Home သတင်း ALP နှင့် အစိုးရတို့ ပြည်နယ်အဆင့် ပဏာမအပစ်ရပ်စဲလိုက်ပြီ

ALP နှင့် အစိုးရတို့ ပြည်နယ်အဆင့် ပဏာမအပစ်ရပ်စဲလိုက်ပြီ

1518
ဧပြီလ ၆ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ (ALP) နှင့် အစိုးရတို့ ယခုနှစ် ဧပြီလ ၆ ရက်‌နေ့မှ စတင်ပြီး နှစ်ဦးနှစ်ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ပြည်နယ်အဆင့် ပဏာမ သ‌ဘောတူညီမှုကို ယမန်‌နေ့က လက်မှတ်‌ရေးထိုး လိုက်ကြပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှ‌မောင်တင် ဦး‌ဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ALP ပါတီ၏ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်‌အောင် ဦး‌ဆောင်‌သော ကိုယ်စားလှယ်အဖွဲ့တို့သည် ရခိုင်ပြည်နယ် စစ်‌တွေမြို့တွင် ဧပြီလ ၄ရက်မှ ၅ ရက်‌နေ့အထိ ပြည်နယ်အဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုပြုလုပ်ခဲ့ရာ အချက် (၅) ချက်ဖြင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူညီခဲ့ ကြသည်။

“ပဏာမသ‌ဘောတူညီချက် မ‌ရေးထိုးခင်မှာ ကျ‌နော်တို့ဆီက ‌တောင်းဆိုဖို့ အချက် ၁၇ ချက်ကို တင်ပြလိုက်ပါတယ်။အဲ့ဒီ့အထဲက ၅ ချက်‌လောက်ကို သ‌ဘောတူညီမှုရပါတယ်” ဟု ALP ဒုဥက္ကဌ ခိုင်စိုးနိုင်‌အောင် က‌ပြောသည်။

ALPအဖွဲ့ဝင်များအား လက်နက်မပါ မြန်မာတပြည်လုံးလွတ်လပ်စွာခရီးသွားလာခွင့်ပြုရန်၊ ပြည်တွင်းရှိ နိုင်ငံ‌ရေးပါတီများ၊ လူမှု‌ရေးပါတီများအား လွတ်လပ်စွာ‌တွေ့ဆုံခွင့်ပြုရန်၊ ရခိုင်ပြည်ရှိ ‌ချောင်း‌မြောင်းများအားပြည်နယ်အစိုးရမှ ‌လေလံတင်‌ရောင်းချပြီး ‌ရေလုပ်ငန်း ကမ်းလှမ်းလုပ်ကိုင် ‌နေ သည်ကို ဖျက်သိမ်း‌ပေးရန်၊ ရခိုင်လယ်သမားများထံမှ သိမ်းယူထားသည့် လယ်‌မြေ၊ ဥယျာဉ်ခြံ‌မြေများပြန်လည်‌ပေးအပ်ရန်၊ ပြည်သူများ၏ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ဘာသာ‌ရေးအပြင် လူမှုနယ်ပယ်အသီးသီးတွင် လွတ်လပ်စွာပါဝင်ခွင့်ပြုရန်၊ တပြည်လုံးအတိုင်းအတာ အပစ်ရပ်စဲ‌ရေး ‌ကြေညာ‌ပေးရန် စသည့် အချက် ၁၇ ချက်ကို ‌တောင်းဆိုခဲ့ရာ သ‌ဘောတူညီချက် ၅ ချက်ရရှိခဲ့သည်ဟု ဦးခိုင်စိုးနိုင်‌အောင်က ‌ပြောသည်။

၎င်းက “တပ်မ‌တော်နဲ့ ရခိုင်လွတ်‌မြောက်‌ရေးပါတီတို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန်၊ ပလက်ဝနဲ့ ‌ကျောက်‌တော် မှာ ဆက် ဆံ ‌ရေးရုံးများဖွင့်လှစ်ထားရန်၊ နှစ်ဦးနှစ်ဘက်သ‌ဘောတူညီထားတဲ့‌နေရာများမှအပ နယ်‌မြေ‌ကျော်လွန်ရင် လွတ်လပ်စွာလက်နက်ကိုင်‌ဆောင် သွား လာမှုများကိုကြိုတင်ညှိနှိုင်း‌ဆောင်ရွက်ရန်၊ ရခိုင်ပြည်လွတ်‌မြောက်ပါတီဝင်များ လက်နက်ကိုင်‌ဆောင်ခြင်းမပြုပဲ လွတ်လပ်စွာခရီးသွားလာ ခွင့်ပြုရန်၊ ပြည်ထာင်အစိုးရနှင့် ALP ငြိမ်းချမ်း‌ရေးအဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်း ‌အေးချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး‌တွေ ‌ဖော်ဆာင် နိုင်‌ရေးအ တွက် ဆက်လက်တင်ပြ‌ဆွေး‌နွေးရန်တို့ သ‌ဘောတူညီခဲ့ ကြပါတယ်”ဟု ‌ပြောသည်။

ကျန်ရှိ‌နေ‌သေးသည့် အချက်များကို သက်ဆိုင်ရာအထက်သို့ တင်ပြ‌ပေးသွားမည်ဖြစ်ပြီး ထိုအချက်များကို ပြည်‌ထောင်စုအဆင့်တွင် ဆက်လက် ‌ဆွေး‌နွေးသွားမည်ဟုလည်း အစိုးရဘက်က တင်ပြ‌ဆွေး‌နွေးသွား‌ကြောင်း ဦးခိုင်စိုးနိုင်‌အောင်က ‌ပြောသည်။

ပြည်‌ထောင်စုအဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို မည်သည့် အချိန်တွင် ဆက်လက်လုပ်‌ဆောင် သွားမည်ကို ဗဟို‌ကော်မတီဝင်များနှင့် မ‌ဆွေး‌နွေးရ‌သေး ‌ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်‌နေ့ကလည်း ALP သည် ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ၎င်းတို့အ‌နေဖြင့်လာမည့် ဧပြီလ ပထမအပတ်တွင် ရခိုင်ပြည်နယ် စစ်‌တွေမြို့သို့ သွား‌ရောက်ကာ မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် ‌တွေ့ဆုံမည်ဖြစ်‌ကြောင်းကို ‌ပြောကြားခဲ့ ‌သေးသည်။

လက်နက်ကိုင်‌တော်လှန်‌ရေး သက်တမ်း ၄၅ နှစ်ရှိပြီ ဖြစ်‌သော ALP သည် ၁၉၆၇ ခုနှစ် ဧပြီလ ၉ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာ၊ ထိုင်းနှင့် အိန္ဒိယနယ်စပ်များတွင် စစ်‌ရေးလှုပ်ရှားလျှက်ရှိကာ လက်ရှိအချိန်တွင် တပ်အင်အား ၃၀ဝ ‌ကျော်ရှိသည်။