Home သတင်း အပစ်အခတ် ရပ်စဲ‌ရေး‌ကြောင့် ‌ကျောက်ကြီးလူထု သွားလာမှု လွတ်လပ်လာ

အပစ်အခတ် ရပ်စဲ‌ရေး‌ကြောင့် ‌ကျောက်ကြီးလူထု သွားလာမှု လွတ်လပ်လာ

1837
ဧပြီလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရတို့ ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီခဲ့ပြီး‌နောက်ပိုင်းမှစ၍ ယ‌နေ့အထိ
၎င်းမြို့နယ်အတွင်းရှိ လူထုများမှာ စစ်‌ဆေး‌မေးမြန်းမှုများ မရှိ‌တော့ဘဲ လွတ်လပ်စွာ သွားလာသယ်ယူပို့‌ဆောင်နိုင်‌ကြောင်း သိရသည်။

“လူထု‌တွေက‌တော့ အခုဆို သွားလာတာလည်း အရင်လို လက်မှတ်‌ရေးစရာ မလို‌တော့ဘူး။ အစစ်အ‌ဆေးလည်း မရှိ‌တော့ဘူး”ဟု KNU ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ် ဥက္ကဌ ပဒို‌စောနဲထူးဗျိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောက်ကြီးမြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စုများမှ ‌ဒေသခံများသည် ယခင်က တ‌နေရာနှင့် တ‌နေရာ သွားလာရန်အတွက် လူတစ်ဦးလျှင် လက်မှတ်တစ်‌စောင်ကို ကျပ်‌ငွေ ၅၀၀‌ပေး၍ သွားလာခဲ့ရသလို မိမိတို့ ဝယ်ယူသယ်‌ဆောင်လာသည့် ကုန်ပစ္စည်းများလည်း စစ်‌ဆေး သိမ်းဆည်းခံရ‌ကြောင်း ပဒိုနဲထူးဗျိုင်းက ဆက်လက် ‌ပြောဆိုသည်။

သူက “အရင်ကဆို ဓာတ်ခဲ‌တွေ၊ ဓာတ်မီး‌တွေ ဝယ်လာရင် အသိမ်းခံရတယ်။ သ‌ဘောက ‌ဖောက်ခွဲ‌ရေးကိစ္စ‌တွေမှာ ဒီလိုပစ္စည်းမျိုး‌တွေ သုံးတယ်ဆိုပြီး အသိမ်းခံရတာ‌လေ။ အခု‌တော့ ဘာမှမလို‌တော့ဘူး။ သွားလာရ၊ သယ်‌ဆောင်ရ လွတ်လပ်သွားပြီ။”ဟု ဆိုသည်။

ဧပြီလ ၉ရက်‌နေ့က ‌ကျောက်ကြီးမြို့ရှိ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးရုံးကို KNU ဆက်ဆံ‌ရေးရုံးအဖြစ် ‌ပြောင်းလဲဖွင့်လှစ်ကာ သွားလာ‌ရေး အသုံးပြုနိုင် ရန် Grand Tiger ကားတစ်စီး ‌ပေးအပ်ခဲ့ပြီး‌နောက် လက်ရှိအချိန်ထိ KNU ဆက်ဆံ‌ရေးရုံးအဖြစ်သာ ထားရှိလျှက်ရှိ‌ကြောင်း ပဒိုနဲထူးဗျိုင်း က ရှင်းပြသည်။

လက်ရှိအချိန်တွင် ဆက်ဆံ‌ရေးရုံး၏ ယာယီတာဝန်ခံအဖြစ် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့-KNLA တပ်ရင်း(၉)မှ ဗိုလ်ကြီးအိုင်း ဇက်နှင့် တပ်ရင်း(၈)မှ ဒုခွဲမှူး ဗိုလ်ထိုဆာအား တာဝန်‌ပေးအပ်ထားသည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ ကရင်‌ဒေသခံတစ်ဦးက “လက်ရှိမှာ အပစ်အခတ် ရပ်စဲထား‌တော့ အဆင်‌ပြေတယ်။ ဒါ‌ပေမဲ့ အ‌တော်‌လေး‌တော့ သတိ ထားရအုံးမှာပဲ။ အခုလုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းက အ‌တော်အ‌ရေးကြီးတယ်။ မ‌တော်လို့ ပျက်စီးသွားရင် ကျ‌နော်တို့လူထု‌တွေပဲ ဒုက္ခ အခက်အခဲ အရင် ရင်ဆိုင်ရမှာ။ ဒါ‌ကြောင့်လည်း စိုးရိမ်‌နေရ‌သေးတယ်”ဟု ‌ပြောသည်။

‌ကျောက်ကြီးမြို့နယ်အတွင်း ‌နေထိုင်‌နေကြသည့် ‌ဒေသခံများအနက် ၇၅ရာခိုင်နှုန်းမှာ ကရင်လူမျိုးများဖြစ်ကြပြီး အများစုမှာ ကျဘမ်းအ လုပ်ဖြင့် အသက်‌မွေးဝမ်း‌ကျောင်း လုပ်ကိုင်လျှက်ရှိသည်။