Home သတင်း ‌ကေအဲန်ယူနှင့်အစိုးရတို့ ပြည်နယ် အဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲပြီး

‌ကေအဲန်ယူနှင့်အစိုးရတို့ ပြည်နယ် အဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲပြီး

1754
ဧပြီလ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းထူးစံ(‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်ဆိုင်း‌ရေးအတွက် ယ‌နေ့ ဖားအံမြို့တွင် ပြည်နယ်အဆင့့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး နှစ်ဦးနှစ်ဖက် လိုက်နာ‌ဆောင်ရွက်ရမည့် ကျင့်ဝက် အချက်အလက်များကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

ထို‌ဆွေး‌နွေးပွဲတွင် နှစ်ဖက် ကိုယ်စားလှယ်များက အပစ်အခတ်ရပ်ဆိုင်း‌ရေးအတွက် နှစ်ဦးနှစ်ဖက် လိုက်နာ‌ဆောင်ရွက်ရမည့် ကျင့်ဝတ် (Code of Conduct)များ စနစ်တကျချမှတ်‌ရေး၊ အပစ်အခတ် ရပ် ဆိုင်း‌ရေး ‌စောင့်ကြည့်သည့်အဖွဲ့ထားရှိ‌ရေးနှင့် ဆက်ဆံ‌ရေးရုံးများကို လိုအပ်သည့်‌ဒေသများတွင် ဖွင့် လှစ်‌ရေး အပါအဝင်အပစ်အခတ်ရပ်ဆိုင်း‌ရေးဆိုင်ရာ အ‌သေးစိပ်အချက်အလက်များကို ‌ဆွေး‌နွေးခဲ့
ကြသည်ဟု ယ‌နေ့ ‌ကေအဲန်ယူက သတင်းထုတ်ပြန်သည်။

ယ‌နေ့ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲတွင် နှစ်ဦးနှစ်ဘက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ‌ဆွေး‌နွေးနိုင် တဲ့အ တွက် အားရ‌ကျေနပ်မှုရှိသည်ဟု ‌ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်‌မေ ဦးက ‌ကေ အိုင်စီသို့ ‌ပြောသည်။

သူမက “ကျမတို့ အားလုံးလိုချင်တဲ့ ငြိမ်းချမ်း‌ရေးကို ရဖို့အတွက် ကျမတို့ ‌ဆွေး‌နွေးတဲ့အခါမှာ အပြန်အ လှန် ပွင့်ပွင့်လင်းလင်း ရင်းရင်းနီးနီး ‌ဆွေး‌နွေးကြတာကို ကျမအားရ‌ကျေနပ်တယ်။ တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် နားလည်မှု၊ ‌လေးစားမှုကို အ‌ခြေခံပြီး ‌ဆွေး‌နွေးကြတာကို ‌ကျေနပ်တယ်။”ဟု ‌ပြောသည်။

ဘားအံမြို့၊ ဇွဲကပင်‌ဟော်တယ်တွင် ယ‌နေ့ ပြုလုပ်ခဲ့သည့် ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူဘက်မှ အ‌ထွေ ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်၊ စစ်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ‌စောထူးထူး‌လေး နှင့် KNLAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးတို့က ဦး‌ဆောင်‌ဆွေး‌နွေးခဲ့ပြီး မြန်မာအစိုးရဘက်မှ ရထားဝန်ကြီး ဦး‌အောင်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီး ဦးခင်ရီ၊ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တိုင်း မှူး ဗိုလ်ချုပ်တင်‌မောင်ဝင်းတို့က ဦး‌ဆောင်‌ဆွေး‌နွေးခဲ့သည်။

‌ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၅ရက်‌နေ့တွင် ကရင်လူမှုအဖွဲ့အစည်းများ၊ ဘာသာ‌ရေး၊ လူမှု‌ရေး၊ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များနှင့် ‌တွေ့ဆုံမည်ဖြစ်ပြီး ဧပြီလ (၆)ရက်‌နေ့တွင် အစိုးရနှင့် ပြည် ‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲကို ရန်ကုန်တွင် ကျင်းပသွားမည်ဟု သိရသည်။

ယခုသွားသည့် ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူဘက်၅မှ မြန်မာအစိုးရနှင့် ‌ကေအဲန်ယူအကြား အပစ်အခတ် ရပ်ဆိုင်း‌ရေး သ‌ဘောတူညီချက်ဆိုင်ရာ အ‌သေးစိတ်များကို လုပ်‌ဆောင်သွားရန်၊ တပြည်လုံး အတိုင်းအ တာ ‌ဆောင်သည့် အပစ်အခတ်ရပ်ဆိုင်း‌ရေး တဆင့်စီဖြစ်‌မြောက်‌အောင် ပြုလုပ်သွားရန်၊ ပြည်သူလူထုအ တွက် အာမခံချက်ရှိ‌သော လုံခြုံမှုရရှိရန်၊ ယုံကြည်မှု တည်‌ဆောက်ရန်နှင့် လူ့အခွင့်အ‌ရေးများကို ကာ ကွယ်‌စောင့် ‌ရှောက်ရန် စသည့်အချက်များကို အဓိကထား ‌ဆွေး‌နွေးသွားမည်ဟု ယ‌နေ့ထုတ်ပြန်လိုက် သည့် ‌ကြေညာ ချက်တွင် ‌ဖော်ပြထားသည်။