို‌ကော်မတီဝင်အချို့၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP ပါတီမှ ဒုဥက္ကဌ ‌စောမြထွန်း၊ အတွင်း‌ရေးမှူး စဘီကျင်ဦးနှင့် ဗဟို‌ကော်မတီဝင်အချို့ ပါဝင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် NLD ဗဟို‌ကော်မတီဝင် ‌စောတင်ဝင်း၊ ကရင်ပြည်နယ် တာဝန်ခံ နန်းခင်‌ထွေးမြင့်၊ USDP ပါတီဝင် ‌စောမာဗယ်လ် (အငြိမ်းစား ဗိုလ်မှူးကြီး)၊ ကရင့်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့(‌ဟောင်သ‌ရောအထူး‌ဒေသ) KPF မှ ‌စောမျိုးသိန်း အပါအဝင် ကရင်အမျိုးသား စုစု‌ပေါင်း ၃ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

KNU ၏ ငြိမ်းချမ်း‌ရေး ခရီးစဉ်အတွင်း ကရင်နိုင်ငံ‌ရေးပါတီများမှ ‌တွေ့ဆုံရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ KNU ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက ‌ဘောက “သူတို့နဲ့ ‌တွေ့ချင်တယ်။ ဒါ‌ပေမယ့်လို့ သွားဖို့လာဖို့က ဟိုဘက်(အစိုးရ)နဲ့ ညှိရတယ်‌လေ။ ညှိပြီး‌တော့ KPC နဲ့ ‌တွေ့ဖို့လည်း ဆုံး ဖြတ်ထားတယ်။ ဘယ်ကရင်အဖွဲ့မဆို ‌တွေ့မယ်။ ဒါ ကရင်ပြည်နယ်တစ်ခုတည်းအတွက် မဟုတ်ဘူး‌လေ။ ကရင်တစ်မျိုးသားလုံးအတွက် လုပ်‌နေတာ”ဟု ‌ပြောသည်။

၆၃နှစ်ကြာ မြန်မာအစိုးရ အဆက်ဆက်ကို ခုခံ‌တော်လှန်ခဲ့သည့် KNU အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်‌နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့နှင့် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးခဲ့သည်။

မတ်လ ၂၄ရက်‌နေ့က မီးရထားဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်တချို့သည် လွတ်‌မြောက်လာသူ KNU ‌ခေါင်း‌ဆောင် ပဒိုမန်းငြိမ်း‌မောင်ကို မိခင် အဖွဲ့အစည်းထံသို့ ပြန်လည်အပ်နှံရင်း ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးရန် အကြို‌ဆွေး‌နွေးခဲ့ ကြသည်။

ထို‌ဆွေး‌နွေးပွဲတွင် KNU အ‌နေဖြင့် ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲအတွက် လာမည့် မတ်လ ၄ရက်‌နေ့တွင် ထိုင်းနယ်စပ် မဲ‌ဆောက်မြို့မှ စတင် ထွက်ခွာပြီး ၁၁ရက်‌နေ့တွင် ပြန်လည်‌ရောက်ရှိမည်ဖြစ်သလို ခရီးစဉ်အတွင်း ပြည်တွင်း ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်အဖွဲ့အ စည်းများ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့်လည်း ‌တွေ့ဆုံနိုင်‌ရေးကို လျာထားသည်ဟု သိရသည်။