Home သတင်း အစိုးရနှင့် ‌ကေအဲန်ယူ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေးဒုတိယ အကြိမ် ‌ဆွေး‌နွေး

အစိုးရနှင့် ‌ကေအဲန်ယူ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေးဒုတိယ အကြိမ် ‌ဆွေး‌နွေး

1944
ဧပြီလ ၄ရက်၊ ၂၀၁၂။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

အပစ်အခတ် ရပ်စဲ‌ရေး ပိုမိုခိုင်မာရန်အတွက် ကရင် အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရ တိုြ့ပည်နယ်အဆင့် ဒုတိယအကြိမ် ယ‌နေ့မွန်းလွဲ
မြန်မာစံ‌တော်ချိန်၂နာရီတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတွင် ပါဝင်သူ KNU မှ ‌နော်‌မေဦးက “အပစ်အခတ်ရပ်စဲ‌ရေး ပဏာမသ‌ဘောတူညီချက်ကို အ‌ကောင်အထည်‌ဖော်နိုင်ဖို့ ကျမတို့ အ‌နေနဲ့ အ‌ကျေအလည်‌ဆွေး‌နွေးသွားတာပဲ ဖြစ်ပါတယ်။ ဒီ‌နေ့ ‌ဆွေး‌နွေးချက်‌တွေကိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ကျမတို့ ရန်ကုန်မှာ ပြည်‌ထောင်စုအဆင့်
ဆက်လက် ‌ဆွေး‌နွေးသွားမှာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ပြည်နယ်အဆင့် ဒုတိယအကြိမ် ‌ဆွေး‌နွေးပွဲတွင် အပစ်အခတ်ရပ်စဲ‌ရေးအတွက်နှစ်ဦးနှစ်ဖက် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များ၊ အပစ်အခတ်ရပ်စဲ‌ရေးကို
‌စောင့်ကြပ်ကြည့်ရှုမှုများ ထားရှိ‌ရေး၊ ဆက်ဆံ‌ရေးရုံးများကို ‌ဒေသအလိုက်သတ်မှတ်ထားရှိရန်တို့ ပါဝင်သည်။

ယ‌နေ့ မွန်းလွဲ ၂နာရီ‌ကျော်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ‌တွေ့ဆုံမှုတွင်‌ကေအဲန်ယူဘက်မှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်၊
ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA မှ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ပဒို‌စောအားတိုး၊ ပဒို‌စော‌ရွှေ‌မောင်း၊ ပဒို‌စောကွယ်ထူး ဝင်း၊ဗိုလ်မှူး‌ရောဂျာခင်၊ ဗိုလ်မှူးထူးထူး‌လေး၊ ဗိုလ်မှူးကြီးမိုးဖြူ၊ဗိုလ်မှူးချုပ်အဲကလူသိန်း၊ ‌နော်‌မေဦး၊ ‌နော်ဘလူးမင်းနိုက်ဇန်၊ ပဒို‌စော‌သောသီဘွဲ၊ ‌စောတာဒို့မူးနှင့် ‌စော‌အောင်ဝင်း‌ရွှေတို့ ပါဝင်ခဲ့ကြသည်။

ထို့အပြင် မြန်မာအစိုးရဘက်မှလည်း ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း၊လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီး ဦးခင်ရီ၊ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ပြည်နယ် နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင် လွင်၊ G-1 ဒုဗိုလ်မှူးကြီး‌ကျော်မြင့်၊ ပြည်နယ်ဥပ‌ဒေချုပ် ဦးသိန်းလွင်၊ ပြည်နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူး ဦး‌ဇော်လွင်ဦး၊ နယ်စပ်‌ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန ပြည်နယ်မှူးဦးသက်‌နောင်၊ထားဝယ်မင်းသမီးကုမ္ပဏီမှ ဦး‌ငွေစိုး၊ ဦးကိုကို‌မောင်၊ မစု၊ ဦးချစ်
ကိုကို(မြန်မာ့မီးရတထားလုပ်ငန်း အ‌ထွေ‌ထွေမန်‌နေဂျာ)၊ Egress မှဦးတင်‌မောင်သန်း၊ ‌ဒေါက်တာ‌ကျော်ရင်လှိုင်နှင့် ဦးလှ‌မောင်‌ရွှေတို့
ပါဝင်ခဲ့သည်။

KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်နှင့်ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA) စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီးမူ တူး‌စေးဖိုး ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် ဆက်လက် ‌ဆွေး‌နွေးရန် ၎င်းတို့၏ဒုတိယအကြိမ် ငြိမ်းချမ်း‌ရေးခရီးစဉ်ကို ဧပြီလ ၄ရက်‌နေ့ (ယ‌နေ့)မနက်၇နာရီခွဲ(မြန်မာစံ‌တော်ချိန်)တွင် မြဝတီမြို့မှ စတင် ထွက်ခွာခဲ့သည်။

ထို့‌နောက် ‌နေ့လည် ၁ဝနာရီခွဲ‌ကျော်တွင် KNUငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့အား ရထားဝန်ကြီး ဦး‌အောင်မင်း၊
လူဝင်မှုကြီးကြပ်‌ရေး ဝန်ကြီး ဦးခင်ရီ၊ မြန်မာစစ်တပ် တပ်မ(၂၂)တပ်မမှူးနှင့် ဗျူဟာမှူးတို့က ‌ကော့ကရိတ်မြို့ရှိ တပ်မ(၂၂) ဌာနချုပ်တွင်
ကြိုဆို၍ ‌နေ့လည်စာ ဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမည့် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့သည်‌ကော့ကရိတ်မြို့မှ ထွက်ခွာလာခဲ့ပြီး မွန်းလွဲ ၁နာရီတွင် ကရင်ပြည်နယ်၊
မြို့‌တော် ဘားအံမြို့သို့ ‌ရောက်ရှိကာ ပြည်နယ်အဆင့် ‌ဆွေး‌နွေးပွဲကို ဆက်လက်
ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

KNU ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၅ရက်‌နေ့မနက်တွင်ဘားအံမြို့ရှိ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ၊
ကရင်လူထုများနှင့် ‌တွေ့ဆုံကာ ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာမည်ဟုသိရသည်။