Home သတင်း ဘုရားသုံးဆူ‌ဒေသတွင် မွန်ပြည်သစ်ပါတီတပ်မှ ကားတစ်စီးကို ပစ်ခတ်

ဘုရားသုံးဆူ‌ဒေသတွင် မွန်ပြည်သစ်ပါတီတပ်မှ ကားတစ်စီးကို ပစ်ခတ်

1613
ဧပြီလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲ တာဒိန်‌ကျေးရွာ အ‌ခြေစိုက် မွန်ပြည်သစ်ပါတီ-NMSP လက်‌အောက်ခံ တပ်ဖွဲ့ဝင်တစ်စုသည် တာဒိန်ရွာဂိတ်ကို ဖြတ်သန်းသွားသည့် ဆာ့ကား(ကားအ‌သေး) တစ်စီးကို ‌သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ကားထဲတွင် ကိုယ်တိုင်ပါခဲ့သူတစ် ဦးက ‌ပြောသည်။

ကား‌မောင်းသူ အပါအဝင် သံဃာ‌တော်နှစ်ပါးနှင့် အမျိုးသမီး သုံးဦး လိုက်ပါလာသည့် အဆိုပါကားမှာ ဧပြီလ ၁၈ရက်‌နေ့က ဘုရားသုံး ဆူမှ ထွက်ခွါ၍ မနက် ၆နာရီ၌ တာဒိန်‌ရောက်‌နေစဉ် NMSP မှ ဂိတ်‌စောင့်‌နေသူ နိုင်ငြိမ်းချမ်းက အမ်-၁၆ ‌သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်ဟု ကားတွင် ကိုယ်တိုင်ပါသွားခဲ့သူ သံဃားတစ်ပါးဖြစ်သည့် ဦးဝဏ္ဏသီရိ ဝါ‌တော် ၁၈ဝါက ‌ပြောသည်။

၎င်းက “ဦးပဉ်ဇင်းတို့ စီးလာတဲ့ ကားကို ဘာမှ‌ပြောဆိုတာ မရှိဘဲ ဒီလို သူတို့(NMSP)က ‌သေနတ်ပစ်တာ ကျိုး‌ကြောင်း ဆီ‌လျော်မှု မရှိဘူး။ သူတို့က ကားသမားကို ပစ်တယ်လို့ ‌ပြောတယ်။ ကားသမားလည်း ဘာမှ အပြစ်ရှိတာမှ မဟုတ်တာ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကား‌ပေါ်တွင် ဘုရားသုံးဆူ အမှတ်(၃) ရပ်ကွက်မှ ဓမ္မ‌ဟေဝန် ပရဟိတ‌ကျောင်းထိုင်ဆရာ‌တော် ဦးဉာ‌ဏောဘာသ (၃၂ဝါ)နှင့်အတူ ဆရာ‌တော်၏ ညီမ‌တော်နှင့် တူမ ‌တော်စပ်သူ ၂ဦးကို ဖားအံမြို့သို့ ပို့‌ဆောင်ရန် ပါလာခဲ့ပြီး ယခုလို တာဒိန်အ‌ရောက်တွင် အခင်းဖြစ်ပွားခဲ့ ခြင်းလည်း ဖြစ်သည်။

သို့‌သော် ပစ်ခတ်မှု‌ကြောင့် တစုံတရာ ထိခိုက်မှု မရှိ‌သော်လည်း ‌ဒေသတွင်း မတည်ငြိမ်မှုနှင့် မလိုလားအပ်သည့် ပဋိပက္ခများ တိုးပွားလာ နိုင်‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

အခင်းဖြစ်ပွားပြီး‌နောက် မွန်းလွဲပိုင်းတွင် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူ ၄ဦးသည် ဓမ္မ‌ဟေဝန် ပရဟိတ‌ကျောင်းတွင် ဆရာ‌တော်အား ၁နာရီခန့် လာ‌ရောက်‌လျှောက်တင် ‌တောင်းပန်ခဲ့သည်ဟု ဦးဝဏ္ဏသီရိက ‌ပြောသည်။

၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူအား ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း ဖုန်းမကိုင်ခဲ့ပါ။

တာဒိန်တွင် အ‌ခြေစိုက်‌နေသည့် မွန်ပြည်သစ်ပါတီ လက်‌အောက်ခံများသည် ကားဖြင့် ဖြတ်သန်းသွားလာ‌နေသည့် ခရီးသည်များကို ယခင်က စစ်‌ဆေး‌မေးမြန်းမှုများ ရှိခဲ့‌သော်လည်း ပစ်ခတ်သည်အထိ မရှိခဲ့ဖူး‌ကြောင်း သိရသည်။