Home သတင်း မြန်မာ့ဒုက္ခသည်များအား နယ်စပ်ဖြတ်‌ကျော် ကူညီ‌ထောက်ပံ့မှုများ ဆက်လက်ထားရှိသင့်ဟု လူထုအ‌ခြေပြုအဖွဲ့များဆို

မြန်မာ့ဒုက္ခသည်များအား နယ်စပ်ဖြတ်‌ကျော် ကူညီ‌ထောက်ပံ့မှုများ ဆက်လက်ထားရှိသင့်ဟု လူထုအ‌ခြေပြုအဖွဲ့များဆို

1113
ဧပြီလ ၁ဝရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

အစိုးရနှင့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်း‌ရေး‌စေ့စပ်ညှိနှိုင်းမှုများရှိ‌သော်လည်း တိုက်ပွဲဖြစ်ပွား‌နေသည့် ‌နေရာများနှင့် နယ်စပ်‌ဒေ သရှိ ဒုက္ခသည်မျာအား နယ်စပ်-ဖြတ်‌ကျော် ကူညီ‌ထောက်ပံ့မှုများကို နိုင်ငံတကာမှ ဆက်လက် ‌ထောက်ပံ့‌ပေးသွားရန် လိုအပ် ‌နေ‌သေး‌ကြောင်း မြန်မာနိုင်ငံ လူထုအ‌ခြေပြုအဖွဲ့အစည်းများက ဆိုသည်။

မြန်မာနိုင်ငံရှိ လူထုအ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း (၃၆) ဖွဲ့သည် ယခုနှစ် ဧပြီလ ၆ရက်မှ ၇ ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတခု ပြုလုပ်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအ‌ပေါ် အကြံပြုတင်ပြထားသည့် အချက် ၁ဝ ချက်ပါ ထုတ်ပြန်‌ကြေညာ ချက် တစ်‌စောင် ယ‌နေ့ ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးကို တိုးမြှင့်လုပ်‌ဆောင်နိုင်ရန် နိုင်ငံတကာအလှူရှင်များသည် လူသားချင်းစာနာ‌ထောက်ထားမှုအကူအညီနှင့် ဖွံ့ဖြိုးတိုး တက်‌ရေးအကူအညီများ အ‌ရေးတကြီးတိုးမြှင့် ပြင်ဆင်လာသည်နှင့်အမျှ နယ်စွန်နယ်ဖျားတွင် လစ်လျူရှုခံရသူများနှင့် အားအင်ချိနဲ့သူများအတွက် ပံ့ပိုးကူညီ‌နေသည့် နယ်စပ်- ဖြတ်‌ကျော်အကူအညီ‌ထောက်ပံ့များ ကန့်သတ်‌လျှော့ချလာခြင်း(သို့မဟုတ်) ဖြတ်‌တောက်လာခြင်းအ‌ပေါ် များစွာ စိုးရိမ် ပူပန်မိ‌ကြောင်း ယ‌နေ့ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထိုလူထုအ‌ခြေပြု အဖွဲ့များအနက် ကချင်လူမှု ဖွံ့ဖြိုး‌ရေးကွန်ယတ်အဖွဲ့မှ မဆိုင်းမိုင်က “အစိုးရက တခြားတိုင်းရင်းသား‌တွေနဲ့ ငြိမ်းချမ်း‌ရေးလုပ် ‌ဆောင်‌နေတယ်။ ဒါ‌ပေမယ့် ကချင်ပြည်နယ်မှာကျ‌တော့ စစ်ပွဲ‌တွေ ဆက်လက်ဖြစ်‌နေဆဲပဲ။ ဒီလိုအ‌ခြေအ‌နေမှာ ပြည်တွင်းမှာ ‌ရှောင်ပုန်း‌နေရတဲ့ သူ‌တွေ၊ စစ်‌ပြေးဒုက္ခသည်အများအပြားရှိ‌နေ‌သေးတယ်။ ဒီလို‌နေရာ‌တွေမှာ အကူအညီ‌တွေကို ဆက်လက်ထားရှိသင့်တယ်လို့ ကျမတို့ဆို လိုချင်တာပါ” ဟု ‌ပြောသည်။

ကချင်ပြည်နယ်ရှိ စစ်‌ပြေးဒုက္ခသည်များသာမကပဲ ပဋိပက္ခဖြစ်ပွား‌နေသည့်‌နေရာများရှိ ဒုက္ခသည်များ၊ ကရင်ပြည်နယ်၊ အိန္ဒိယနယ်စပ်ရှိ ဒုက္ခသည် များအား နယ်စပ်-ဖြတ်‌ကျော် ကူညီ‌ထောက်ပံ့မှုများ ဆက်လက်ထားရှိသင့်သည် ဟု ၎င်း ကဆက်‌ပြောသည်။

လက်ရှိ စစ်တပ် ‌ကျော‌ထောက်‌နောက်ခံပြုသည့် ဦးသိန်းစိန်အစိုးရ၏ လက်ထဲတွင် လယ်ယာ‌မြေသိမ်းဆည်းမှု၊ အဓမ္မ‌ပြောင်း‌ရွှေ့မှုနှင့် ခိုင်း‌စေမှု၊ သွား လာ‌ရေးချုပ်ချယ်ကန့်သတ်မှု၊ မဒိန်းပြုကျင့်မှုနှင့် ခြိမ်း‌ခြောက်မှု စသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ တိုင်းရင်းသား နယ်‌မြေများအတွင်းတွင် ဆက်လက်ဖြစ်‌ပေါ်‌နေဆဲဖြစ်သည်ဟုလည်း လူထုအ‌ခြေပြုအဖွဲ့အစည်းများက ‌ထောက်ပြထားသည်။

ထို့အပြင် လူထုအ‌ခြေပြုအဖွဲ့အစည်းများက နိုင်ငံတကာ အလှူရှင်များအ‌နေဖြင့် တိုင်းရင်းသားပြည်သူများအား လူသားချင်းစာနာ‌ထောက် ထားမှုအ ကူအညီ‌ပေး ရာတွင် ထိခိုက်နစ်နာမှု မလုပ်မိ‌စေ ‌ရေးအတွက် ‌သေ‌သေချာချာလုပ်‌ဆောင်ရန်လိုအပ်သည့်အပြင် ထိုအကူအညီများကို တိုင်းရင်းသား များ အပစ်အခတ်ရပ်စဲ‌ရေးလုပ်ငန်းစဉ်အတွင်း အသုံးချ၊ ဖိအား‌ပေးခြင်းမပြုလုပ်ရန်နှင့် စစ်မှန်‌သော နိုင်ငံ‌ရေး‌ဖြေရှင်းချက်ကို အ‌ခြေခံသည့် ငြိမ်းချမ်း‌ရေး မတည်‌ဆောက်နိုင်‌သေးသ‌ရွေ့ စီးပွား‌ရေးပိတ်ဆို့မှုများ မရုပ်သိမ်းသင့်‌ကြောင်း အကြံပြုထားသည်။
ယင်းထုတ်ပြန်‌ကြေညာချက်တွင် ပါဝင်သည့် အကြံပြုချက်များကို အစိုးရနှင့် နိုင်ငံတကာမှ အလှူရှင်များအ‌နေဖြင့် အ‌လေးအနက်ထားပြီး အပြုသ‌ဘော ‌ဆောင်ရွက်‌ပေး‌စေလို‌ကြောင်း ထိုအဖွဲ့ဝင်များက ‌ပြောသည်။